လွှတ်တော်တွင်း ရောက်လာသည့် အချိန်တွင် ပါတီ အရောင်အသွေး မခွဲခြားပဲ ပြည်သူလူထု အကျိုးစီးပွားကို ရှေ့ရှု့ရန် အမျိုးသားလွှတ်တော်ဥက္ကဌ တိုက်တွန်း

509

သုတကျော်၊ သန့်ဇင် (NP News) - မတ် ၁၈
လွှတ်တော်တွင်း ရောက်လာသည့် အချိန်တွင် ပါတီ အရောင်အသွေး မခွဲခြားပဲ ပြည်သူလူထု အကျိုးစီးပွားကို ရှေ့ရှု့ရန် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။
ယနေ့ (မတ်လ ၁၈ ရက်) ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဥက္ကဌ နှင့် ဒုတိယ ဥက္ကဌ ကို ရွေးကောက်တင်မြှောက်ပြီးသည့် နောက် အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ် ပြောကြားသော မိန့်ခွန်း အတွင်း ဦးအောင်လင်းဒွေး က အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ခံကိုယ်စားလှယ်များ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေ နှင့် အညီ အမည်စာရင်း တင်သွင်းထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော် ဖြစ်သည့် အတွက် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန် မှာကြားသည်။
“အခုကျင်းပတဲ့ တတိယ အကြိမ် လွှတ်တော်ဟာ ပြင်ဆင် ပြဌာန်းခဲ့တဲ့ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ နဲ့ အညီ မဲအများဆုံး ရသူ အနိုင်ယူ စနစ် နဲ့ အချိုးကျ ကိုယ်စားပြု စနစ် တို့ကို ပေါင်းစပ် ဖြစ်ပေါ်လာတဲ့ လွှတ်တော် ဖြစ်တဲ့ အတွက် ထူးခြားစွာ ပေါ်ပေါက်လာတဲ့ လွှတ်တော်ပဲ ဖြစ်ပါတယ်။ လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်တဲ့ အခါ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း ယဉ်ယဉ်ကျေးကျေး နဲ့ ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် ဆက်ဆံ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရမည် ဖြစ်သကဲ့သို့ လွှတ်တော်က သတ်မှတ်ထားသော စည်းကမ်းများကိုလည်း လိုက်နာကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
“လွှတ်တော်ထဲ ရောက်လာတဲ့ အချိန်မှာ ပါတီ ၊ အရောင်အသွေး မခွဲခြားပဲ ပြည်သူ လူထု အကျိုးစီးပွားကို ရှေ့ရှု့ပြီး ညီညီညွတ်ညွတ် နဲ့ ဝိုင်းဝန်း ဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ် များဟာ ပြည်သူက ယုံကြည်စွာ ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ မိမိတို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူလူထု အသံကို နားထောင်ပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Zawgyi Version:
လႊတ္ေတာ္တြင္း ေရာက္လာသည့္ အခ်ိန္တြင္ ပါတီ အေရာင္အေသြး မခြဲျခားပဲ ျပည္သူလူထု အက်ိဳးစီးပြားကို ေရွ႕ရႈ႕ရန္ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌ တိုက္တြန္း
သုတေက်ာ္၊ သန႔္ဇင္ (NP News) - မတ္ ၁၈
လႊတ္ေတာ္တြင္း ေရာက္လာသည့္ အခ်ိန္တြင္ ပါတီ အေရာင္အေသြး မခြဲျခားပဲ ျပည္သူလူထု အက်ိဳးစီးပြားကို ေရွ႕ရႈ႕ရန္ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌ ဦးေအာင္လင္းေဒြး က ေျပာၾကားသည္။
ယေန႔ (မတ္လ ၁၈ ရက္) က်င္းပျပဳလုပ္သည့္ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးတြင္ ဥကၠဌ ႏွင့္ ဒုတိယ ဥကၠဌ ကို ေ႐ြးေကာက္တင္ေျမႇာက္ၿပီးသည့္ ေနာက္ အမ်ိဳးသားလႊတ္ေတာ္ ဥကၠဌ အျဖစ္ ေျပာၾကားေသာ မိန႔္ခြန္း အတြင္း ဦးေအာင္လင္းေဒြး က အထက္ပါ အတိုင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ေ႐ြးေကာက္ခံကိုယ္စားလွယ္မ်ား ႏွင့္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ဥပေဒ ႏွင့္ အညီ အမည္စာရင္း တင္သြင္းထားေသာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပါဝင္ေသာ လႊတ္ေတာ္ ျဖစ္သည့္ အတြက္ ျပည္ေထာင္စု စိတ္ဓာတ္ျဖင့္ စည္းစည္းလုံးလုံး၊ ညီညီၫြတ္ၫြတ္ ေဆာင္႐ြက္သြားၾကရန္ မွာၾကားသည္။
“အခုက်င္းပတဲ့ တတိယ အႀကိမ္ လႊတ္ေတာ္ဟာ ျပင္ဆင္ ျပဌာန္းခဲ့တဲ့ အမ်ိဳးသားလႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒ နဲ႔ အညီ မဲအမ်ားဆုံး ရသူ အႏိုင္ယူ စနစ္ နဲ႔ အခ်ိဳးက် ကိုယ္စားျပဳ စနစ္ တို႔ကို ေပါင္းစပ္ ျဖစ္ေပၚလာတဲ့ လႊတ္ေတာ္ ျဖစ္တဲ့ အတြက္ ထူးျခားစြာ ေပၚေပါက္လာတဲ့ လႊတ္ေတာ္ပဲ ျဖစ္ပါတယ္။ လႊတ္ေတာ္လုပ္ငန္းေတြ ေဆာင္႐ြက္တဲ့ အခါ လႊတ္ေတာ္ကိုယ္စားလွယ္အခ်င္းခ်င္း ယဥ္ယဥ္ေက်းေက်း နဲ႔ ခ်စ္ခ်စ္ခင္ခင္ ညီညီၫြတ္ၫြတ္ ဆက္ဆံ ေဆာင္႐ြက္သြားရမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။
လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနျဖင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ၊ လႊတ္ေတာ္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားကို ေလးစားလိုက္နာရမည္ ျဖစ္သကဲ့သို႔ လႊတ္ေတာ္က သတ္မွတ္ထားေသာ စည္းကမ္းမ်ားကိုလည္း လိုက္နာၾကရမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။
“လႊတ္ေတာ္ထဲ ေရာက္လာတဲ့ အခ်ိန္မွာ ပါတီ ၊ အေရာင္အေသြး မခြဲျခားပဲ ျပည္သူ လူထု အက်ိဳးစီးပြားကို ေရွ႕ရႈ႕ၿပီး ညီညီၫြတ္ၫြတ္ နဲ႔ ဝိုင္းဝန္း ေဆြးေႏြးၾကဖို႔ တိုက္တြန္းလိုပါတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ မ်ားဟာ ျပည္သူက ယုံၾကည္စြာ ေ႐ြးခ်ယ္ေပးလိုက္တဲ့ ျပည္သူ႔ ကိုယ္စားလွယ္ေတြ ျဖစ္ပါတယ္။ မိမိတို႔ကို ေ႐ြးေကာက္တင္ေျမႇာက္လိုက္တဲ့ ျပည္သူလူထု အသံကို နားေထာင္ၿပီး အတတ္ႏိုင္ဆုံး ျဖည့္ဆည္း ေဆာင္႐ြက္ေပးသြားရမွာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။