ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား(၅၀)ဦးနှင့် လုပ်ငန်းဆက်စပ်ပစ္စည်းများ၊ အဆောက်အအုံများ ဖမ်းဆီးရမိ

236

ထိုက်စံ (NP News) - မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် တွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသား (၅၀)ဦးနှင့် လုပ်ငန်းဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံ အတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ် ၊ ကောင်းစံကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ပြီးခဲ့သည့်(မတ် ၂၀ ရက်) ညနေပိုင်းက အဆိုပါကျေးရွာ၏ အနောက်ဘက်မီတာ (၃၀၀၀) ခန့်အကွာတွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား (၁၃၀) ပေ၊ အနံ (၅၀) ပေရှိသည့် အဆောက်အအုံ (၂) လုံး၊ အလျား (၉၀) ပေ၊ အနံ (၃၀) ပေရှိသည့် လူနေအဆောက်အအုံ (၃) လုံး၊ အလျား (၆၀) ပေ၊ အနံ (၃၀) ပေရှိသည့် လူနေအဆောက်အအုံ (၃) လုံး၊ အလျား (၁၅၀) ပေ၊ အနံ (၅၀) ပေရှိသည့် ဂိုဒေါင် (၁) လုံး၊ အလျား (၁၈၀) ပေ၊ အနံ (၆၀) ပေရှိသည့် အဆောက်အအုံ (၁) လုံး၊ Starlink (၁၀) လုံး၊ All in One ကွန်ပျူတာ (၅၅) လုံး၊ Power Station (၁၀) လုံးနှင့် ဆက်စပ်ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ဆေးရှာဖွေရာ ညပိုင်း (၉) နာရီခွဲအချိန်ခန့်တွင် ပထမဖမ်းဆီးရမိသည့်နေရာ၏ အနောက်ဘက် မီတာ (၁၇၀၀) ခန့်အကွာသို့အရောက်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား (၂၃) ဦးနှင့် ဗီယက်နမ်နိုင်ငံသူ အမျိုးသမီး(၁)ဦး တို့ကိုလည်းကောင်း၊ ဒုတိယဖမ်းဆီးရမိနေရာ၏ မြောက်ဘက်မီတာ (၁၁၀၀) ခန့်အကွာသို့အရောက်တွင် တရုတ်နိုင်ငံသား (၂၆) ဦးတို့ကိုလည်းကောင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသည့် ပြည်ပနိုင်ငံသား(၅၀)ဦးတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ အြန္လိုင္းလိမ္လည္ေလာင္းကစားလုပ္ကိုင္ေနသည့္ ျပည္ပႏိုင္ငံသား(၅၀)ဦးႏွင့္ လုပ္ငန္းဆက္စပ္ပစၥည္းမ်ား၊ အေဆာက္အအုံမ်ား ဖမ္းဆီးရမိ
ထိုက္စံ (NP News) - မတ္ ၂၂
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လဲခ်ားၿမိဳ႕နယ္ တြင္ အြန္လိုင္းလိမ္လည္ေလာင္းကစားလုပ္ကိုင္ေနသည့္ ျပည္ပႏိုင္ငံသား (၅၀)ဦးႏွင့္ လုပ္ငန္းဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ႏိုင္ငံအတြင္း အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ားႏွင့္ ႏိုင္ငံ အတြင္းသို႔ ျပည္ပႏိုင္ငံသားမ်ား တရားမဝင္ ဝင္ေရာက္ေနထိုင္မႈမရွိေစေရးတို႔ကို အေသးစိတ္စစ္ေဆးၾကပ္မတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ နယ္ေျမလုံၿခဳံေရးေဆာင္႐ြက္ေနေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ လဲခ်ားၿမိဳ႕နယ္ ၊ ေကာင္းစံေက်း႐ြာအနီးတစ္ဝိုက္တြင္ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္စဥ္ ၿပီးခဲ့သည့္(မတ္ ၂၀ ရက္) ညေနပိုင္းက အဆိုပါေက်း႐ြာ၏ အေနာက္ဘက္မီတာ (၃၀၀၀) ခန႔္အကြာတြင္ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈက်ဴးလြန္ရာတြင္ အသုံးျပဳသည့္ အလ်ား (၁၃၀) ေပ၊ အနံ (၅၀) ေပရွိသည့္ အေဆာက္အအုံ (၂) လုံး၊ အလ်ား (၉၀) ေပ၊ အနံ (၃၀) ေပရွိသည့္ လူေနအေဆာက္အအုံ (၃) လုံး၊ အလ်ား (၆၀) ေပ၊ အနံ (၃၀) ေပရွိသည့္ လူေနအေဆာက္အအုံ (၃) လုံး၊ အလ်ား (၁၅၀) ေပ၊ အနံ (၅၀) ေပရွိသည့္ ဂိုေဒါင္ (၁) လုံး၊ အလ်ား (၁၈၀) ေပ၊ အနံ (၆၀) ေပရွိသည့္ အေဆာက္အအုံ (၁) လုံး၊ Starlink (၁၀) လုံး၊ All in One ကြန္ပ်ဴတာ (၅၅) လုံး၊ Power Station (၁၀) လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ေဖာ္ထုတ္သိမ္းဆည္းႏိုင္ခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ စစ္ေဆးရွာေဖြရာ ညပိုင္း (၉) နာရီခြဲအခ်ိန္ခန႔္တြင္ ပထမဖမ္းဆီးရမိသည့္ေနရာ၏ အေနာက္ဘက္ မီတာ (၁၇၀၀) ခန႔္အကြာသို႔အေရာက္တြင္ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈလုပ္ကိုင္သူ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၂၃) ဦးႏွင့္ ဗီယက္နမ္ႏိုင္ငံသူ အမ်ိဳးသမီး(၁)ဦး တို႔ကိုလည္းေကာင္း၊ ဒုတိယဖမ္းဆီးရမိေနရာ၏ ေျမာက္ဘက္မီတာ (၁၁၀၀) ခန႔္အကြာသို႔အေရာက္တြင္ တ႐ုတ္ႏိုင္ငံသား (၂၆) ဦးတို႔ကိုလည္းေကာင္း ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါဖမ္းဆီးရမိသည့္ ျပည္ပႏိုင္ငံသား(၅၀)ဦးတို႔အား လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။