ကမ္ဘာရွှေစျေး သမိုင်းဝင် ကျဆင်း​လာပြီး တစ်အောင်စကို ဒေါ်လာ ၄၃၀၀ အောက်သို့ ရောက်လာ

 356

ဂျန်ဇက် (NP News)- မတ် ၂၃

မတ်လ ၂၃ရက်နေ့ကကမ္ဘာ့ရွှေဈေးကွက်အတွင်း မကြုံဖူးသောအစျေးကျဆင်းမူဖြစ်ခဲ့ပြီးရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၃၀၀ အောက်သို့ ကျဆင်းသွားခဲ့ ကြောင်းသိရသည်။
မတ်လ ၂၃ရက် တစ်ရက်တည်းတွင် ရွှေစျေးက၅ ရာခိုင်နှုန်းအထိ ဈေးကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ ဇန်နဝါရီလက စံချိန်တင်ခဲ့သည့် ဒေါ်လာ ၅,၆၀၀ ဈေးတန်း နှင့် နှိုင်းယှဥ်လျှင် ကြီးမားသောကျဆင်းမူဖြစ်လာသည်။
အမေရိကန် ဗဟိုဘဏ် (Fed) ၏ အတိုးနှုန်း လျှော့ချမည့် အစီအစဉ်များ မသေချာတော့ခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုး သိသိသာသာ ပြန်လည်အားကောင်းလာခြင်းတို့ကြောင့်ဖြစ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။
ငွေကြေးဖောင်းပွမှု အခြေအနေများကြောင့် ဗဟိုဘဏ်များက အတိုးနှုန်းကို ဆက်လက်ထိန်းထားမည့် အရိပ်အယောင်များ ပြသလာချိန်တွင် ရင်းနှီးမြှုပ်နှံသူများက ရွှေကို အလုအယက် ရောင်းချလာကြခြင်း ဖြစ်သလို ယခုသီတင်းပတ်အတွင်းရွေစျေးကျဆင်းမှုသည် ၁၉၈၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး သီတင်းပတ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
ကမ္ဘာ့ထိပ်တန်းအကဲခတ်များက လက်ရှိအခြေအနေကို "The Fed Pulled the Rug"ဟု တင်စားပြောဆိုနေကြပြီး လက်ရှိပေါက်စျေး ဒေါ်လာ ၄,၂၀၀ အောက်သာ ဆက်လက်ကျဆင်းမည်ဆိုပါက ရွှေဈေးသည် နောက်ထပ် အောက်ခြေအသစ်များဆီသို့ ဆက်လက်ထိုးကျနိုင်ဖွယ်ရှိသည်ဟု သတိပေးထားသည်။
သို့သော်လည်း ရေရှည်ရင်းနှီးမြှုပ်နှံသူများအတွက်မူယခုအချိန်သည် ဝယ်ယူစုဆောင်းရန် အခွင့်အရေးသစ်တစ်ခု ဖြစ်လာနိုင်သည်ဟုသုံးသပ်မူများရှိနေသည်။

Zawgyi version:

မတ်လ ၂၃ရက်နေ့ကကမ္ဘာ့ရွှေဈေးကွက်အတွင်း မကြုံဖူးသောအဈေးကျဆင်းမူဖြစ်ခဲ့ပြီးရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၃၀၀ အောက်သို့ ကျဆင်းသွားခဲ့ ကြောင်းသိရသည်။
မတ်လ ၂၃ရက် တစ်ရက်တည်းတွင် ရွှေဈေးက၅ ရာခိုင်နှုန်းအထိ ဈေးကျဆင်းခဲ့ခြင်းဖြစ်ပြီး၊ ဇန်နဝါရီလက စံချိန်တင်ခဲ့သည့် ဒေါ်လာ ၅,၆၀၀ ဈေးတန်း နှင့် နှိုင်းယှဉ်လျှင် ကြီးမားသောကျဆင်းမူဖြစ်လာသည်။
ငွေကြေးဖောင်းပွမှု အခြေအနေများကြောင့် ဗဟိုဘဏ်များက အတိုးနှုန်းကို ဆက်လက်ထိန်းထားမည့် အရိပ်အယောင်များ ပြသလာချိန်တွင် ရင်းနှီးမြှုပ်နှံသူများက ရွှေကို အလုအယက် ရောင်းချလာကြခြင်း ဖြစ်သလို ယခုသီတင်းပတ်အတွင်းရွေဈေးကျဆင်းမှုသည် ၁၉၈၃ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး သီတင်းပတ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
ကမ္ဘာ့ထိပ်တန်းအကဲခတ်များက လက်ရှိအခြေအနေကို "The Fed Pulled the Rug"ဟု တင်စားပြောဆိုနေကြပြီး လက်ရှိပေါက်ဈေး ဒေါ်လာ ၄,၂၀၀ အောက်သာ ဆက်လက်ကျဆင်းမည်ဆိုပါက ရွှေဈေးသည် နောက်ထပ် အောက်ခြေအသစ်များဆီသို့ ဆက်လက်ထိုးကျနိုင်ဖွယ်ရှိသည်ဟု သတိပေးထားသည်။

Related news

© 2021. All rights reserved.