တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် ဦးဌေးအောင်နှင့် ဒုတိယဥက္ကဌအဖြစ် ဦးကျော်ကျော်စိုးတို့အား ရွေးကောက်တင်မြှောက်

 565

NP News - မတ် ၂၀
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌအဖြစ် ဦးဌေးအောင်နှင့် ဒုတိယဥက္ကဌအဖြစ် ဦးကျော်ကျော်စိုးတို့အား ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးပထမနေ့ ကို ယနေ့ မတ် (၂၀) ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်အဆောက်အဦးတွင်ကျင်းပခဲ့ကြပြီး ဥက္ကဌအဖြစ် သာ‌ေကတမဲဆန္ဒနယ်မှ ဦးဌေးအောင်ကို ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ ဦးဌေးအောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် ဦးကျော်ကျော်စိုးသည် မြောက်ဥက္ကလာမဲဆန္ဒနယ်မှ တက်လာသော ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
တတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌအျဖစ္ ဦးေဌးေအာင္ႏွင့္ ဒုတိယဥကၠဌအျဖစ္ ဦးေက်ာ္ေက်ာ္စိုးတို႔အား ေ႐ြးေကာက္တင္ေျမႇာက္
NP News - မတ္ ၂၀
တတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠဌအျဖစ္ ဦးေဌးေအာင္ႏွင့္ ဒုတိယဥကၠဌအျဖစ္ ဦးေက်ာ္ေက်ာ္စိုးတို႔အား ေ႐ြးေကာက္တင္ေျမႇာက္ခဲ့ၾကသည္။
တတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးပထမေန႔ ကို ယေန႔ မတ္ ၂၀ရက္တြင္ ရန္ကုန္တိုင္းလႊတ္ေတာ္အေဆာက္အဦးတြင္က်င္းပခဲ့ၾကၿပီး ဥကၠဌအျဖစ္ သာကတမဲဆႏၵနယ္မွ ဦးေဌးေအာင္ကို ေ႐ြးေကာက္တင္ေျမႇာက္ခဲ့ျခင္းျဖစ္သည္။ ဦးေဌးေအာင္သည္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ လူမႈေရးရာဝန္ႀကီးအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ဒုတိယဥကၠဌအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့သည့္ ဦးေက်ာ္ေက်ာ္စိုးသည္ ေျမာက္ဥကၠလာမဲဆႏၵနယ္မွ တက္လာေသာ ကိုယ္စားလွယ္တစ္ဦးျဖစ္သည္။ လက္ရွိတြင္ ရန္ကုန္တိုင္းအစိုးရအဖြဲ႕တြင္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ယူေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.