ရမည်းသင်းအနီး ရွှေနှင့် ခဲကို တရားမဝင်တူးဖော်နေသည့်အဖွဲ့ပေါင်း (၅၀ဝ) ကျော်ရှိဟုဆို

269

Pearl (NP News)- မတ် ၂၃
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် အတွင်းရှိ သတ္တုထွက်ရှိရာ လုပ်ကွက်များတွင် ရွှေနှင့် ခဲများကို တရားမဝင်တူးဖော်နေသည့် အဖွဲ့ပေါင်း (၅၀ဝ) ကျော်ရှိကြောင်း သတ္တုလုပ်ငန်းရှင်များနှင့် နီး စပ်သူတစ်ဦးက NP News သို့ ပြောသည်။
“နေပြည်တော် ဒီဘက်ဆင်းလာရင် ရမည်းသင်း။ ရမည်းသင်းတစ်ခုလုံးမှာ ခိုးတူးနေတာ။ အဖွဲ့ (၅၀ဝ)ကျော်ရှိတယ်။ အဲဒီနယ်တစ်ခုလုံးမှာ။ တူးနေတာပိုးစိုးပက်စက် ။ ရမည်းသင်းမှာတူးနေတဲ့ တရား မဝင်လုပ်တဲ့ လုပ်ကွက်အားလုံးက ပိုက်ဆံမပေးရတာ (၃)ဌာနလောက်ပဲရှိတယ်။ သေးသေးတူးရင် သေး သေးပေးရတယ်။ ကြီးကြီးတူးရင် ကြီးကြီးပေးရတယ်။ ရမည်းသင်းက နယ်မြေအခြေအနေက အေး အေးဆေးဆေးပဲ။ အဲဒါကို လုပ်ကွက်တွေလည်း တရားဝင်မချပေးဘဲနဲ့ နားလည်းမှုနဲ့ လုပ်ချင်တဲ့လူအား လုံးပိုက်ဆံပေးပြီးလုပ်နေကြတာ။ အဲဒီတစ်ပြင်လုံးမှာ။ ပေါင်းလောင်းဘက်မှာလည်း အများကြီးပဲ။ အဲဒီမှာ အများဆုံးရွှေပဲ။ ရွှေနဲ့ ခဲနဲ့ ။ ပေါင်းလောင်းဘက်မှာက ခဲနည်းနည်းရှိတယ်။ ခဲကျောရှိတယ်။ ဒါပေမဲ့ အားလုံးက တရားမဝင်တူးနေတာ” ဟု ပြောသည်။
ရွှေအပါအဝင် သတ္ထုတွင်းထွက်များ လုပ်အကွက်အသစ်လိုင်စင်လျှောက်ထားရာတွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ခွင့်ပြုချက်ဖြင့် လုပ်ပိုင်ခွင့်ချပေးသည့် လက်လုပ်လက်စားလုပ်ကွက်များ နှင့် အသေးစားလုပ်ကွက်များမှလွဲ၍ အလတ်စား လုပ်ကွက်များနှင့် အကြီးစားလုပ်ကွက်များအသစ် လျှောက်ထားမှုများကို ခွင့်ပြုမပေးကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေရာ သတ္ထုလုပ်ကွက် (၈၀) ရာခိုင် နှုန်းခန့်သည် နယ်မြေမတည်ငြိမ်သည့် နေရာများတွင် တည်ရှိနေကြခြင်းဖြစ်ပြီး နယ်မြေတည်ငြိမ်အေး ချမ်းသော်လည်း တရားဝင်လုပ်ပိုင်ခွင့်မပေးခြင်း၊ သက်တမ်းပြည့်ပြီးသည့် လုပ်ကွက်များအတွက် သက် တမ်းတိုးရာတွင်လည်း ခွင့်ပြုမပေးသည့်အတွက် တရားမဝင်တူးဖော်မှုများရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေက တရားဝင်တူးနေတာ အကြီးစားက တစ်ခုလောက်ပဲတွေ့တယ်။ ရွှေမင်းဖုန်းဆိုတာ အကြီးစားတစ်ခုရှိတယ် ကလောဘက်မှာ။ မိုးထိမိုးမိက ဧက (၆၁၅၀) လောက်ကျတော့ အရင်က အမျိုး သား အကျိုးစီးပွားရေးက ပြဿနာတွေတက်တော့ သိမ်းပြီးတော့ MEC ကို လွှဲပေးထားတော့ MEC က လုပ်နေတယ်။ ကျန်တဲ့အသေးစားက မရှိသလောက်ဖြစ်သွားပြီ။ အလတ်စားကလည်း မရှိသလောက် ဖြစ်သွားပြီ။ လျှောက်လို့ကလည်း မရဘူး။ သက်တမ်းတိုးကလည်း မပေးဘူး။ ပြည်နယ်နဲ့တိုင်းမှာတော့ တချို့လက်လုပ်လက်စားအကွက်လေးတွေရှိတယ်။ ခနောက်စိမ်းတို့ ၊ ခဲတို့ ခဲသွပ်ရောရာတို့ ။ ဝန်ကြီး ဌာနကိုယ်တိုင်က စာထုတ်ထားပြီးတော့ အဲဒီစာကိုလည်း ပြန်မဖြည်ဘူး။ ပြည်နယ်နဲ့တိုင်းကိုကျတော့ Power Sharing လုပ်ထားတာရှိတယ်။ တိုင်းဒေသကြီးကနေ ခွင့်ပြုမိန့်နဲ့ပေးခွင့်ရှိတဲ့ လုပ်ကွက်လေးတွေ လျှောက်ရင်တော့ရတာတွေ တော့ရှိတယ်”ဟု ပြောသည်။
ထိုသို့ တရားမဝင်သတ္တုလုပ်ကွက်များကြောင့် အစိုးရက အခွန်အခများနစ်နာနေရသည့်အပြင် ငွေမရသည်သာမက သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နေရကြောင်း သိရသည်။

Zawgyi Version:
မႏၲေလးတိုင္းေဒသႀကီး ရမည္းသင္းခ႐ိုင္ အတြင္းရွိ သတၱဳထြက္ရွိရာ လုပ္ကြက္မ်ားတြင္ ေ႐ႊႏွင့္ ခဲမ်ားကို တရားမဝင္တူးေဖာ္ေနသည့္ အဖြဲ႕ေပါင္း (၅၀ဝ) ေက်ာ္ရွိေၾကာင္း သတၱဳလုပ္ငန္းရွင္မ်ားႏွင့္ နီး စပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
“ေနျပည္ေတာ္ ဒီဘက္ဆင္းလာရင္ ရမည္းသင္း။ ရမည္းသင္းတစ္ခုလုံးမွာ ခိုးတူးေနတာ။ အဖြဲ႕ (၅၀ဝ)ေက်ာ္ရွိတယ္။ အဲဒီနယ္တစ္ခုလုံးမွာ။ တူးေနတာပိုးစိုးပက္စက္ ။ ရမည္းသင္းမွာတူးေနတဲ့ တရား မဝင္လုပ္တဲ့ လုပ္ကြက္အားလုံးက ပိုက္ဆံမေပးရတာ (၃)ဌာနေလာက္ပဲရွိတယ္။ ေသးေသးတူးရင္ ေသး ေသးေပးရတယ္။ ႀကီးႀကီးတူးရင္ ႀကီးႀကီးေပးရတယ္။ ရမည္းသင္းက နယ္ေျမအေျခအေနက ေအး ေအးေဆးေဆးပဲ။ အဲဒါကို လုပ္ကြက္ေတြလည္း တရားဝင္မခ်ေပးဘဲနဲ႔ နားလည္းမႈနဲ႔ လုပ္ခ်င္တဲ့လူအား လုံးပိုက္ဆံေပးၿပီးလုပ္ေနၾကတာ။ အဲဒီတစ္ျပင္လုံးမွာ။ ေပါင္းေလာင္းဘက္မွာလည္း အမ်ားႀကီးပဲ။ အဲဒီမွာ အမ်ားဆုံးေ႐ႊပဲ။ ေ႐ႊနဲ႔ ခဲနဲ႔ ။ ေပါင္းေလာင္းဘက္မွာက ခဲနည္းနည္းရွိတယ္။ ခဲေက်ာရွိတယ္။ ဒါေပမဲ့ အားလုံးက တရားမဝင္တူးေနတာ” ဟု ေျပာသည္။
ေ႐ႊအပါအဝင္ သတၳဳတြင္းထြက္မ်ား လုပ္အကြက္အသစ္လိုင္စင္ေလွ်ာက္ထားရာတြင္ တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ ခြင့္ျပဳခ်က္ျဖင့္ လုပ္ပိုင္ခြင့္ခ်ေပးသည့္ လက္လုပ္လက္စားလုပ္ကြက္မ်ား ႏွင့္ အေသးစားလုပ္ကြက္မ်ားမွလြဲ၍ အလတ္စား လုပ္ကြက္မ်ားႏွင့္ အႀကီးစားလုပ္ကြက္မ်ားအသစ္ ေလွ်ာက္ထားမႈမ်ားကို ခြင့္ျပဳမေပးေၾကာင္း သိရသည္။
လက္ရွိတြင္ ျပည္တြင္း၌ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနရာ သတၳဳလုပ္ကြက္ (၈၀) ရာခိုင္ ႏႈန္းခန႔္သည္ နယ္ေျမမတည္ၿငိမ္သည့္ ေနရာမ်ားတြင္ တည္ရွိေနၾကျခင္းျဖစ္ၿပီး နယ္ေျမတည္ၿငိမ္ေအး ခ်မ္းေသာ္လည္း တရားဝင္လုပ္ပိုင္ခြင့္မေပးျခင္း၊ သက္တမ္းျပည့္ၿပီးသည့္ လုပ္ကြက္မ်ားအတြက္ သက္ တမ္းတိုးရာတြင္လည္း ခြင့္ျပဳမေပးသည့္အတြက္ တရားမဝင္တူးေဖာ္မႈမ်ားရွိေနျခင္းျဖစ္ေၾကာင္း သိရ သည္။
“ေ႐ႊက တရားဝင္တူးေနတာ အႀကီးစားက တစ္ခုေလာက္ပဲေတြ႕တယ္။ ေ႐ႊမင္းဖုန္းဆိုတာ အႀကီးစားတစ္ခုရွိတယ္ ကေလာဘက္မွာ။ မိုးထိမိုးမိက ဧက (၆၁၅၀) ေလာက္က်ေတာ့ အရင္က အမ်ိဳး သား အက်ိဳးစီးပြားေရးက ျပႆနာေတြတက္ေတာ့ သိမ္းၿပီးေတာ့ MEC ကို လႊဲေပးထားေတာ့ MEC က လုပ္ေနတယ္။ က်န္တဲ့အေသးစားက မရွိသေလာက္ျဖစ္သြားၿပီ။ အလတ္စားကလည္း မရွိသေလာက္ ျဖစ္သြားၿပီ။ ေလွ်ာက္လို႔ကလည္း မရဘူး။ သက္တမ္းတိုးကလည္း မေပးဘူး။ ျပည္နယ္နဲ႔တိုင္းမွာေတာ့ တခ်ိဳ႕လက္လုပ္လက္စားအကြက္ေလးေတြရွိတယ္။ ခေနာက္စိမ္းတို႔ ၊ ခဲတို႔ ခဲသြပ္ေရာရာတို႔ ။ ဝန္ႀကီး ဌာနကိုယ္တိုင္က စာထုတ္ထားၿပီးေတာ့ အဲဒီစာကိုလည္း ျပန္မျဖည္ဘူး။ ျပည္နယ္နဲ႔တိုင္းကိုက်ေတာ့ Power Sharing လုပ္ထားတာရွိတယ္။ တိုင္းေဒသႀကီးကေန ခြင့္ျပဳမိန႔္နဲ႔ေပးခြင့္ရွိတဲ့ လုပ္ကြက္ေလးေတြ ေလွ်ာက္ရင္ေတာ့ရတာေတြ ေတာ့ရွိတယ္”ဟု ေျပာသည္။
ထိုသို႔ တရားမဝင္သတၱဳလုပ္ကြက္မ်ားေၾကာင့္ အစိုးရက အခြန္အခမ်ားနစ္နာေနရသည့္အျပင္ ေငြမရသည္သာမက သဘာဝပတ္ဝန္းက်င္လည္း ထိခိုက္ေနရေၾကာင္း သိရသည္။