သာစည်နှင့် စမ်းချောင်းမြို့နယ်များတွင် ငွေကျပ် သိန်း ၆,၃၀၀ ကျော် စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

402
သန့်မင်းအိမ်(NP News)-မတ် ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၇ ရက်နေ့ နံနက် (၉) နာရီခန့်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေခဲ့ရာလားရှိုးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်ပေါ်ရှိ ခရီးသည်များဖြစ်သော ပိုင်ရဲထွန်း၊ ဇော်ရှိုင်းနှင့် ဝင်းဇော်ဇော်တင်တို့ထံမှ “Happy Water” အလေးချိန် (၅.၂၃၅) ကီလို (တန်ဖိုးကျပ် ၆,၂၈၂ သိန်း) နှင့် ကက်တမင်း (၂၀၀) ဂရမ် (တန်ဖိုးကျပ် ၆၀ သိန်း) အပြင် လက်ကိုင်ဖုန်း ၃ လုံးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့အပြင် အဆိုပါနေ့ နေ့လယ် (၁ နာရီခွဲ) ခန့်တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ ငြိမ်းထွန်းဦးကို “Happy Water” (၄၀) ဂရမ် (တန်ဖိုးကျပ် ၁၂ သိန်း) နှင့် လက်ကိုင်ဖုန်းတစ်လုံးဖြင့် ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ဖမ်းဆီရမိသူများကိုသက်ဆိုင်ရာရဲစခန်းများတွင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥ ပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
သာစည္ႏွင့္ စမ္းေခ်ာင္းၿမိဳ႕နယ္မ်ားတြင္ ေငြက်ပ္ သိန္း ၆,၃၀၀ ေက်ာ္ စိတ္ေျပာင္းမူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
သန႔္မင္းအိမ္(NP News)-မတ္ ၂၀
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မတ္လ ၁၇ ရက္ေန႔ နံနက္ (၉) နာရီခန႔္တြင္ သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံေက်း႐ြာအနီး၌ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆးရွာေဖြခဲ့ရာလားရႈိးၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ ခရီးသည္တင္ယာဥ္ေပၚရွိ ခရီးသည္မ်ားျဖစ္ေသာ ပိုင္ရဲထြန္း၊ ေဇာ္ရႈိင္းႏွင့္ ဝင္းေဇာ္ေဇာ္တင္တို႔ထံမွ “Happy Water” အေလးခ်ိန္ (၅.၂၃၅) ကီလို (တန္ဖိုးက်ပ္ ၆,၂၈၂ သိန္း) ႏွင့္ ကက္တမင္း (၂၀၀) ဂရမ္ (တန္ဖိုးက်ပ္ ၆၀ သိန္း) အျပင္ လက္ကိုင္ဖုန္း ၃ လုံးကို ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ထို႔အျပင္ အဆိုပါေန႔ ေန႔လယ္ (၁ နာရီခြဲ) ခန႔္တြင္ ရန္ကုန္ၿမိဳ႕၊ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ဟိုတယ္တစ္ခု၌ ၿငိမ္းထြန္းဦးကို “Happy Water” (၄၀) ဂရမ္ (တန္ဖိုးက်ပ္ ၁၂ သိန္း) ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးျဖင့္ ထပ္မံဖမ္းဆီးႏိုင္ခဲ့ေၾကာင္းသိရသည္။
ဖမ္းဆီရမိသူမ်ားကိုသက္ဆိုင္ရာရဲစခန္းမ်ားတြင္မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥ ပေဒအရ အမႈဖြင့္အေရးယူထားၿပီး ဆက္စပ္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။