ဖားကန့် သတင်းထောက် ကိုတာလင်းမောင်ကို KIA နှင့် KPDF အဖွဲ့များမှ ဖမ်းဆီးသွား

567

ထိုက်စံ ( NP News) -မတ် ၁၈
ကချင်ပြည်နယ် ၊ ဖားကန့် မြို့ သတင်းထောက် ကိုတာလင်းမောင်ကို KIA နှင့် KPDF အဖွဲ့များမှ ဖမ်းဆီးသွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၁၇ ရက် ) ၊ ညနေပိုင်း (၅)နာရီ (၃၀)မိနစ်အချိန်ခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ၊ မှော်ရှန်ရပ်ကွက်၊ မှော်ရှန်ရပ်ကွက်ဆိုင်းဘုတ်အနီး ရှိ JADE QUEEN လက်ဖက်ရည်ဆိုင်တွင် KIA နှင့် KPDF အဖွဲ့ဝင် (၅)ဦးမှ လန်ခရူဇာ အဖြူရောင်ကား ဖြင့် လာရောက်ဖမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးသွားသူများမှာ KIA နှင့် KPDF အဖွဲ့များ ဖြစ်ကြောင်းမျက်မြင်တွေ့ရှိသူများမှအတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် (၂၀၂၃) ခုနှစ်နှောင်းပိုင်းကလည်း သတင်းထောက် ကိုတာလင်းမောင်သည် KIA အဖွဲ့၏ အချိန်အတော်ကြာ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၎င်း၏ သတင်းအဖွဲ့အစည်းများနှင့် မိသားစုဝင်များ၏ တောင်းဆိုမှုများကြောင့် (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှသာ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူ သတင်းထောက် ကိုတာလင်းမောင်သည် ဖားကန့်မြို့အခြေစိုက် CDM သတင်းထောက်တစ်ဦးဖြစ်ပြီး ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရေးပဋိပက္ခများနှင့် မြေစာပုံပြိုကျမှု ဘေးအန္တရာယ်များကို အစဉ်တစိုက် အများပြည်သူသိရှိအောင် ဖော်ပြပေးနေသူ ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဖားကန႔္ သတင္းေထာက္ ကိုတာလင္းေမာင္ကို KIA ႏွင့္ KPDF အဖြဲ႕မ်ားမွ ဖမ္းဆီးသြား
ထိုက္စံ ( NP News) -မတ္ ၁၈
ကခ်င္ျပည္နယ္ ၊ ဖားကန႔္ ၿမိဳ႕ သတင္းေထာက္ ကိုတာလင္းေမာင္ကို KIA ႏွင့္ KPDF အဖြဲ႕မ်ားမွ ဖမ္းဆီးသြား ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္ ၁၇ ရက္ ) ၊ ညေနပိုင္း (၅)နာရီ (၃၀)မိနစ္အခ်ိန္ခန႔္က ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူေက်း႐ြာအုပ္စု ၊ ေမွာ္ရွန္ရပ္ကြက္၊ ေမွာ္ရွန္ရပ္ကြက္ဆိုင္းဘုတ္အနီး ရွိ JADE QUEEN လက္ဖက္ရည္ဆိုင္တြင္ KIA ႏွင့္ KPDF အဖြဲ႕ဝင္ (၅)ဦးမွ လန္ခ႐ူဇာ အျဖဴေရာင္ကား ျဖင့္ လာေရာက္ဖမ္းသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ဖမ္းဆီးသြားသူမ်ားမွာ KIA ႏွင့္ KPDF အဖြဲ႕မ်ား ျဖစ္ေၾကာင္းမ်က္ျမင္ေတြ႕ရွိသူမ်ားမွအတည္ျပဳႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လြန္ခဲ့သည့္ (၂၀၂၃) ခုႏွစ္ေႏွာင္းပိုင္းကလည္း သတင္းေထာက္ ကိုတာလင္းေမာင္သည္ KIA အဖြဲ႕၏ အခ်ိန္အေတာ္ၾကာ ဖမ္းဆီးျခင္းခံခဲ့ရၿပီး ၎၏ သတင္းအဖြဲ႕အစည္းမ်ားႏွင့္ မိသားစုဝင္မ်ား၏ ေတာင္းဆိုမႈမ်ားေၾကာင့္ (၂၀၂၃) ခုႏွစ္၊ ဒီဇင္ဘာလကုန္ပိုင္းမွသာ ျပန္လည္လြတ္ေျမာက္လာခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဖမ္းဆီးခံရသူ သတင္းေထာက္ ကိုတာလင္းေမာင္သည္ ဖားကန႔္ၿမိဳ႕အေျခစိုက္ CDM သတင္းေထာက္တစ္ဦးျဖစ္ၿပီး ေဒသခံျပည္သူမ်ား ႀကဳံေတြ႕ေနရသည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား၊ စစ္ေရးပဋိပကၡမ်ားႏွင့္ ေျမစာပုံၿပိဳက်မႈ ေဘးအႏၲရာယ္မ်ားကို အစဥ္တစိုက္ အမ်ားျပည္သူသိရွိေအာင္ ေဖာ္ျပေပးေနသူ ျဖစ္ေၾကာင္း သိရသည္။