ကွတ်ခိုင် နှင့် ရှမ်းမြောက်မှ မငြိမ်းသောမီး (အင်တာဗျူး)

 256

သုတကျော် (NP News)- မတ် ၂၃

(၁၀၂၇)စစ်ဆင်ရေးဟုခေါ်သောကာလအတွင်းက မဟာမိတ်ဖြစ်ခဲ့ကြသော TNLA နှင့် MNDAA တို့သည် ယခုအခါ နှစ်ဖက်တိုက်ခိုက်သောအခြေအနေရောက်နေပြီဖြစ်သည်။ ယင်းအခြေအနေတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၏ လာရာနှင့်လားရာအခြေအနေတို့အပေါ် ရှမ်းပြည်နယ်မြောက်ပိုင်းအရေး ကျွမ်းကျင်သူတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ကွတ်ခိုင်က ဘယ်လောက်အထိအရေးပါတဲ့ မြို့လို့ဆိုနိုင်လဲ။
ဖြေ - ကွတ်ခိုင်က ကျွန်တော်တို့က မန္တလေး၊ လားရှိုး၊ မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ အဓိကကျတဲ့ မြို့တစ်မြို့ဖြစ်တယ်။ နောက်ပြီး ရှမ်းမြောက်ဒေသမှာ လားရှိုးပြီးရင် ဒုတိယအချက်အခြာကျတဲ့မြို့တစ် မြို့ဖြစ်တယ်။ ကုန်သွယ်ရေး၊ စစ်ရေး နောက် စီးပွားရေးပေါ့။ သတ္တုတူးဖော်တဲ့ဟာတွေ။ နမ္မတူပဲ သွား သွား နမ့်ခမ်းပဲသွားသွား မူဆယ်ပဲသွားသွားပေါ့။ အခရာကျတဲ့ မြို့တစ်မြို့ပေါ့။ နောက်ပြီးတော့ တရား မဝင်စီးပွားရေးလုပ်ငန်း အားကောင်းတဲ့မြို့တစ်မြို့ဖြစ်လို့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေ တစ်နည်း အားဖြင့် အစိုးရပြောသလို မူးယစ်ဆေးဝါးကိစ္စတွေ၊ လက်နက်မှောင်ခိုကိစ္စတွေ အားကောင်းတဲ့မြို့ပေါ့ ကွတ်ခိုင်မြို့က။ တော်တော်လေးကို ဘယ်လိုပြောမလဲ။ အရေးပါတဲ့ မြို့တစ် မြို့ဖြစ်တယ်။ ဒီလိုအရေး ပါတဲ့မြို့ကို ဒီမြောက်ပိုင်း မဟာမိတ်အဖွဲ့ကလိုချင်ခဲ့တာကြာပြီပေါ့။ ဒီအပေါ်မှာ သူတို့တွေ တစ်နည်း နည်းနဲ့ပိုင်းခြားချင်တာပေါ့။ ပြီးခဲ့တဲ့ ဒီမတိုင်ခင် TNLA ၊ MNDA ၊ SSPP ပေါ့နော်။ သုံးဖွဲ့ ပူးတွဲပြီး တာဝန် ယူအုပ်ချုပ်ပေးတဲ့မြို့တစ်မြို့ပေါ့။
မေး - (၁၀၂၇)စစ်ဆင်ရေးမတိုင်မီက ကွတ်ခိုင်မြို့ အခြေအနေကို သိပါရစေ။
ဖြေ - (၁၀၂၇) မတိုင်ခင် နိုင်ငံတော်အာဏာထိန်းပြီးတဲ့ ကာလပိုင်းမှာ ကွတ်ခိုင်က စီးပွားကျတာခြင်းမျိုး ရှိခဲ့တဲ့ ဒေသမဟုတ်ပါဘူး။ အင်မတန်မှထင်ရှားတဲ့ တာမိုး ညဲလက်ဖက်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ချဉ် စော်ကားသီး။ အဓိကကလက်ဖက်ပေါ့။ ဒီဒေသရဲ့ စီးပွားရေး ပို့ကုန်သွင်းကုန်ဟာ ပုံမှန်လည်ပတ်လျက်ရှိ တယ်။ အဓိက တရုတ်ပို့တာပေါ့။ ပြည်တွင်းလည်းပို့တယ်။ အဲဒီတော့ မြို့က တိုင်းရင်းသားဒေသ ကချင် လူမျိုးအများဆုံးနေတဲ့ဒေသလည်းဖြစ်တဲ့အတွက် အေးချမ်းတယ်။ သိပ်ပြီး နိုင်ငံရေးရိုက်ခတ်မှုမရှိတဲ့ မြို့လေးပေါ့။ အင်မတန်ကိုမှ နေချင်စဖွယ်ရှိတဲ့မြို့လေးတစ်မြို့ပါ။ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ မျက်စိ ကျရာမြို့လေး တစ်မြို့ဖြစ်ပါတယ်။ ပုံမှန်အနေအထားမှာရှိပါတယ်။
မေး - လက်နက်ကိုင်တွေထိန်းချုပ်သွားပြီးတဲ့နောက် မြို့အခြေအနေက ဘယ်လိုဖြစ်သွားလဲ။
ဖြေ - ကွတ်ခိုင်မြို့ကို မြောက်ပိုင်းအဖွဲ့တွေ ထိန်းချုပ်လိုက်တဲ့အခါမှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမူရယ်လို့ မရှိခဲ့ပါဘူး။ ဆိုလိုချင်တာက (၁၀၂၇)ပထမပိုင်းမှာက PDF ပေါ့။ NUG ဒီအဖွဲ့ တွေကို ကျွန်တော်တို့က ကွတ်ခိုင်မြို့အဝင် လွိုင်ဆမ်ဆစ်ပေါ့။ ကျွန်တော်တို့ ရှမ်းလိုအခေါ်ပေါ့။ အဲဒီနားမှာ စခန်းတွေချပြီးတော့ သင်တန်းတွေပေးခဲ့ပါတယ်။ TNLA ကလည်း စစ်ရေးပြအခမ်းအနားတွေလုပ်ဆောင်ပြီးတော့ ကိုးကန့် ကလည်း သင်းတန်းဆင်းပွဲတွေလုပ်ခဲ့ပါတယ် ဒီဒေသမှာ။ အဲဒီတုန်းကအနေအထားမှာ ကွတ်ခိုင်မြို့မှာ တပ်မတော်နဲ့ ထိတွေ့ခဲ့ပုံအနေအထားမှာ သူတို့ချင်း ထိတွေ့မှုအနေအထားမှာ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှု မရှိဘူး။ ဘာကြောင့် ဒီလိုပြောလိုက်လဲဆို ကျွန်တော်တို့ကွတ်ခိုင်မှာ ကြီးမားတဲ့အဆောက်အုံလည်း မရှိသလို အဆောက်အအုံတွေက Random ပေါ့ ပြန့်ကျဲနေတာ။ အစဉ်တကျမရှိဘူး။ စုစုစည်းစည်း နဲ့မရှိတဲ့ဒေသဖြစ်တဲ့အတွက် လူနေကျဲပါးတယ်ပေါ့ဗျာ။ တခြားသောဒေသတွေထက် ကျောက်မဲတို့ သီပေါတို့ထက်စာရင် နည်းပါတယ်။
မေး - ကွတ်ခိုင်ကိုထိန်းချုပ်ဖို့ TNLA တစ်ဖွဲ့တည်း တိုက်ခဲ့တာလား။
ဖြေ - (၁၀၂၇) ပထမပိုင်း၊ ဒုတိယပိုင်း နှစ်ပိုင်းစလုံးမှာ သိန္နီကို MNDAA ပေါ့နော်။ ကိုးကန့်ကသိမ်းခဲ့ပါ တယ်။ ကွတ်ခိုင်ကိုသိမ်းတဲ့အခါမှာ ဒါကျွန်တော်တို့ မျက်မြင်တွေ့ရတာက TNLA ကနေ အဓိကသိမ်းခဲ့ တာကိုး။ သူတို့က အနောက်ဘက်ကနေတက်လာတာ။ TNLA ကသိမ်းခဲ့တယ်။ ဒါပေမဲ့ သူတို့ ပူးပေါင်း မဟာမိတ်ဖြစ်တဲ့အတွက် သုံးဖွဲ့စလုံးပါတာပေါ့။ AA တောင်ပါသေးတယ်။ AA စစ်သားတောင် တွေ့ လိုက်ရပါသေးတယ်။ အဓိကသိမ်းတာက TNLA သိမ်းခဲ့တဲ့အနေအထားမှာရှိပါတယ်။
မေး - မြို့ကို တကယ်အုပ်ချုပ်ခဲ့တာကော TNLA ပဲလား။
ဖြေ - TNLA ကသိမ်းပြီးတဲ့နောက်မှာ မြို့ကို စီမံအုပ်ချုပ်တဲ့အခါမှာ ကျွန်တော်တို့က အများစုပေါ့။ အဓိက ဈေးခွန်၊ မီတာ နောက်ပြီးတော့ သားသတ်လိုင် စင်တွေ။ နောက် အစိုးရပုံစံလိုက်ခိုးပြီးတော့ အုပ်ချုပ် တယ်။ နှုန်းထားတွေလည်း အဲဒီနှုန်းထားတွေအတိုင်း ကောက်တယ်။ တချို့သောဟာလေးတွေက ယွမ်နဲ့ ပေါ့။ ယွမ်နဲ့ဖြတ်လိုက်တဲ့အခါမျိုးတွေလည်းရှိတယ်။ ဒါက သူရဲ့အနေအထားတစ်ခုဖြစ်တယ်။ အဓိကက စောနကပြောသလို ပထဝီနိုင်ငံရေးအရ ဒီနေရာကို လိုချင်ကြတယ်။ ဒါက နံပါတ်တစ်ပေါ့နော်။ ကွတ်ခိုင် ကို TNLA သိမ်းထားခြင်းအပေါ်မှာ ကချင်ပြည်သူလူထု KIA တွေကလည်း ကြည်တဲ့အထဲမပါဘူး။ ဒီ နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ဖိအားကလည်း ကိုးကန့်အပေါ်မှာမူတည်လာပါတယ်။ ဒီအပေါ်မှာတော့ ကျွန်တော်တို့အမြင်ပြောရရင် အချက်နှစ်ချက်ပေါ့။ ဆွမ်းကြီးဝိုင်းလောင်းတယ်ဆိုတဲ့ အရပ်စကားပေါ့။ ပလောင်ကတော့ ဆွမ်းကြီးဝိုင်းလောင်းခံရတာ။ မကျေနပ်ချက်တွေကများနေပြီ။ ဒါကြောင့် အခု TNLA အချခံရတဲ့အချိန်မှာ KIA ရှိတယ်။ မကူဘူး။ SSPP ရှိတယ် မကူတော့ဘူး။ ဘာကြောင့်လဲ ကွတ်ခိုင်ကနေ TNLA က SSPP ကိုမောင်းထုတ်ခဲ့တာ။ ဒီလိုမျိုးပြုမူခဲ့တာ။ အဖြစ်တွေရှိခဲ့တဲ့အတွက် ဒါ အပေါ်မှာတော့ မကျေနပ်ချက်တွေကြောင့် ဖြစ်လာရ တယ်။
မေး - ညီနောင်မဟာမိတ်ကြားက အကွဲအပြဲလို့ အတိအလင်းပြောနိုင်မလား။
ဖြေ - ကွတ်ခိုင်ဖြစ်စဉ်က နဂိုကတည်းက မမှန်ဘူးဆိုတာ အက်ကွဲကြောင်းတစ်ခုဖြစ်သွားတယ်။ TNLA ကလည်း သူတို့စစ်နိုင်တုန်းက အင်အားကြီးသူသာ အနိုင်ရကြေး ငါတို့သိမ်းထားတယ်၊ ငါတို့ပိုင်တယ်ဆို တဲ့ကိစ္စကို ဗိုလ်ချုပ်တာဘုန်းကျော်ကပြောခဲ့တယ်။ ဒီပေါ်မှာ သူတို့အချင်းချင်းပဲ တေးခဲ့တဲ့အချက်တွေ လည်းရှိတယ်။ ဒါကြောင့် သူတို့ထုတ်ပြန်တဲ့ တရားဝင် အကောင့်တွေမှာလည်း အဲဒီလို ရေးသားထား တာတွေ့ရတယ်။ အောက်ခြေချင်းမပြေလည်မှုမဟုတ်ဘဲ ထိပ်ပိုင်းချင်း မပြေလည်မှု။ ဒီကနေပြီးတော့ သွေးကွဲကုန်ကြပြီး စီးပွားရေးလုပ်ကွက်ပျောက်ကုန်ကြတာဖြစ်ပါတယ်။
မေး - လက်ရှိ ရှမ်းမြောက်အခြေအနေကို ဘယ်လိုမြင်မိလဲ။
ဖြေ - တပ်ဘက်ကမတိုက်ဘဲ သူတို့ချင်းပြန်ပြီးတော့ တိုက်နိုင်တဲ့အခြေအနေမြင်မိတယ်။ ကျွန်တော်တို့ အချင်းအချင်းပြောရရင် လွန်ခဲ့တဲ့နှစ်လောက်ကတည်းက ကျွန်တော်တို့ကမြင်တယ်။ ဘာကြောင့်မြင် လဲဆိုတော့ ဒီလိုကွတ်ခိုင်ဖြစ်စဉ်အတွက် သူတို့က အများကြီးကြိုတင်ပြင်ဆင်ခဲ့တာ။ ကားတွေနဲ့ အင် အားတွေရွှေ့တယ်။ သီပေါကနေ အင်အားတွေရွှေ့ သွားတယ်။ နဂိုတပ်ဖွဲ့မှု(၁၈)ယောက်ထားရင် (၅) ယောက်လောက်ပဲချန်ခဲ့တယ်။ ကားတွေရွှေ့တယ်။ စခန်းတွေပြောင်းတယ်။ သိန္နီကို တက်တက်သွား တယ်။ ကိုးကန့်အနေနဲ့က ဒီကိစ္စကို ကြိုတင်ပြင်ဆင် ထားတဲ့အနေအထားရှိတယ်။ တစ်စုံတစ်ယောက် သောသူက မီးစိမ်းပြလိုက်လို့ အင်အားနဲ့မွေးမြူတယ်။ ပြီးတော့လုံးဝင်တယ်။ တိုက်ခိုက်တယ်လို့ပဲမြင်ပါ တယ်။
မေး - ရှမ်းမြောက်မှာ နယ်မြေထိန်းချုပ်မှုနဲ့ပတ်သက်လို့ ဘာပြောချင်လဲ။
ဖြေ - ကျွန်တော်တို့ ဒါ ယာယီသမ္မတပြောခဲ့သလို ကျွန်တော်တို့တိုင်းရင်းသားနိုင်ငံရေးသမား တစ် ယောက်အနေနဲ့မြင်ရမယ်ဆိုရင် ကျွန်တော်တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လက်ရှိအစိုးရက လုပ် ဆောင်နေတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပ ဒေအတိုင်းသွားမယ်ဆိုရင် ဆိုလိုချင်တာက နိုင်ငံတော် သည် သက်ဆိုင်ရာမြို့နယ်၊ ဒေသအသီးသီးမှာ အစိုးရအာဏာစက်သက်ရောက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ မကြာခင်မှာ ကျွန်တော်တို့ ဘာဖြစ်စဉ်နဲ့သွားကြည့်မလဲဆိုတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် (၉)လပိုင်း၊ (၁၀)လပိုင်း ဖောင်တင်တဲ့ ကာလလေးကို ပြန်ပြီးသုံးသပ်ရမှာဖြစ်ပါတယ်။ အဲဒီ တုန်းက ကျွန်တော်တို့ သီပေါ၊ ကျောက်မဲက ပြန်မရသေးပါဘူး။ နောင်ချိုလေးသာ ရထားတာရှိပါတယ်။ အဲဒီအချိန်မှာ အစိုးရအနေနဲ့ သီပေါ၊ ကျောက်မဲကိုပါ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ ကျွန်တော်တို့ တောင် အံ့ဩရတယ်။ ဖောင်တွေဘာတွေသွားတင်ကြ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြိုင်ကြမယ်။ ဟာ မြို့ကြီး ကမရသေးဘဲနဲ့ ပြန်ရတာ ဟုတ်ကော ဟုတ်ပါ့မလား ဆိုပြီး ရသွားပြန်ရော။ အဲဒီတော့ အစိုးရအနေနဲ့လည်း အခု သူတို့ထိန်းချုပ်ထားတဲ့မြို့တွေကို ပြန်လည်ပြီးတော့ရယူမယ့်အနေအထားမှာ ရှိပါတယ်။ တကယ်လည်း အခုဆိုရင် ရှမ်းမြောက်ဖြစ်တဲ့ မိုးမိတ်၊ မဘိန်း ပေါ့နော်။ ဒီဒေသတွေဆိုလည်း အခုစစ်ကြောင်းတွေ လည်းရောက်ပြီးတော့ မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေတာ။ မိုးမိတ်ဆိုရင် ဒီလထဲတောင် ရသွားဖို့များတယ်။ ဒီတစ်ပတ်ထဲတောင် ရသွားဖို့များတယ်။ တော်တော်များများ မြို့ဝင် ဆိုင်းဘုတ်တောင်ရောက်နေပြီဆိုတော့။ ပြန်ထိန်းချုပ်နိုင်မယ့်အနေအထား မှာရှိပါတယ်။ ဒီအတွက် လည်း အစိုးရအနေနဲ့လည်း ပြင်ဆင်ထားတယ်လို့ယူဆပါတယ်။ လူလုံးထွက်မပြပေမယ့်လည်း ပညာ သားပါပါနဲ့ ပြန်ထိန်းချုပ်တဲ့အနေအထားမျိုးရောက်သွားနိုင်ပါတယ်။
မေး - ခုနကလည်း ပါခဲ့ပါတယ်။ စစ်ဘုရင်ဝါဒပေါ့နော်။ စစ်ဘုရင်ဝါဒနဲ့ဖက်ဒရယ်စနစ်နဲ့ ဘာကွာခြား မှုရှိမလဲ။
ဖြေ- ဖက်ဒရယ်ဆိုတာက ကျွန်တော်တို့က တန်းတူ ညီမျှအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ အဲဒီလိုပြော လိုက်တဲ့အခါမှာ တန်းတူညီမျှအခွင့်အရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတာ ငါလုပ်ချင်တာငါလုပ်မယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဖက်ဒရယ်ဆိုတာ အာဏာခွဲဝေမှုကို တန်းတူညီမျှအုပ်ချုပ်တဲ့စနစ်ပေါ့။ ကျွန်တော်တို့ အမေရိကန်တို့၊ အိန္ဒိယတို့ ပုံစံမျိုးပေါ့။ ဒါကို နားလည်ဖို့လိုပါတယ်။ စစ်ဘုရင်ဝါဒကျတော့ အဲဒီလိုမဟုတ် ဘူး။ ငါ့လက်နက်ရှိတယ်၊ ငါ့အာဏာရှိတယ်။ ငါပြီးရင် ပြီးရမယ်ဆိုတဲ့ တစ်သွေးတစ်သံတစ်မိန့်ပုံစံနဲ့ အုပ် ချုပ်တဲ့စနစ်က စစ်ဘုရင်ဝါဒ။ ဒါကြောင့် ဖက်ဒရယ်နဲ့ စစ်ဘုရင်ဝါဒမှာ ကွာခြားမှုတွေက ဖက်ဒရယ်သည် အုပ်ချုပ်ရေးအာဏာခွဲဝေမှုကို တန်းတူညီမျှသွားပြီးတော့ စစ်ဘုရင်ဝါဒမှာ ငါသာလျှင် ဘုရင်၊ ငါသာ လျှင် တရားသူကြီး၊ ငါသာလျှင် ရှေ့နေ၊ ငါသာလျှင် အုပ်ချုပ်သောမင်းဖြစ်သည်ဆိုတဲ့ပုံစံနဲ့ သွားပါတယ်။
မေး - ဟုတ်ကဲ့။ ဆိုတော့ ဒီအခု နောက်ဆုံးမှာ ကျွန်တော်တို့မြင်ရတာဆိုလို့ရှိရင် ထားပါတော့ ရှမ်း မြောက်ဘက်ဆိုလို့ရှိရင် ကိုးကန့်ရှိမယ်။ TNLA တို့ရှိမယ် ပေါ့နော်။ သူတို့အုပ်ချုပ်တဲ့ ဒေသအတွင်းမှာ နေတဲ့ လူတွေကကော သူတို့ကိုအုပ်ချုပ်ထားတဲ့ လူတွေအပေါ် မှာ ဘယ်လိုအမြင်ရှိလဲ။
ဖြေ - မြန်မာစကားပုံလိုပေါ့။ မချစ်သော်လည်း အောင့်ကာနမ်း။ ဒီသဘောတရားပါပဲ။ မလွှဲသာလို့ နေရပ် ကိုမစွန့်ခွာနိုင်တော့လည်း ပတ်သက်နေရတဲ့အနေအထားတစ်ခုရှိပါတယ်။ ဒီသဘောပါပဲ။ဆိုလိုချင်တာ ကတော့ မကြိုက်ဘူး၊ သို့သော်လည်း မတတ်သာလို့နေရတာပေါ့။ အဲဒီလိုမျိုးကို မြင်ပါတယ်။
မေး - (၁၀၂၇)ဖြစ်စဉ်မတိုင်ခင်အခြေအနေနဲ့ အဲဒီဖြစ်စဉ်ပြီးနောက်မှာ ရှမ်းပြည်က ဘာတွေပြောင်းလဲ သွားပြီလို့ထင်လဲ။
ဖြေ- (၁၀၂၇)ဆိုတာက ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ ကျူးကျော်ရေးစစ်ပွဲတစ်ခု လိုပဲ မြင်ပါတယ်။ ကျူးကျော်ရေးစစ်ပွဲမှာမှ ဒါ မမြင်နိုင်တဲ့အင်အားစု လက်မည်းကြီးတွေရဲ့ နှောင့်ယှက် မှု၊ အကွက်ချစီစဉ်မှုပေါ့နော်။ တစ်နည်းအားဖြင့် ရှမ်းပြည်ကို တစ်စစီဆုတ်ဖြဲမယ့်အစီအစဉ်တစ်ခု ဖြစ် ပါတယ်။ (၁၀၂၇)မတိုင်ခင်မှာ ရှမ်းမြောက်ရဲ့အနေအထားက စီးပွားရေးပေါ်အခြေခံပြီးတော့ နိုင်ငံရဲ့ ဝင်ငွေအရ အဓိက ပို့ကုန်သွင်းကုန် ဒုတိယအကြီးဆုံးနေရာမှာ ရပ်တည်တယ်။ (၁၀၂၇)ပြီးသွားတဲ့နောက်မှာ ပြောရ မယ်ဆိုရင်တော့ ထင်းတုံးကိုပြာချလိုက်သလိုပဲ။ ပြာကို ထင်းပြန် ဖြစ်အောင်လုပ်မရတဲ့အနေအထား။ တည်ငြိမ်အေးချမ်းရေးဆိုလည်း တချို့ဒေသတွေမှာ လုံးဝကို ပြန်ပြီး အဖတ်ဆည်မရတဲ့အနေအထားမှာ။ လက်ရှိကျွန်တော့်ဒေသက ဒီလို ထိုနည်းလည်း ကောင်းပါပဲ။ နည်း ရဖို့၊ တည်ဆောက်ဖို့ရနိုင်မယ့်အပေါက်အလမ်းကိုမတွေ့ဘူး။ ဒီလိုမျိုးတွေ ဖြစ်နေရတဲ့ အနေအထားမျိုး ပါ။ ဒါကြောင့် ရွှေဘဝကနေ ကြေးဘဝကိုရောက်သွားတယ်လို့ပဲ ပြောမှာပေါ့။
မေး - ကိုယ်ပြည်နယ်ကမြို့တွေနဲ့ပတ်သက်လို့ ဘာ ပြောချင်လဲ။
ဖြေ - ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ရှမ်းဆိုတဲ့ဝေါဟာရထက် ကျွန်တော်တို့က ပြည် ထောင်စုဆိုတဲ့ဝေါဟာရကိုသုံးရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော်တို့ရှမ်းတွေက ဒီနေရာကတော့ ရှမ်းမို့လို့ မလာရဘူးဆိုပြီးတော့လည်းမတားခဲ့ပါဘူး။ အားလုံးကို ချစ်ချစ်ခင်ခင်၊ တန်းတူညီမျှအခွင့်အရေးတွေ ရှိခဲ့ တာပါ။ တော်တော်လည်းပဲ နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ် အမှားအယွင်းလေးတွေနဲ့ တချို့တချို့သော ဥပဒေ တွေကြောင့် ရှမ်းပြည်ပြိုကွဲရေးကိုဦးတည်ခဲ့တယ်။ ဒီအပေါ်မှာ ပြည်ထောင်စုကနေ တချို့တချို့သော အဖွဲ့အစည်းနဲ့ပုဂ္ဂိုလ်တွေက ခွဲထွက်မယ့်အနေအထားဟာ ကျွန်တော်တို့တွေ မလိုလားပါဘူး။ ဒါကြောင့် ဒီအပေါ်မှာတော့ ကျွန်တော်တို့တွေကတော့ ရှုတ်ချအပြစ်တင်မှုတွေရှိပါတယ်။ မကြိုက်တဲ့အနေ အထား မျိုးရှိပါတယ်။
မေး - ဆိုတော့ တစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းက ပြောတယ်ပေါ့ ပြည်ထောင်စုကနေ မခွဲထွက်ဘူး ပေါ့။ သူတို့ အခိုင်အမာပြောတဲ့အပေါ်မှာကော သူတို့ ပြည်ထောင်စုကမခွဲထွက်ဘူးလို့ပြောတဲ့နောက်မှာ ရော သူတို့က အဲဒီစကားအတိုင်း တည်တယ်လို့ထင်သ လား။
ဖြေ - ကျွန်တော်တို့ သာဓကရှိပါတယ်။ (၁၉၉၇၊ ၉၈) ကာလ။ ကိုးကန့် “ဝ” ငြိမ်းချမ်းရေးကာလစဖြစ်တဲ့ ကာလ၊ ကျွန်တော်ဆိုရင် တော်တော်ငယ်ပါသေးတယ် အဲဒီအချိန်က။ အဲတုန်းကလည်း မှတ်မှတ်ရရ ခေါင်းဆောင်ကြီးတစ်ယောက်ပြောခဲ့သလိုပေါ့။ ကျွန်တော်တို့က ဘယ်သောအခါမှ ဒီနိုင်ငံကနေ မခွဲပါ ဘူး၊ ကျွန်တော်တို့ကို လုပ်ပိုင်ခွင့်ပေးပါ။ ဒီကာလမှာ အဲဒီတုန်းကစကားအတိုင်း ကျွန်တော်တို့ လုပ်ပိုင် ခွင့်ပေးခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ဒီနေ့အချိန်မှာ အဲဒီဒေသဟာ ပြည်ထောင်စုကတော့ ခွဲမထွက်တော့ဘူး၊ ပြည်ထောင်စုရဲ့ အာဏာသက်ရောက်မှုက ကင်းမဲ့သွားပြီ၊ Leave Out ဖြစ်သွားပြီ။ ဘာထူးလဲ။ ပြည် ထောင်စု ကနေမခွဲထွက်တော့လည်းပဲ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့၊ နိုင်ငံတော်ရဲ့ အာဏာ မသက် ရောက်ခြင်းကပဲ ဘာမှမထူးဘူး။ ဆိုလိုချင်တာ နွားနို့ကတော့ နွားနို့ပဲ၊ ရေတအားရောထားတဲ့နွားနို့။ ဒါကြီး နွားနို့ပါလို့ပြော ရင် မင်းနွားနို့မသောက်ဘူးလားလို့မေးရင်၊ မင်းနွားနို့ သောက်လားဆိုသောက်ပါ တယ်။ ရေရောထားတဲ့ နွားနို့သောက်လို့ကောင်းလားလို့မေးရင် မကောင်းဘူး။ ဒါပေမဲ့ မင်း နွားနို့ပဲလေ သောက်လေဆိုပြီး ပုံစံမျိုးဖြစ်နေတယ်။ ခွဲတော့မခွဲထွက်ဘူး၊ သို့သော် အစိုးရအနေနဲ့ အာဏာမသက် ရောက်ဘူးဆိုရင် ဒါဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ထိခိုက်မှုတစ်ခုလို့ပဲမြင် ပါတယ်။ အဲဒီလိုဖြစ် စဉ်မျိုးတွေနောက်မှာ ဖြစ်လာနိုင် သေးတယ်လို့ မြင်ပါတယ်။
မေး - ဆိုတော့ နောက်တစ်ခုကကျတော့ ကျွန်တော် တို့ ဒီရှမ်းမြောက်မှာ PDF တွေပေါ့၊ အထူးသဖြင့် တော့ ဗမာလူငယ်ပဲဖြစ်ဖြစ်၊ တခြားဒေသက လူငယ်တွေပဲ ဖြစ်ဖြစ်၊ ကယားတောင်ပါသေးတယ်၊ ဝင် တိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီ ဝင်တိုက်ခဲ့တဲ့လူတွေအနေနဲ့ ဘာအကျိုးအမြတ်ရခဲ့တယ်လို့ အစ်ကိုထင် သလဲ။
ဖြေ - ဗိုလ်ချုပ် ဇော်မင်းထွန်းတို့လည်း ပြောဖူးပါတယ်။ ဘာပြောခဲ့လဲဆိုတော့ အဲဒီစကား ကျွန်တော် ထောက်ခံပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် EAO တွေက သူတို့ရဲ့ မူလရည်မှန်းချက်ရှိတယ်။ ကျွန် တော်တို့လို နိုင်ငံရေးအပြောင်းအလဲကြောင့် လက်နက်ကိုင်တဲ့ (၅)နှစ်တာလေးတွေမဟုတ်ဘူး။ ဆယ်စု နှစ်တစ်ခုမကရှိပြီ။ သူတို့ရဲ့ရည်မှန်းချက်အတွက် သူတို့က အသုံးချသွားမှာပဲ။ ဒီဖြစ်စဉ်က (၁၉၉၀၊ ၁၉၈၈) မှာ ဖြစ်ခဲ့ပြီးပြီ။ ဒါကို နားလည်ဖို့လိုတယ်။ တကယ်လည်း ဝင်တိုက်ခဲ့ရတယ်။ ဒီနေ့ဒီအ ချိန်မှာ သူတို့ဘာပြန်ရသွားလဲ။ ကျိန်းသေပေါ့ ဆိုးကျိုးပဲရသွားတယ်။ ခြေပြတ်လက်ပြတ် ဖြစ်ကုန်တယ်။ အသက်တွေဆုံးရှုံးကုန်တယ်။ နောက်ဆုံး ငါတို့ဒေသကို ဗမာတွေလာဖျက်ဆီးပါတယ်ဆိုတဲ့ လူမျိုးရေး ပြဿနာတောင်ဖြစ်ခဲ့တယ်။ ဒီအကျိုးကျေးဇူးပဲရခဲ့တာပါ။ ဒါကို ကျွန်တော်တို့တွေ သင်ခန်းစာယူ သင့် တာပေါ့ဗျာနော်။
မေး - ဆိုတော့ နောက်တစ်ခုကကျတော့ ကျွန်တော်တို့အမြင်အရဆိုရင် ရှမ်းမြောက်မှာ မဟာမိတ်အဖွဲ့ တွေကြား ယုံကြည်မှုပျက်ပြားသွားတယ်လို့ ပြောလို့ရ တဲ့အခြေအနေရှိတာပေါ့နော်။ အဲဒီရဲ့ ဘေးထွက် ဆိုးကျိုးက ပြည်သူတွေက ဘယ်လောက်အထိစိုးရိမ်နေကြလဲပေါ့။
ဖြေ - ကျွန်တော်တို့ မြန်မာစကားပုံလိုပေါ့ဗျာ၊ ကျွဲနှစ် ကောင်ခတ်ရင် မြေစာပင်ခံရတာ။ ကျွန်တော်တို့ ပြည်သူတွေက မြေစာပင်ပဲ။ ဘယ်အစိုးရတက်တက်၊ ဘယ်လက်နက်ကိုင်ပဲဖြစ်ဖြစ်၊ ဘယ်သူနဲ့ပဲမြဲမြဲ၊ ပြည်သူပဲခံရတာ။ အဲဒီတော့ သူတို့လက်နက်ကိုင်ချင်း ဒီလိုယုံကြည်မှုပျက်ပြားသွားတယ်။ ပဋိပက္ခတွေ ဖြစ်သွားပြီဆိုရင် ပြည်သူတွေရဲ့စိတ်ကိုလည်း ကချင်ဖြစ်လို့ ပလောင်က လာစော်ကားမလား၊ ပလောင်ကလည်း ငါပလောင်မို့လို့ ကချင်က လာစော်ကားမလား၊ အဲဒီလို စိုးရိမ်စိတ်တွေများကုန်တာ။ ဒီ အပေါ်မှာတော့ ဒါကတော့ ကျွန်တော်တို့ပြည်သူတွေ သတိဝီရိယနဲ့ နေထိုင်တတ်ဖို့ သိပ်အရေးကြီးပါ တယ်။
မေး - ဟုတ်ကဲ့၊ ဒါကတော့ နောက်ဆုံးမေးခွန်းပါ။ သူတို့တွေပြောပြောနေတဲ့ ကွန်ဖက်ဒရေးရှင်း (Con­federation) ဆိုတာ အစ်ကိုဘယ်လိုမြင်သလဲ။
ဖြေ - ဒါကတော့ ကျွန်တော်တို့က လုပ်ချင်တာလုပ်ပြီးမှ ငြိမ်ချမ်းရေးယူတယ်လို့ပဲ ယူချင်တယ်ဆိုတဲ့ သဘောတရားပဲမြင်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi version:

(၁၀၂၇)စစ္ဆင္ေရးဟုေခၚေသာကာလအတြင္းက မဟာမိတ္ျဖစ္ခဲ့ၾကေသာ TNLA ႏွင့္ MNDAA တို႔သည္ ယခုအခါ ႏွစ္ဖက္တိုက္ခိုက္ေသာအေျခအေနေရာက္ေနၿပီျဖစ္သည္။ ယင္းအေျခအေနတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၏ လာရာႏွင့္လားရာအေျခအေနတို႔အေပၚ ရွမ္းျပည္နယ္ေျမာက္ပိုင္းအေရး ကြၽမ္းက်င္သူတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ကြတ္ခိုင္က ဘယ္ေလာက္အထိအေရးပါတဲ့ ၿမိဳ႕လို႔ဆိုႏိုင္လဲ။
ေျဖ - ကြတ္ခိုင္က ကြၽန္ေတာ္တို႔က မႏၲေလး၊ လားရႈိး၊ မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးမွာ အဓိကက်တဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တယ္။ ေနာက္ၿပီး ရွမ္းေျမာက္ေဒသမွာ လားရႈိးၿပီးရင္ ဒုတိယအခ်က္အျခာက်တဲ့ၿမိဳ႕တစ္ ၿမိဳ႕ျဖစ္တယ္။ ကုန္သြယ္ေရး၊ စစ္ေရး ေနာက္ စီးပြားေရးေပါ့။ သတၱဳတူးေဖာ္တဲ့ဟာေတြ။ နမၼတူပဲ သြား သြား နမ့္ခမ္းပဲသြားသြား မူဆယ္ပဲသြားသြားေပါ့။ အခရာက်တဲ့ ၿမိဳ႕တစ္ၿမိဳ႕ေပါ့။ ေနာက္ၿပီးေတာ့ တရား မဝင္စီးပြားေရးလုပ္ငန္း အားေကာင္းတဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လို႔ တရားမဝင္စီးပြားေရးလုပ္ငန္းေတြ တစ္နည္း အားျဖင့္ အစိုးရေျပာသလို မူးယစ္ေဆးဝါးကိစၥေတြ၊ လက္နက္ေမွာင္ခိုကိစၥေတြ အားေကာင္းတဲ့ၿမိဳ႕ေပါ့ ကြတ္ခိုင္ၿမိဳ႕က။ ေတာ္ေတာ္ေလးကို ဘယ္လိုေျပာမလဲ။ အေရးပါတဲ့ ၿမိဳ႕တစ္ ၿမိဳ႕ျဖစ္တယ္။ ဒီလိုအေရး ပါတဲ့ၿမိဳ႕ကို ဒီေျမာက္ပိုင္း မဟာမိတ္အဖြဲ႕ကလိုခ်င္ခဲ့တာၾကာၿပီေပါ့။ ဒီအေပၚမွာ သူတို႔ေတြ တစ္နည္း နည္းနဲ႔ပိုင္းျခားခ်င္တာေပါ့။ ၿပီးခဲ့တဲ့ ဒီမတိုင္ခင္ TNLA ၊ MNDA ၊ SSPP ေပါ့ေနာ္။ သုံးဖြဲ႕ ပူးတြဲၿပီး တာဝန္ ယူအုပ္ခ်ဳပ္ေပးတဲ့ၿမိဳ႕တစ္ၿမိဳ႕ေပါ့။
ေမး - (၁၀၂၇)စစ္ဆင္ေရးမတိုင္မီက ကြတ္ခိုင္ၿမိဳ႕ အေျခအေနကို သိပါရေစ။
ေျဖ - (၁၀၂၇) မတိုင္ခင္ ႏိုင္ငံေတာ္အာဏာထိန္းၿပီးတဲ့ ကာလပိုင္းမွာ ကြတ္ခိုင္က စီးပြားက်တာျခင္းမ်ိဳး ရွိခဲ့တဲ့ ေဒသမဟုတ္ပါဘူး။ အင္မတန္မွထင္ရွားတဲ့ တာမိုး ညဲလက္ဖက္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ခ်ဥ္ ေစာ္ကားသီး။ အဓိကကလက္ဖက္ေပါ့။ ဒီေဒသရဲ႕ စီးပြားေရး ပို႔ကုန္သြင္းကုန္ဟာ ပုံမွန္လည္ပတ္လ်က္ရွိ တယ္။ အဓိက တ႐ုတ္ပို႔တာေပါ့။ ျပည္တြင္းလည္းပို႔တယ္။ အဲဒီေတာ့ ၿမိဳ႕က တိုင္းရင္းသားေဒသ ကခ်င္ လူမ်ိဳးအမ်ားဆုံးေနတဲ့ေဒသလည္းျဖစ္တဲ့အတြက္ ေအးခ်မ္းတယ္။ သိပ္ၿပီး ႏိုင္ငံေရး႐ိုက္ခတ္မႈမရွိတဲ့ ၿမိဳ႕ေလးေပါ့။ အင္မတန္ကိုမွ ေနခ်င္စဖြယ္ရွိတဲ့ၿမိဳ႕ေလးတစ္ၿမိဳ႕ပါ။ စီးပြားေရး လုပ္ငန္းရွင္ေတြရဲ႕ မ်က္စိ က်ရာၿမိဳ႕ေလး တစ္ၿမိဳ႕ျဖစ္ပါတယ္။ ပုံမွန္အေနအထားမွာရွိပါတယ္။
ေမး - လက္နက္ကိုင္ေတြထိန္းခ်ဳပ္သြားၿပီးတဲ့ေနာက္ ၿမိဳ႕အေျခအေနက ဘယ္လိုျဖစ္သြားလဲ။
ေျဖ - ကြတ္ခိုင္ၿမိဳ႕ကို ေျမာက္ပိုင္းအဖြဲ႕ေတြ ထိန္းခ်ဳပ္လိုက္တဲ့အခါမွာ ႀကီးမားတဲ့ ပ်က္စီးဆုံးရႈံးမူရယ္လို႔ မရွိခဲ့ပါဘူး။ ဆိုလိုခ်င္တာက (၁၀၂၇)ပထမပိုင္းမွာက PDF ေပါ့။ NUG ဒီအဖြဲ႕ ေတြကို ကြၽန္ေတာ္တို႔က ကြတ္ခိုင္ၿမိဳ႕အဝင္ လြိဳင္ဆမ္ဆစ္ေပါ့။ ကြၽန္ေတာ္တို႔ ရွမ္းလိုအေခၚေပါ့။ အဲဒီနားမွာ စခန္းေတြခ်ၿပီးေတာ့ သင္တန္းေတြေပးခဲ့ပါတယ္။ TNLA ကလည္း စစ္ေရးျပအခမ္းအနားေတြလုပ္ေဆာင္ၿပီးေတာ့ ကိုးကန႔္ ကလည္း သင္းတန္းဆင္းပြဲေတြလုပ္ခဲ့ပါတယ္ ဒီေဒသမွာ။ အဲဒီတုန္းကအေနအထားမွာ ကြတ္ခိုင္ၿမိဳ႕မွာ တပ္မေတာ္နဲ႔ ထိေတြ႕ခဲ့ပုံအေနအထားမွာ သူတို႔ခ်င္း ထိေတြ႕မႈအေနအထားမွာ ႀကီးမားတဲ့ပ်က္စီးဆုံးရႈံးမႈ မရွိဘူး။ ဘာေၾကာင့္ ဒီလိုေျပာလိုက္လဲဆို ကြၽန္ေတာ္တို႔ကြတ္ခိုင္မွာ ႀကီးမားတဲ့အေဆာက္အုံလည္း မရွိသလို အေဆာက္အအုံေတြက Random ေပါ့ ျပန႔္က်ဲေနတာ။ အစဥ္တက်မရွိဘူး။ စုစုစည္းစည္း နဲ႔မရွိတဲ့ေဒသျဖစ္တဲ့အတြက္ လူေနက်ဲပါးတယ္ေပါ့ဗ်ာ။ တျခားေသာေဒသေတြထက္ ေက်ာက္မဲတို႔ သီေပါတို႔ထက္စာရင္ နည္းပါတယ္။
ေမး - ကြတ္ခိုင္ကိုထိန္းခ်ဳပ္ဖို႔ TNLA တစ္ဖြဲ႕တည္း တိုက္ခဲ့တာလား။
ေျဖ - (၁၀၂၇) ပထမပိုင္း၊ ဒုတိယပိုင္း ႏွစ္ပိုင္းစလုံးမွာ သိႏၷီကို MNDAA ေပါ့ေနာ္။ ကိုးကန႔္ကသိမ္းခဲ့ပါ တယ္။ ကြတ္ခိုင္ကိုသိမ္းတဲ့အခါမွာ ဒါကြၽန္ေတာ္တို႔ မ်က္ျမင္ေတြ႕ရတာက TNLA ကေန အဓိကသိမ္းခဲ့ တာကိုး။ သူတို႔က အေနာက္ဘက္ကေနတက္လာတာ။ TNLA ကသိမ္းခဲ့တယ္။ ဒါေပမဲ့ သူတို႔ ပူးေပါင္း မဟာမိတ္ျဖစ္တဲ့အတြက္ သုံးဖြဲ႕စလုံးပါတာေပါ့။ AA ေတာင္ပါေသးတယ္။ AA စစ္သားေတာင္ ေတြ႕ လိုက္ရပါေသးတယ္။ အဓိကသိမ္းတာက TNLA သိမ္းခဲ့တဲ့အေနအထားမွာရွိပါတယ္။
ေမး - ၿမိဳ႕ကို တကယ္အုပ္ခ်ဳပ္ခဲ့တာေကာ TNLA ပဲလား။
ေျဖ - TNLA ကသိမ္းၿပီးတဲ့ေနာက္မွာ ၿမိဳ႕ကို စီမံအုပ္ခ်ဳပ္တဲ့အခါမွာ ကြၽန္ေတာ္တို႔က အမ်ားစုေပါ့။ အဓိက ေဈးခြန္၊ မီတာ ေနာက္ၿပီးေတာ့ သားသတ္လိုင္ စင္ေတြ။ ေနာက္ အစိုးရပုံစံလိုက္ခိုးၿပီးေတာ့ အုပ္ခ်ဳပ္ တယ္။ ႏႈန္းထားေတြလည္း အဲဒီႏႈန္းထားေတြအတိုင္း ေကာက္တယ္။ တခ်ိဳ႕ေသာဟာေလးေတြက ယြမ္နဲ႔ ေပါ့။ ယြမ္နဲ႔ျဖတ္လိုက္တဲ့အခါမ်ိဳးေတြလည္းရွိတယ္။ ဒါက သူရဲ႕အေနအထားတစ္ခုျဖစ္တယ္။ အဓိကက ေစာနကေျပာသလို ပထဝီႏိုင္ငံေရးအရ ဒီေနရာကို လိုခ်င္ၾကတယ္။ ဒါက နံပါတ္တစ္ေပါ့ေနာ္။ ကြတ္ခိုင္ ကို TNLA သိမ္းထားျခင္းအေပၚမွာ ကခ်င္ျပည္သူလူထု KIA ေတြကလည္း ၾကည္တဲ့အထဲမပါဘူး။ ဒီ ေနာက္ပိုင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕ဖိအားကလည္း ကိုးကန႔္အေပၚမွာမူတည္လာပါတယ္။ ဒီအေပၚမွာေတာ့ ကြၽန္ေတာ္တို႔အျမင္ေျပာရရင္ အခ်က္ႏွစ္ခ်က္ေပါ့။ ဆြမ္းႀကီးဝိုင္းေလာင္းတယ္ဆိုတဲ့ အရပ္စကားေပါ့။ ပေလာင္ကေတာ့ ဆြမ္းႀကီးဝိုင္းေလာင္းခံရတာ။ မေက်နပ္ခ်က္ေတြကမ်ားေနၿပီ။ ဒါေၾကာင့္ အခု TNLA အခ်ခံရတဲ့အခ်ိန္မွာ KIA ရွိတယ္။ မကူဘူး။ SSPP ရွိတယ္ မကူေတာ့ဘူး။ ဘာေၾကာင့္လဲ ကြတ္ခိုင္ကေန TNLA က SSPP ကိုေမာင္းထုတ္ခဲ့တာ။ ဒီလိုမ်ိဳးျပဳမူခဲ့တာ။ အျဖစ္ေတြရွိခဲ့တဲ့အတြက္ ဒါ အေပၚမွာေတာ့ မေက်နပ္ခ်က္ေတြေၾကာင့္ ျဖစ္လာရ တယ္။
ေမး - ညီေနာင္မဟာမိတ္ၾကားက အကြဲအၿပဲလို႔ အတိအလင္းေျပာႏိုင္မလား။
ေျဖ - ကြတ္ခိုင္ျဖစ္စဥ္က နဂိုကတည္းက မမွန္ဘူးဆိုတာ အက္ကြဲေၾကာင္းတစ္ခုျဖစ္သြားတယ္။ TNLA ကလည္း သူတို႔စစ္ႏိုင္တုန္းက အင္အားႀကီးသူသာ အႏိုင္ရေၾကး ငါတို႔သိမ္းထားတယ္၊ ငါတို႔ပိုင္တယ္ဆို တဲ့ကိစၥကို ဗိုလ္ခ်ဳပ္တာဘုန္းေက်ာ္ကေျပာခဲ့တယ္။ ဒီေပၚမွာ သူတို႔အခ်င္းခ်င္းပဲ ေတးခဲ့တဲ့အခ်က္ေတြ လည္းရွိတယ္။ ဒါေၾကာင့္ သူတို႔ထုတ္ျပန္တဲ့ တရားဝင္ အေကာင့္ေတြမွာလည္း အဲဒီလို ေရးသားထား တာေတြ႕ရတယ္။ ေအာက္ေျခခ်င္းမေျပလည္မႈမဟုတ္ဘဲ ထိပ္ပိုင္းခ်င္း မေျပလည္မႈ။ ဒီကေနၿပီးေတာ့ ေသြးကြဲကုန္ၾကၿပီး စီးပြားေရးလုပ္ကြက္ေပ်ာက္ကုန္ၾကတာျဖစ္ပါတယ္။
ေမး - လက္ရွိ ရွမ္းေျမာက္အေျခအေနကို ဘယ္လိုျမင္မိလဲ။
ေျဖ - တပ္ဘက္ကမတိုက္ဘဲ သူတို႔ခ်င္းျပန္ၿပီးေတာ့ တိုက္ႏိုင္တဲ့အေျခအေနျမင္မိတယ္။ ကြၽန္ေတာ္တို႔ အခ်င္းအခ်င္းေျပာရရင္ လြန္ခဲ့တဲ့ႏွစ္ေလာက္ကတည္းက ကြၽန္ေတာ္တို႔ကျမင္တယ္။ ဘာေၾကာင့္ျမင္ လဲဆိုေတာ့ ဒီလိုကြတ္ခိုင္ျဖစ္စဥ္အတြက္ သူတို႔က အမ်ားႀကီးႀကိဳတင္ျပင္ဆင္ခဲ့တာ။ ကားေတြနဲ႔ အင္ အားေတြေ႐ႊ႕တယ္။ သီေပါကေန အင္အားေတြေ႐ႊ႕ သြားတယ္။ နဂိုတပ္ဖြဲ႕မႈ(၁၈)ေယာက္ထားရင္ (၅) ေယာက္ေလာက္ပဲခ်န္ခဲ့တယ္။ ကားေတြေ႐ႊ႕တယ္။ စခန္းေတြေျပာင္းတယ္။ သိႏၷီကို တက္တက္သြား တယ္။ ကိုးကန႔္အေနနဲ႔က ဒီကိစၥကို ႀကိဳတင္ျပင္ဆင္ ထားတဲ့အေနအထားရွိတယ္။ တစ္စုံတစ္ေယာက္ ေသာသူက မီးစိမ္းျပလိုက္လို႔ အင္အားနဲ႔ေမြးျမဴတယ္။ ၿပီးေတာ့လုံးဝင္တယ္။ တိုက္ခိုက္တယ္လို႔ပဲျမင္ပါ တယ္။
ေမး - ရွမ္းေျမာက္မွာ နယ္ေျမထိန္းခ်ဳပ္မႈနဲ႔ပတ္သက္လို႔ ဘာေျပာခ်င္လဲ။
ေျဖ - ကြၽန္ေတာ္တို႔ ဒါ ယာယီသမၼတေျပာခဲ့သလို ကြၽန္ေတာ္တို႔တိုင္းရင္းသားႏိုင္ငံေရးသမား တစ္ ေယာက္အေနနဲ႔ျမင္ရမယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအတိုင္း လက္ရွိအစိုးရက လုပ္ ေဆာင္ေနတာျဖစ္ပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပ ေဒအတိုင္းသြားမယ္ဆိုရင္ ဆိုလိုခ်င္တာက ႏိုင္ငံေတာ္ သည္ သက္ဆိုင္ရာၿမိဳ႕နယ္၊ ေဒသအသီးသီးမွာ အစိုးရအာဏာစက္သက္ေရာက္ေအာင္ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ အဲဒီေတာ့ မၾကာခင္မွာ ကြၽန္ေတာ္တို႔ ဘာျဖစ္စဥ္နဲ႔သြားၾကည့္မလဲဆိုေတာ့ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္မယ့္ (၉)လပိုင္း၊ (၁၀)လပိုင္း ေဖာင္တင္တဲ့ ကာလေလးကို ျပန္ၿပီးသုံးသပ္ရမွာျဖစ္ပါတယ္။ အဲဒီ တုန္းက ကြၽန္ေတာ္တို႔ သီေပါ၊ ေက်ာက္မဲက ျပန္မရေသးပါဘူး။ ေနာင္ခ်ိဳေလးသာ ရထားတာရွိပါတယ္။ အဲဒီအခ်ိန္မွာ အစိုးရအေနနဲ႔ သီေပါ၊ ေက်ာက္မဲကိုပါ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ေတာင္ အံ့ဩရတယ္။ ေဖာင္ေတြဘာေတြသြားတင္ၾက၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ၿပိဳင္ၾကမယ္။ ဟာ ၿမိဳ႕ႀကီး ကမရေသးဘဲနဲ႔ ျပန္ရတာ ဟုတ္ေကာ ဟုတ္ပါ့မလား ဆိုၿပီး ရသြားျပန္ေရာ။ အဲဒီေတာ့ အစိုးရအေနနဲ႔လည္း အခု သူတို႔ထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕ေတြကို ျပန္လည္ၿပီးေတာ့ရယူမယ့္အေနအထားမွာ ရွိပါတယ္။ တကယ္လည္း အခုဆိုရင္ ရွမ္းေျမာက္ျဖစ္တဲ့ မိုးမိတ္၊ မဘိန္း ေပါ့ေနာ္။ ဒီေဒသေတြဆိုလည္း အခုစစ္ေၾကာင္းေတြ လည္းေရာက္ၿပီးေတာ့ ၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတာ။ မိုးမိတ္ဆိုရင္ ဒီလထဲေတာင္ ရသြားဖို႔မ်ားတယ္။ ဒီတစ္ပတ္ထဲေတာင္ ရသြားဖို႔မ်ားတယ္။ ေတာ္ေတာ္မ်ားမ်ား ၿမိဳ႕ဝင္ ဆိုင္းဘုတ္ေတာင္ေရာက္ေနၿပီဆိုေတာ့။ ျပန္ထိန္းခ်ဳပ္ႏိုင္မယ့္အေနအထား မွာရွိပါတယ္။ ဒီအတြက္ လည္း အစိုးရအေနနဲ႔လည္း ျပင္ဆင္ထားတယ္လို႔ယူဆပါတယ္။ လူလုံးထြက္မျပေပမယ့္လည္း ပညာ သားပါပါနဲ႔ ျပန္ထိန္းခ်ဳပ္တဲ့အေနအထားမ်ိဳးေရာက္သြားႏိုင္ပါတယ္။
ေမး - ခုနကလည္း ပါခဲ့ပါတယ္။ စစ္ဘုရင္ဝါဒေပါ့ေနာ္။ စစ္ဘုရင္ဝါဒနဲ႔ဖက္ဒရယ္စနစ္နဲ႔ ဘာကြာျခား မႈရွိမလဲ။
ေျဖ- ဖက္ဒရယ္ဆိုတာက ကြၽန္ေတာ္တို႔က တန္းတူ ညီမွ်အခြင့္အေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္။ အဲဒီလိုေျပာ လိုက္တဲ့အခါမွာ တန္းတူညီမွ်အခြင့္အေရး၊ ကိုယ္ပိုင္ ျပ႒ာန္းခြင့္ဆိုတာ ငါလုပ္ခ်င္တာငါလုပ္မယ္ဆိုတဲ့ ပုံစံမ်ိဳးမဟုတ္ဘဲ ဖက္ဒရယ္ဆိုတာ အာဏာခြဲေဝမႈကို တန္းတူညီမွ်အုပ္ခ်ဳပ္တဲ့စနစ္ေပါ့။ ကြၽန္ေတာ္တို႔ အေမရိကန္တို႔၊ အိႏၵိယတို႔ ပုံစံမ်ိဳးေပါ့။ ဒါကို နားလည္ဖို႔လိုပါတယ္။ စစ္ဘုရင္ဝါဒက်ေတာ့ အဲဒီလိုမဟုတ္ ဘူး။ ငါ့လက္နက္ရွိတယ္၊ ငါ့အာဏာရွိတယ္။ ငါၿပီးရင္ ၿပီးရမယ္ဆိုတဲ့ တစ္ေသြးတစ္သံတစ္မိန႔္ပုံစံနဲ႔ အုပ္ ခ်ဳပ္တဲ့စနစ္က စစ္ဘုရင္ဝါဒ။ ဒါေၾကာင့္ ဖက္ဒရယ္နဲ႔ စစ္ဘုရင္ဝါဒမွာ ကြာျခားမႈေတြက ဖက္ဒရယ္သည္ အုပ္ခ်ဳပ္ေရးအာဏာခြဲေဝမႈကို တန္းတူညီမွ်သြားၿပီးေတာ့ စစ္ဘုရင္ဝါဒမွာ ငါသာလွ်င္ ဘုရင္၊ ငါသာ လွ်င္ တရားသူႀကီး၊ ငါသာလွ်င္ ေရွ႕ေန၊ ငါသာလွ်င္ အုပ္ခ်ဳပ္ေသာမင္းျဖစ္သည္ဆိုတဲ့ပုံစံနဲ႔ သြားပါတယ္။
ေမး - ဟုတ္ကဲ့။ ဆိုေတာ့ ဒီအခု ေနာက္ဆုံးမွာ ကြၽန္ေတာ္တို႔ျမင္ရတာဆိုလို႔ရွိရင္ ထားပါေတာ့ ရွမ္း ေျမာက္ဘက္ဆိုလို႔ရွိရင္ ကိုးကန႔္ရွိမယ္။ TNLA တို႔ရွိမယ္ ေပါ့ေနာ္။ သူတို႔အုပ္ခ်ဳပ္တဲ့ ေဒသအတြင္းမွာ ေနတဲ့ လူေတြကေကာ သူတို႔ကိုအုပ္ခ်ဳပ္ထားတဲ့ လူေတြအေပၚ မွာ ဘယ္လိုအျမင္ရွိလဲ။
ေျဖ - ျမန္မာစကားပုံလိုေပါ့။ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္း။ ဒီသေဘာတရားပါပဲ။ မလႊဲသာလို႔ ေနရပ္ ကိုမစြန႔္ခြာႏိုင္ေတာ့လည္း ပတ္သက္ေနရတဲ့အေနအထားတစ္ခုရွိပါတယ္။ ဒီသေဘာပါပဲ။ဆိုလိုခ်င္တာ ကေတာ့ မႀကိဳက္ဘူး၊ သို႔ေသာ္လည္း မတတ္သာလို႔ေနရတာေပါ့။ အဲဒီလိုမ်ိဳးကို ျမင္ပါတယ္။
ေမး - (၁၀၂၇)ျဖစ္စဥ္မတိုင္ခင္အေျခအေနနဲ႔ အဲဒီျဖစ္စဥ္ၿပီးေနာက္မွာ ရွမ္းျပည္က ဘာေတြေျပာင္းလဲ သြားၿပီလို႔ထင္လဲ။
ေျဖ- (၁၀၂၇)ဆိုတာက ကြၽန္ေတာ္တို႔က ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒါဟာ က်ဴးေက်ာ္ေရးစစ္ပြဲတစ္ခု လိုပဲ ျမင္ပါတယ္။ က်ဴးေက်ာ္ေရးစစ္ပြဲမွာမွ ဒါ မျမင္ႏိုင္တဲ့အင္အားစု လက္မည္းႀကီးေတြရဲ႕ ေႏွာင့္ယွက္ မႈ၊ အကြက္ခ်စီစဥ္မႈေပါ့ေနာ္။ တစ္နည္းအားျဖင့္ ရွမ္းျပည္ကို တစ္စစီဆုတ္ၿဖဲမယ့္အစီအစဥ္တစ္ခု ျဖစ္ ပါတယ္။ (၁၀၂၇)မတိုင္ခင္မွာ ရွမ္းေျမာက္ရဲ႕အေနအထားက စီးပြားေရးေပၚအေျခခံၿပီးေတာ့ ႏိုင္ငံရဲ႕ ဝင္ေငြအရ အဓိက ပို႔ကုန္သြင္းကုန္ ဒုတိယအႀကီးဆုံးေနရာမွာ ရပ္တည္တယ္။ (၁၀၂၇)ၿပီးသြားတဲ့ေနာက္မွာ ေျပာရ မယ္ဆိုရင္ေတာ့ ထင္းတုံးကိုျပာခ်လိုက္သလိုပဲ။ ျပာကို ထင္းျပန္ ျဖစ္ေအာင္လုပ္မရတဲ့အေနအထား။ တည္ၿငိမ္ေအးခ်မ္းေရးဆိုလည္း တခ်ိဳ႕ေဒသေတြမွာ လုံးဝကို ျပန္ၿပီး အဖတ္ဆည္မရတဲ့အေနအထားမွာ။ လက္ရွိကြၽန္ေတာ့္ေဒသက ဒီလို ထိုနည္းလည္း ေကာင္းပါပဲ။ နည္း ရဖို႔၊ တည္ေဆာက္ဖို႔ရႏိုင္မယ့္အေပါက္အလမ္းကိုမေတြ႕ဘူး။ ဒီလိုမ်ိဳးေတြ ျဖစ္ေနရတဲ့ အေနအထားမ်ိဳး ပါ။ ဒါေၾကာင့္ ေ႐ႊဘဝကေန ေၾကးဘဝကိုေရာက္သြားတယ္လို႔ပဲ ေျပာမွာေပါ့။
ေမး - ကိုယ္ျပည္နယ္ကၿမိဳ႕ေတြနဲ႔ပတ္သက္လို႔ ဘာ ေျပာခ်င္လဲ။
ေျဖ - ကြၽန္ေတာ္ကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ရွမ္းဆိုတဲ့ေဝါဟာရထက္ ကြၽန္ေတာ္တို႔က ျပည္ ေထာင္စုဆိုတဲ့ေဝါဟာရကိုသုံးရင္ ပိုမွန္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ရွမ္းေတြက ဒီေနရာကေတာ့ ရွမ္းမို႔လို႔ မလာရဘူးဆိုၿပီးေတာ့လည္းမတားခဲ့ပါဘူး။ အားလုံးကို ခ်စ္ခ်စ္ခင္ခင္၊ တန္းတူညီမွ်အခြင့္အေရးေတြ ရွိခဲ့ တာပါ။ ေတာ္ေတာ္လည္းပဲ ႏိုင္ငံရဲ႕အုပ္ခ်ဳပ္ေရးစနစ္ အမွားအယြင္းေလးေတြနဲ႔ တခ်ိဳ႕တခ်ိဳ႕ေသာ ဥပေဒ ေတြေၾကာင့္ ရွမ္းျပည္ၿပိဳကြဲေရးကိုဦးတည္ခဲ့တယ္။ ဒီအေပၚမွာ ျပည္ေထာင္စုကေန တခ်ိဳ႕တခ်ိဳ႕ေသာ အဖြဲ႕အစည္းနဲ႔ပုဂၢိဳလ္ေတြက ခြဲထြက္မယ့္အေနအထားဟာ ကြၽန္ေတာ္တို႔ေတြ မလိုလားပါဘူး။ ဒါေၾကာင့္ ဒီအေပၚမွာေတာ့ ကြၽန္ေတာ္တို႔ေတြကေတာ့ ရႈတ္ခ်အျပစ္တင္မႈေတြရွိပါတယ္။ မႀကိဳက္တဲ့အေန အထား မ်ိဳးရွိပါတယ္။
ေမး - ဆိုေတာ့ တစ္ဖက္ လက္နက္ကိုင္အဖြဲ႕အစည္းက ေျပာတယ္ေပါ့ ျပည္ေထာင္စုကေန မခြဲထြက္ဘူး ေပါ့။ သူတို႔ အခိုင္အမာေျပာတဲ့အေပၚမွာေကာ သူတို႔ ျပည္ေထာင္စုကမခြဲထြက္ဘူးလို႔ေျပာတဲ့ေနာက္မွာ ေရာ သူတို႔က အဲဒီစကားအတိုင္း တည္တယ္လို႔ထင္သ လား။
ေျဖ - ကြၽန္ေတာ္တို႔ သာဓကရွိပါတယ္။ (၁၉၉၇၊ ၉၈) ကာလ။ ကိုးကန႔္ “ဝ” ၿငိမ္းခ်မ္းေရးကာလစျဖစ္တဲ့ ကာလ၊ ကြၽန္ေတာ္ဆိုရင္ ေတာ္ေတာ္ငယ္ပါေသးတယ္ အဲဒီအခ်ိန္က။ အဲတုန္းကလည္း မွတ္မွတ္ရရ ေခါင္းေဆာင္ႀကီးတစ္ေယာက္ေျပာခဲ့သလိုေပါ့။ ကြၽန္ေတာ္တို႔က ဘယ္ေသာအခါမွ ဒီႏိုင္ငံကေန မခြဲပါ ဘူး၊ ကြၽန္ေတာ္တို႔ကို လုပ္ပိုင္ခြင့္ေပးပါ။ ဒီကာလမွာ အဲဒီတုန္းကစကားအတိုင္း ကြၽန္ေတာ္တို႔ လုပ္ပိုင္ ခြင့္ေပးခဲ့ပါတယ္။ ဟုတ္ပါတယ္၊ ဒီေန႔အခ်ိန္မွာ အဲဒီေဒသဟာ ျပည္ေထာင္စုကေတာ့ ခြဲမထြက္ေတာ့ဘူး၊ ျပည္ေထာင္စုရဲ႕ အာဏာသက္ေရာက္မႈက ကင္းမဲ့သြားၿပီ၊ Leave Out ျဖစ္သြားၿပီ။ ဘာထူးလဲ။ ျပည္ ေထာင္စု ကေနမခြဲထြက္ေတာ့လည္းပဲ ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕၊ ႏိုင္ငံေတာ္ရဲ႕ အာဏာ မသက္ ေရာက္ျခင္းကပဲ ဘာမွမထူးဘူး။ ဆိုလိုခ်င္တာ ႏြားႏို႔ကေတာ့ ႏြားႏို႔ပဲ၊ ေရတအားေရာထားတဲ့ႏြားႏို႔။ ဒါႀကီး ႏြားႏို႔ပါလို႔ေျပာ ရင္ မင္းႏြားႏို႔မေသာက္ဘူးလားလို႔ေမးရင္၊ မင္းႏြားႏို႔ ေသာက္လားဆိုေသာက္ပါ တယ္။ ေရေရာထားတဲ့ ႏြားႏို႔ေသာက္လို႔ေကာင္းလားလို႔ေမးရင္ မေကာင္းဘူး။ ဒါေပမဲ့ မင္း ႏြားႏို႔ပဲေလ ေသာက္ေလဆိုၿပီး ပုံစံမ်ိဳးျဖစ္ေနတယ္။ ခြဲေတာ့မခြဲထြက္ဘူး၊ သို႔ေသာ္ အစိုးရအေနနဲ႔ အာဏာမသက္ ေရာက္ဘူးဆိုရင္ ဒါဟာ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာ ထိခိုက္မႈတစ္ခုလို႔ပဲျမင္ ပါတယ္။ အဲဒီလိုျဖစ္ စဥ္မ်ိဳးေတြေနာက္မွာ ျဖစ္လာႏိုင္ ေသးတယ္လို႔ ျမင္ပါတယ္။
ေမး - ဆိုေတာ့ ေနာက္တစ္ခုကက်ေတာ့ ကြၽန္ေတာ္ တို႔ ဒီရွမ္းေျမာက္မွာ PDF ေတြေပါ့၊ အထူးသျဖင့္ ေတာ့ ဗမာလူငယ္ပဲျဖစ္ျဖစ္၊ တျခားေဒသက လူငယ္ေတြပဲ ျဖစ္ျဖစ္၊ ကယားေတာင္ပါေသးတယ္၊ ဝင္ တိုက္ခဲ့ၾကတယ္။ ဒါေပမဲ့ အဲဒီ ဝင္တိုက္ခဲ့တဲ့လူေတြအေနနဲ႔ ဘာအက်ိဳးအျမတ္ရခဲ့တယ္လို႔ အစ္ကိုထင္ သလဲ။
ေျဖ - ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းတို႔လည္း ေျပာဖူးပါတယ္။ ဘာေျပာခဲ့လဲဆိုေတာ့ အဲဒီစကား ကြၽန္ေတာ္ ေထာက္ခံပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ EAO ေတြက သူတို႔ရဲ႕ မူလရည္မွန္းခ်က္ရွိတယ္။ ကြၽန္ ေတာ္တို႔လို ႏိုင္ငံေရးအေျပာင္းအလဲေၾကာင့္ လက္နက္ကိုင္တဲ့ (၅)ႏွစ္တာေလးေတြမဟုတ္ဘူး။ ဆယ္စု ႏွစ္တစ္ခုမကရွိၿပီ။ သူတို႔ရဲ႕ရည္မွန္းခ်က္အတြက္ သူတို႔က အသုံးခ်သြားမွာပဲ။ ဒီျဖစ္စဥ္က (၁၉၉၀၊ ၁၉၈၈) မွာ ျဖစ္ခဲ့ၿပီးၿပီ။ ဒါကို နားလည္ဖို႔လိုတယ္။ တကယ္လည္း ဝင္တိုက္ခဲ့ရတယ္။ ဒီေန႔ဒီအ ခ်ိန္မွာ သူတို႔ဘာျပန္ရသြားလဲ။ က်ိန္းေသေပါ့ ဆိုးက်ိဳးပဲရသြားတယ္။ ေျချပတ္လက္ျပတ္ ျဖစ္ကုန္တယ္။ အသက္ေတြဆုံးရႈံးကုန္တယ္။ ေနာက္ဆုံး ငါတို႔ေဒသကို ဗမာေတြလာဖ်က္ဆီးပါတယ္ဆိုတဲ့ လူမ်ိဳးေရး ျပႆနာေတာင္ျဖစ္ခဲ့တယ္။ ဒီအက်ိဳးေက်းဇူးပဲရခဲ့တာပါ။ ဒါကို ကြၽန္ေတာ္တို႔ေတြ သင္ခန္းစာယူ သင့္ တာေပါ့ဗ်ာေနာ္။
ေမး - ဆိုေတာ့ ေနာက္တစ္ခုကက်ေတာ့ ကြၽန္ေတာ္တို႔အျမင္အရဆိုရင္ ရွမ္းေျမာက္မွာ မဟာမိတ္အဖြဲ႕ ေတြၾကား ယုံၾကည္မႈပ်က္ျပားသြားတယ္လို႔ ေျပာလို႔ရ တဲ့အေျခအေနရွိတာေပါ့ေနာ္။ အဲဒီရဲ႕ ေဘးထြက္ ဆိုးက်ိဳးက ျပည္သူေတြက ဘယ္ေလာက္အထိစိုးရိမ္ေနၾကလဲေပါ့။
ေျဖ - ကြၽန္ေတာ္တို႔ ျမန္မာစကားပုံလိုေပါ့ဗ်ာ၊ ကြၽဲႏွစ္ ေကာင္ခတ္ရင္ ေျမစာပင္ခံရတာ။ ကြၽန္ေတာ္တို႔ ျပည္သူေတြက ေျမစာပင္ပဲ။ ဘယ္အစိုးရတက္တက္၊ ဘယ္လက္နက္ကိုင္ပဲျဖစ္ျဖစ္၊ ဘယ္သူနဲ႔ပဲၿမဲၿမဲ၊ ျပည္သူပဲခံရတာ။ အဲဒီေတာ့ သူတို႔လက္နက္ကိုင္ခ်င္း ဒီလိုယုံၾကည္မႈပ်က္ျပားသြားတယ္။ ပဋိပကၡေတြ ျဖစ္သြားၿပီဆိုရင္ ျပည္သူေတြရဲ႕စိတ္ကိုလည္း ကခ်င္ျဖစ္လို႔ ပေလာင္က လာေစာ္ကားမလား၊ ပေလာင္ကလည္း ငါပေလာင္မို႔လို႔ ကခ်င္က လာေစာ္ကားမလား၊ အဲဒီလို စိုးရိမ္စိတ္ေတြမ်ားကုန္တာ။ ဒီ အေပၚမွာေတာ့ ဒါကေတာ့ ကြၽန္ေတာ္တို႔ျပည္သူေတြ သတိဝီရိယနဲ႔ ေနထိုင္တတ္ဖို႔ သိပ္အေရးႀကီးပါ တယ္။
ေမး - ဟုတ္ကဲ့၊ ဒါကေတာ့ ေနာက္ဆုံးေမးခြန္းပါ။ သူတို႔ေတြေျပာေျပာေနတဲ့ ကြန္ဖက္ဒေရးရွင္း (Con­federation) ဆိုတာ အစ္ကိုဘယ္လိုျမင္သလဲ။
ေျဖ - ဒါကေတာ့ ကြၽန္ေတာ္တို႔က လုပ္ခ်င္တာလုပ္ၿပီးမွ ၿငိမ္ခ်မ္းေရးယူတယ္လို႔ပဲ ယူခ်င္တယ္ဆိုတဲ့ သေဘာတရားပဲျမင္ပါတယ္။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.