ဂျော်ဂျီယာမှာ ကိုယ်ဝန်ဖျက်ချဆေး သောက်ခဲ့တဲ့အမျိုးသမီးတစ်ဦး လူသတ်မှုနဲ့ တရားစွဲဆိုခံရ

 128

ရောင်နီ (NP News) - မတ် ၂၂

ဂျော်ဂျီယာနိုင်ငံ၊ ကမ်ဒန် ကောင်တီမှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အဲလက်ဆီယာမူရီ အမည်ရှိ အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ဖျက်ချဆေးသောက်သုံးပြီး ကလေးငယ်ကို သေဆုံးစေမှုနဲ့ လူသတ်မှုအဖြစ် ဖမ်းဆီး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
ကလေးနှစ်ယောက် မိခင်ဖြစ်သူ မူရီ ဟာ အိမ်မှာ ကိုယ်ဝန်ဖျက်ချဆေး သောက်သုံးခဲ့ပြီးနောက် ပြင်းထန်တဲ့ နာကျင်မှုကြောင့် ဒီဇင်ဘာ ၃၀ ရက်နေ့က ဆေးရုံကို အရေးပေါ် ရောက်ရှိခဲ့ပါတယ်။ ဆေးရုံမှာ ကိုယ်ဝန် ၂၂ ပတ်မှ ၂၄ ပတ်ခန့်သာရှိတဲ့ မိန်းကလေးငယ်တစ်ဦးကို လမစေ့ဘဲ မွေးဖွားခဲ့ပါတယ်။ အဲဒီကလေးငယ်ဟာ တစ်နာရီခန့်သာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။မူရီ ဟာ ကိုယ်ဝန်ဖျက်ချဆေး Misoprostol အပြင် တရားမဝင် နာကျင်မှု သက်သာစေတဲ့ဆေး Oxycodone ကိုလည်း သုံးစွဲခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ဂျော်ဂျီယာမှာ သီတင်းပတ် ၆ ပတ်ကျော်တဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို တရားမဝင်အဖြစ် သတ်မှတ်ထားပါ တယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးကို "လူသတ်မှု" အဖြစ် စွဲဆိုတာကတော့ အလွန်ရှားပါးတဲ့ ဖြစ်ရပ်ပဲဖြစ်ပါတယ်။ လက်ရှိ မူရီကို ကမ်ဒန်ကောင်တီမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုကို ဆက်လက် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Zawgyi Version;
ေဂ်ာ္ဂ်ီယာမွာ ကိုယ္ဝန္ဖ်က္ခ်ေဆး ေသာက္ခဲ့တဲ့အမ်ိဳးသမီးတစ္ဦး လူသတ္မႈနဲ႔ တရားစြဲဆိုခံရ
ေရာင္နီ (NP News) - မတ္ ၂၂
ေဂ်ာ္ဂ်ီယာႏိုင္ငံ၊ ကမ္ဒန္ ေကာင္တီမွာ ေနထိုင္တဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ အဲလက္ဆီယာမူရီ အမည္ရွိ အမ်ိဳးသမီးတစ္ဦးကို ကိုယ္ဝန္ဖ်က္ခ်ေဆးေသာက္သုံးၿပီး ကေလးငယ္ကို ေသဆုံးေစမႈနဲ႔ လူသတ္မႈအျဖစ္ ဖမ္းဆီး တရားစြဲဆိုလိုက္တယ္လို႔ သိရပါတယ္။
ကေလးႏွစ္ေယာက္ မိခင္ျဖစ္သူ မူရီ ဟာ အိမ္မွာ ကိုယ္ဝန္ဖ်က္ခ်ေဆး ေသာက္သုံးခဲ့ၿပီးေနာက္ ျပင္းထန္တဲ့ နာက်င္မႈေၾကာင့္ ဒီဇင္ဘာ ၃၀ ရက္ေန႔က ေဆး႐ုံကို အေရးေပၚ ေရာက္ရွိခဲ့ပါတယ္။ ေဆး႐ုံမွာ ကိုယ္ဝန္ ၂၂ ပတ္မွ ၂၄ ပတ္ခန႔္သာရွိတဲ့ မိန္းကေလးငယ္တစ္ဦးကို လမေစ့ဘဲ ေမြးဖြားခဲ့ပါတယ္။ အဲဒီကေလးငယ္ဟာ တစ္နာရီခန႔္သာ အသက္ရွင္ခဲ့ၿပီး ေသဆုံးသြားခဲ့ပါတယ္။မူရီ ဟာ ကိုယ္ဝန္ဖ်က္ခ်ေဆး Misoprostol အျပင္ တရားမဝင္ နာက်င္မႈ သက္သာေစတဲ့ေဆး Oxycodone ကိုလည္း သုံးစြဲခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
ေဂ်ာ္ဂ်ီယာမွာ သီတင္းပတ္ ၆ ပတ္ေက်ာ္တဲ့ ကိုယ္ဝန္ဖ်က္ခ်ျခင္းကို တရားမဝင္အျဖစ္ သတ္မွတ္ထားပါ တယ္။ ဒါေပမယ့္လည္း ကိုယ္ဝန္ဖ်က္ခ်တဲ့ အမ်ိဳးသမီးကို "လူသတ္မႈ" အျဖစ္ စြဲဆိုတာကေတာ့ အလြန္ရွားပါးတဲ့ ျဖစ္ရပ္ပဲျဖစ္ပါတယ္။ လက္ရွိ မူရီကို ကမ္ဒန္ေကာင္တီမွာ ဖမ္းဆီးထိန္းသိမ္းထားၿပီး အမႈကို ဆက္လက္ စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.