စက်သုံးဆီဝယ်ယူရမည့် စနစ်အသစ်ကို လာမည့်ရက်သတ္တပတ်တွင် စတင်အကောင်အထည်ဖော်သွားမည်

1190

စော(NP News)- မတ် ၂၃
ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ယမန်နေ့ (မတ်လ ၂၂ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံ အတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် (မတ်လ ၁၂) ရက်နေ့တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက် ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ဆောင်ရွက်နေစဉ်အတွင်း စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး လိုက်နာဆောင်ရွက်ရန် စစ်ဆေးကြပ်မတ်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် တိကျစွာတိုင်ကြားလာမှုများ အပေါ်တွင် သက်ဆိုင်ရာအရောင်းဆိုင် များအား သွားရောက်စစ်ဆေးပြီး ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့ စေရန်အတွက် ယာဉ်၏စက်စွမ်းအား အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်း တစ်ကြိမ် တည်းဖြစ်စေ၊ အများဆုံး (၂) ကြိမ်ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့် စနစ်ကို Bar Code နှင့် QR Code စနစ် အတွင်းထည့်သွင်း၍ လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီးဖြစ်သည့်အပြင် ပုံမှန်တင်သွင်းနေသည့် လမ်းကြောင်းများအပြင် အခြားလမ်းကြောင်းများမှလည်း တင်သွင်းနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ထားမှုများရှိပြီးဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ကြောင့်ကြ၍ ဝယ်ယူ မှုမပြုလုပ်ခြင်း၊ စက်သုံးဆီရောင်းချခြင်းနှင့်စပ်လျဉ်း၍ မမှန်ကန်မှုများတွေ့ရှိရပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ တိကျစွာတိုင်ကြားမှုများ ပြုလုပ်ခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြရန် စွမ်းအင်ဝန်ကြီးဌာနက အသိပေးတိုက်တွန်းထားသည်။

Zawgyi version:
ယာဥ္၏စက္စြမ္းအား အေပၚ မူတည္၍ တစ္ပတ္အတြင္း ဝယ္ယူခြင့္ရွိသည့္ပမာဏကို သတ္မွတ္ၿပီး တစ္ပတ္အတြင္း တစ္ႀကိမ္ တည္းျဖစ္ေစ၊ အမ်ားဆုံး ၂ ႀကိမ္ခြဲ၍ျဖစ္ေစ ဝယ္ယူႏိုင္မည့္ စနစ္ကို Bar Code ႏွင့္ QR Code စနစ္ အတြင္းထည့္သြင္း၍ လာမည့္ရက္သတၱပတ္အတြင္း စတင္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနမွ ယေန႔ (မတ္လ ၂၂ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
အေရွ႕အလယ္ပိုင္းေဒသတြင္ ျဖစ္ေပၚလ်က္ရွိသည့္ စစ္ေရးပဋိပကၡေၾကာင့္ မိမိတို႔ႏိုင္ငံ အတြင္း စက္သုံးဆီသုံးစြဲမႈ အခက္အခဲမျဖစ္ေပၚေစေရး စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ေစာင့္ၾကည့္၊ ၾကပ္မတ္၊ ထိန္းေက်ာင္းမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ (မတ္လ ၁၂) ရက္ေန႔တြင္ ေမာ္ေတာ္ယာဥ္မ်ားအတြက္ Bar Code အား Scan ဖတ္ျခင္း၊ ဆိုင္ကယ္မ်ားအတြက္ QR Code ထုတ္ေပးျခင္း စနစ္ကို စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ခဲ့ၿပီး ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ားအေပၚတြင္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏႈိင္းေျဖရွင္း ေဆာင္႐ြက္ ေပးေနသကဲ့သို႔ ျပည္သူလူထုအေနျဖင့္ နားလည္မႈရွိစြာ ပူးေပါင္းေဆာင္႐ြက္ခဲ့သည္ကိုလည္း ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းသို႔ေဆာင္႐ြက္ေနစဥ္အတြင္း စက္သုံးဆီအေရာင္းဆိုင္မ်ားသို႔ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ၿပီး လိုက္နာေဆာင္႐ြက္ရန္ စစ္ေဆးၾကပ္မတ္လ်က္ရွိရာ ျပည္သူလူထုအေနျဖင့္ တိက်စြာတိုင္ၾကားလာမႈမ်ား အေပၚတြင္ သက္ဆိုင္ရာအေရာင္းဆိုင္ မ်ားအား သြားေရာက္စစ္ေဆးၿပီး ေရာင္းခ်ခြင့္လိုင္စင္ပိတ္သိမ္းခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
စက္သုံးဆီဝယ္ယူရာတြင္ ပိုမိုအဆင္ေျပေခ်ာေမြ႕ ေစရန္အတြက္ ယာဥ္၏စက္စြမ္းအား အေပၚ မူတည္၍ တစ္ပတ္အတြင္း ဝယ္ယူခြင့္ရွိသည့္ပမာဏကို သတ္မွတ္ၿပီး တစ္ပတ္အတြင္း တစ္ႀကိမ္ တည္းျဖစ္ေစ၊ အမ်ားဆုံး (၂) ႀကိမ္ခြဲ၍ျဖစ္ေစ ဝယ္ယူႏိုင္မည့္ စနစ္ကို Bar Code ႏွင့္ QR Code စနစ္ အတြင္းထည့္သြင္း၍ လာမည့္ရက္သတၱပတ္အတြင္း စတင္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ စက္သုံးဆီဖူလုံမႈ ရက္ ၅၀ စာ သိုေလွာင္ထားရွိၿပီးျဖစ္သည့္အျပင္ ပုံမွန္တင္သြင္းေနသည့္ လမ္းေၾကာင္းမ်ားအျပင္ အျခားလမ္းေၾကာင္းမ်ားမွလည္း တင္သြင္းႏိုင္ရန္ ခ်ိတ္ဆက္ေဆာင္႐ြက္ထားမႈမ်ားရွိၿပီးျဖစ္သျဖင့္ ျပည္သူလူထုအေနျဖင့္ စိုးရိမ္ေၾကာင့္ၾက၍ ဝယ္ယူ မႈမျပဳလုပ္ျခင္း၊ စက္သုံးဆီေရာင္းခ်ျခင္းႏွင့္စပ္လ်ဥ္း၍ မမွန္ကန္မႈမ်ားေတြ႕ရွိရပါက သက္ဆိုင္ရာ ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္၍ တိက်စြာတိုင္ၾကားမႈမ်ား ျပဳလုပ္ျခင္းတို႔ျဖင့္ ပူးေပါင္းေဆာင္႐ြက္ ေပးၾကရန္ စြမ္းအင္ဝန္ႀကီးဌာနက အသိေပးတိုက္တြန္းထားသည္။