မကာအိုမှာ လူသားပုံသဏ္ဌာန်စက်ရုပ်ကြောင့် အမျိုးသမီးတစ်ဦး ထိတ်လန့်မှုဖြစ်ကာ ဆေးရုံတင်ရ

372

ရောင်နီ (NP News) - မတ် ၁၉
ဟောင်ကောင်၊ မကာအိုလမ်းမပေါ်မှာ ညနေခင်း လမ်းလျှောက်နေတဲ့အမျိုးသမီးတစ်ဦးဟာ လူသားပုံသဏ္ဌာန်တူ စက်ရုပ် (Humanoid Robot) တစ်ရုပ်ကို ရုတ်တရက်တွေ့ပြီး ထိတ်လန့်သွားခဲ့တာကြောင့် ဆေးရုံတင်လိုက်ရတဲ့အထိဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က မတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်မှာ မတ်လအစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဟာ သူမရဲ့လက်ကိုင်ဖုန်းကို အာရုံစိုက်ကြည့်ရှုရင်း လမ်းလျှောက်လာစဉ် စက်ရုပ်တစ်ရုပ်ကို မထင်မှတ်ဘဲမြင်တွေ့လိုက်ရခြင်းကြောင့် အခုလို ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုမှတ်တမ်းတွေအရ အဆိုပါအမျိုးသမီးဟာ စက်ရုပ်ကို ကွမ်တုံဘာသာစကားနဲ့ ဒေါသတကြီး အော်ဟစ်နေတာကို တွေ့ရပါတယ်။ စက်ရုပ်က ၎င်းရဲ့သတ္တုလက်မောင်းတွေကို ဝှေ့ယမ်းပြနေတာဖြစ်ပြီး အမျိုးသမီးက သူမကိုနှောင့်ယှက်နေတယ်လို့ထင်ကာ အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးဟာ စက်ရုပ်နဲ့ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိသလို ဒဏ်ရာရရှိခြင်းလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာအလွန်ထိတ်လန့်ခဲ့ရပြီး ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။ လက်ရှိ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး အဆိုပါဖြစ်ရပ်အတွက် တရားစွဲဆိုမှုမပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။ စစ်ဆေးချက်တွေအရ အဆိုပါ စက်ရုပ်ကို အသက် ၅၀ ကျော်အရွယ် မကာအို အမျိုးသားတစ်ဦးက ပိုင်ဆိုင်ပြီး သူ့ရဲ့စီးပွားရေးလုပ်ငန်း ကြော်ငြာဖို့အတွက် စမ်းသပ်ထားရှိထားတာဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က စက်ရုပ်ကို ဖမ်းဆီးခြင်းမပြုပေမယ့် နောင်မှာ လမ်းသွားလမ်းလာတွေ ဘေးအန္တရာယ်နဲ့ ထိတ်လန့်မှု မဖြစ်စေဖို့အတွက် သတိထားကိုင်တွယ်ဖို့ ပိုင်ရှင်ကို သတိပေးခဲ့ပါတယ်။
အဲဒီစက်ရုပ်ဟာ တရုတ်အခြေစိုက် Unitree ကုမ္ပဏီမှ ထုတ်လုပ်တဲ့ လူသားပုံသဏ္ဌာန်တူ မော်ဒယ်နဲ့ ဆင်တူတယ်လို့ သိရပါတယ်။

Zawgyi Version;
မကာအိုမွာ လူသားပုံသဏၭာန္စက္႐ုပ္ေၾကာင့္ အမ်ိဳးသမီးတစ္ဦး ထိတ္လန႔္မႈျဖစ္ကာ ေဆး႐ုံတင္ရ
ေရာင္နီ (NP News) - မတ္ ၁၉
ေဟာင္ေကာင္၊ မကာအိုလမ္းမေပၚမွာ ညေနခင္း လမ္းေလွ်ာက္ေနတဲ့အမ်ိဳးသမီးတစ္ဦးဟာ လူသားပုံသဏၭာန္တူ စက္႐ုပ္ (Humanoid Robot) တစ္႐ုပ္ကို ႐ုတ္တရက္ေတြ႕ၿပီး ထိတ္လန႔္သြားခဲ့တာေၾကာင့္ ေဆး႐ုံတင္လိုက္ရတဲ့အထိျဖစ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က မတ္လ ၁၈ ရက္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။
အဆိုပါျဖစ္စဥ္မွာ မတ္လအေစာပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသမီးဟာ သူမရဲ႕လက္ကိုင္ဖုန္းကို အာ႐ုံစိုက္ၾကည့္ရႈရင္း လမ္းေလွ်ာက္လာစဥ္ စက္႐ုပ္တစ္႐ုပ္ကို မထင္မွတ္ဘဲျမင္ေတြ႕လိုက္ရျခင္းေၾကာင့္ အခုလို ျဖစ္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။
အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုမွတ္တမ္းေတြအရ အဆိုပါအမ်ိဳးသမီးဟာ စက္႐ုပ္ကို ကြမ္တုံဘာသာစကားနဲ႔ ေဒါသတႀကီး ေအာ္ဟစ္ေနတာကို ေတြ႕ရပါတယ္။ စက္႐ုပ္က ၎ရဲ႕သတၱဳလက္ေမာင္းေတြကို ေဝွ႔ယမ္းျပေနတာျဖစ္ၿပီး အမ်ိဳးသမီးက သူမကိုေႏွာင့္ယွက္ေနတယ္လို႔ထင္ကာ ေအာ္ဟစ္ေနခဲ့တာျဖစ္ပါတယ္။
အမ်ိဳးသမီးဟာ စက္႐ုပ္နဲ႔႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈမရွိသလို ဒဏ္ရာရရွိျခင္းလည္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ စိတ္ပိုင္းဆိုင္ရာအလြန္ထိတ္လန႔္ခဲ့ရၿပီး ေဆး႐ုံမွာ ကုသမႈ ခံယူခဲ့ရပါတယ္။ လက္ရွိ ေဆး႐ုံမွ ဆင္းသြားၿပီျဖစ္ၿပီး အဆိုပါျဖစ္ရပ္အတြက္ တရားစြဲဆိုမႈမျပဳလုပ္ခဲ့ဘူးလို႔ သိရပါတယ္။ စစ္ေဆးခ်က္ေတြအရ အဆိုပါ စက္႐ုပ္ကို အသက္ ၅၀ ေက်ာ္အ႐ြယ္ မကာအို အမ်ိဳးသားတစ္ဦးက ပိုင္ဆိုင္ၿပီး သူ႔ရဲ႕စီးပြားေရးလုပ္ငန္း ေၾကာ္ျငာဖို႔အတြက္ စမ္းသပ္ထားရွိထားတာျဖစ္တယ္လို႔ သိရပါတယ္။
ရဲတပ္ဖြဲ႕က စက္႐ုပ္ကို ဖမ္းဆီးျခင္းမျပဳေပမယ့္ ေနာင္မွာ လမ္းသြားလမ္းလာေတြ ေဘးအႏၲရာယ္နဲ႔ ထိတ္လန႔္မႈ မျဖစ္ေစဖို႔အတြက္ သတိထားကိုင္တြယ္ဖို႔ ပိုင္ရွင္ကို သတိေပးခဲ့ပါတယ္။
အဲဒီစက္႐ုပ္ဟာ တ႐ုတ္အေျခစိုက္ Unitree ကုမၸဏီမွ ထုတ္လုပ္တဲ့ လူသားပုံသဏၭာန္တူ ေမာ္ဒယ္နဲ႔ ဆင္တူတယ္လို႔ သိရပါတယ္။