အနုတင်ကို ဝန်ကြီးချုပ် အဖြစ်ထပ်မံတာဝန်ယူဖို့ ထိုင်းလွတ်တော် မဲပေး ရွေးချယ်

 285

ဂျန်ဇက်(NP News)- မတ် ၁၉

ထိုင်းလွတ်တော်ဟာ သန်းကြွယ်သူဌေး အနုတင်ကို ဝန်ကြီးချုပ် အဖြစ် မဲပေးရွေးချယ်လိုက်ပါတယ်။ ထိုင်းလွတ်တော်မှာ မတ်လ ၁၉ ရက်နေ့က မဲပေးရွေးချယ်ခဲ့ရာ အနုတင်ကို ဝန်ကြီးချုပ် အဖြစ် ရွေးခယ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းလွတ်တော်ကမဲပေးရာမှာအနုတင်ကို ဝန်ကြီးချုပ် အဖြစ်ထောက်ခံမဲ ၂၉၃ မဲl အနုတင်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ပြည်သူပါတီမှ ဝန်ကြီးချုပ်လောင်းက ထောက်ခံမဲ ၁၁၉ မဲ ကြားနေမဲ ၈၆ မဲ ရှိခဲ့တယ်လို့ သိရပါတယ်။
အနုတင်ဟာ ဝန်ကြီးချုပ် အ ဖြစ် တာဝန်ယူဖို့ လိုအပ်တဲ့ လွတ်တော်မဲ ၂၅၁ မဲ ထက်ကျော်လွန် ရရှိခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၁၉ရက်နေ့က ကျင်းပတဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို လွတ်တော်ကိုယ်စားလှယ်ပေါင်း ၄၉၈ဦး တက်ရောက် ဆန္ဒမဲ ပေးခဲ့တယ်လို့ သိရပါတယ်။
အနုတင် ဦးဆောင်နေတဲ့ Bhumjaithai ပါတီ အပါအဝင် ဖြူထိုင်းပါတီ နဲ့ အခြားပါတီငယ်ပေါင်း ၁၃ ပါတီက လွတ်တော် ကိုယ်စားလှယ်များဟာအနုတင်ကို ဝန်ကြီးချုပ် အဖြစ် ထပ်မံတာဝန်ယူဖို့ အနည်းဆုံး ဆန္ဒမဲများပေးခဲ့တယ်လို့ သိရပါတယ်။အနုတင်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ခု နှစ် စက်တင်ဘာမှာ ဝန်ကြီးချုပ် အဖြစ်ရွေးချယ်ခန့်အပ်ခံရပြီး လက်ရှိအချိန်မှာ ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးချယ်ခံရတာ ဖြစ်ပါတယ်။

Zawgyi Version:
အႏုတင္ကို ဝန္ႀကီးခ်ဳပ္ အျဖစ္ထပ္မံတာဝန္ယူဖို႔ ထိုင္းလြတ္ေတာ္ မဲေပး ေ႐ြးခ်ယ္
ဂ်န္ဇက္(NP News)- မတ္ ၁၉
ထိုင္းလြတ္ေတာ္ဟာ သန္းႂကြယ္သူေဌး အႏုတင္ကို ဝန္ႀကီးခ်ဳပ္ အျဖစ္ မဲေပးေ႐ြးခ်ယ္လိုက္ပါတယ္။ ထိုင္းလြတ္ေတာ္မွာ မတ္လ ၁၉ ရက္ေန႔က မဲေပးေ႐ြးခ်ယ္ခဲ့ရာ အႏုတင္ကို ဝန္ႀကီးခ်ဳပ္ အျဖစ္ ေ႐ြးခယ္ခဲ့တာ ျဖစ္ပါတယ္။ ထိုင္းလြတ္ေတာ္ကမဲေပးရာမွာအႏုတင္ကို ဝန္ႀကီးခ်ဳပ္ အျဖစ္ေထာက္ခံမဲ ၂၉၃ မဲl အႏုတင္ရဲ႕ ၿပိဳင္ဘက္ျဖစ္တဲ့ ျပည္သူပါတီမွ ဝန္ႀကီးခ်ဳပ္ေလာင္းက ေထာက္ခံမဲ ၁၁၉ မဲ ၾကားေနမဲ ၈၆ မဲ ရွိခဲ့တယ္လို႔ သိရပါတယ္။ အႏုတင္ဟာ ဝန္ႀကီးခ်ဳပ္ အ ျဖစ္ တာဝန္ယူဖို႔ လိုအပ္တဲ့ လြတ္ေတာ္မဲ ၂၅၁ မဲ ထက္ေက်ာ္လြန္ ရရွိခဲ့တာ ျဖစ္ပါတယ္။ မတ္လ ၁၉ရက္ေန႔က က်င္းပတဲ့ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ပြဲကို လြတ္ေတာ္ကိုယ္စားလွယ္ေပါင္း ၄၉၈ဦး တက္ေရာက္ ဆႏၵမဲ ေပးခဲ့တယ္လို႔ သိရပါတယ္။ အႏုတင္ ဦးေဆာင္ေနတဲ့ Bhumjaithai ပါတီ အပါအဝင္ ျဖဴထိုင္းပါတီ နဲ႔ အျခားပါတီငယ္ေပါင္း ၁၃ ပါတီက လြတ္ေတာ္ ကိုယ္စားလွယ္မ်ားဟာအႏုတင္ကို ဝန္ႀကီးခ်ဳပ္ အျဖစ္ ထပ္မံတာဝန္ယူဖို႔ အနည္းဆုံး ဆႏၵမဲမ်ားေပးခဲ့တယ္လို႔ သိရပါတယ္။အႏုတင္ဟာ ၿပီးခဲ့တဲ့ ၂၀၂၅ခု ႏွစ္ စက္တင္ဘာမွာ ဝန္ႀကီးခ်ဳပ္ အျဖစ္ေ႐ြးခ်ယ္ခန္႔အပ္ခံရၿပီး လက္ရွိအခ်ိန္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ထပ္မံေ႐ြးခ်ယ္ခံရတာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.