သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကြောင့် တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်တက်လာသည့်အတွက် နွေရာသီအတွင်း ကျန်းမာရေး ပိုမိုဂရုစိုက်ရန်လို

 128

Pearl (NP News) - မတ် ၁၉

သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကြောင့် တစ်နှစ်ထက် တစ်နှစ် အပူချိန်မြင့်တက်လာသည့်အတွက် နွေရာသီအတွင်း ကျန်းမာရေး ပိုမိုဂရုစိုက်ရန်လိုကြောင်း ဆရာဝန်ကြီးတစ်ဦးက NP News မှ တဆင့် သတိပေးပြောကြားထားသည်။
နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်၍ အပူဒဏ်အန္တရာယ်ကြောင့် ရုတ်တရက် သတိလစ်ခြင်းများ အပါအဝင် မလိုလားအပ်သော ကျန်းမာရေးအကျိုးဆက်များ နှင့် ရာသီစာဖြစ်သည့် ကြံရည်များကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
“နွေရာသီကတော့ Heat Related Disease ပေါ့။ အပူကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြသနာတွေ က အဖြစ်များတယ်။ နောက် ကြံရည်တို့ ရေခဲတို့ သောက်တတ်တော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်တယ်။ အခုက သဘာဝ ပတ်ဝန်းကျင်ကလည်း နည်းနည်းထိခိုက်ထားတော့ အိုဇုန်းလွှာပါးတယ်။ အဲဒီကနေ အပူချိန်က ပိုမြင့်လာတယ် တစ်နှစ်ထက် တစ်နှစ်။ အဲဒါကြောင့် အရမ်းအဖျားတက်လာတာတို့ ၊ အပူချိန်တွေ မြင့်တက်ပြီး သတိလစ်တာတွေ ဖြစ်တက်တယ်” ဟု အထက်ပါ ဆရာဝန်က NP News သို့ပြောသည်။
ထိုသို့ အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးအကျိုးဆက်များ မဖြစ်စေရေးတွက် နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် ရှောင်ကြဉ်ပြီး ရေများများသောက်ရန် လိုအပ် ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ရောဂါ အခံရှိသူများအနေဖြင့် ပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်စေရေး ပိုမို ဂရုစိုက်သင့်ကြောင်းလည်း သတိပေးထားသည်။
“ အပူကြောင့် ဖြစ်တာတွေ ကို ရှောင်ဖို့ နံပတ် (၁) ကတော့ အရမ်းပူတဲ့အချိန်အပြင်မထွက်ဖို့ပေါ့နော်။ နေနဲ့ တိုက်ရိုက်မထိတွေ့စေဖို့ အပြင်ထွက်တာတွေ လျှော့ဖို့ ၊ မဖြစ်မနေ ထွက်ရမယ်ဆိုရင် ထီးဆောင်းတာတို့ ၊ ဦးထုပ်‌ဆောင်းတာတို့ ၊ အရိပ်အောက်ကသွားတာတို့ လုပ်ဖို့လိုတယ်။ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုက ရုတ်တရက်ပြောင်းလဲမှုတွေကို မကြိုက်ဘူး။ ဥပမာ အပြင်က ရောက်ရောက်ချင်း ခြေထောက်ကို ရေလောင်းလိုက်တာတို့ ၊ ရေချိုးလိုက်တာတို့ ၊ အဲကွန်း တန်းဖွင့်လိုက်တာတို့ ၊ ဥပမာ နေပူထဲက လာလာချင်း အထဲမှာ အဲကွန်းအေးအေးကြီးကို တန်းဝင်းတာတို့ ၊ အဲကွန်းအေးနေတဲ့ကားထဲကနေ နေပူထဲကို ချက်ချင်းထွက်လိုက်တာတို့ ။ အဓိကကတော့ ရေအများကြီး သောက်ဖို့လိုတယ်” ဟု အထက်ပါ ဆရာဝန်က ပြောသည်။
အလားတူ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှုများ ကြောင့် အရေပြားကင်ဆာအပါအဝင် အရေပြားနှင့် သက်ဆိုင်သော ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့်အတွက် မဖြစ်မနေ အပြင်ထွက်သည့်အခါ UV ပါသည့် နေကာမျက်မှန်များ၊ သက်ဆိုင်ရာ ဌာနက ထောက်ခံချက်ပေးထားပြီး SPF 15+ ပါသည့် Sun Cream များ အသုံးပြုရန် လည်း ၎င်းက အကြံပေးထားသည်။

Zawgyi Version;
သဘာဝပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈမ်ားေၾကာင့္ တစ္ႏွစ္ထက္တစ္ႏွစ္ အပူခ်ိန္ျမင့္တက္လာသည့္အတြက္ ေႏြရာသီအတြင္း က်န္းမာေရး ပိုမိုဂ႐ုစိုက္ရန္လို
Pearl (NP News) - မတ္ ၁၉
သဘာဝပတ္ဝန္းက်င္ထိခိုက္ပ်က္စီးမႈမ်ားေၾကာင့္ တစ္ႏွစ္ထက္ တစ္ႏွစ္ အပူခ်ိန္ျမင့္တက္လာသည့္အတြက္ ေႏြရာသီအတြင္း က်န္းမာေရး ပိုမိုဂ႐ုစိုက္ရန္လိုေၾကာင္း ဆရာဝန္ႀကီးတစ္ဦးက NP News မွ တဆင့္ သတိေပးေျပာၾကားထားသည္။
ေႏြရာသီတြင္ ရာသီဥတုပူျပင္းလာၿပီျဖစ္၍ အပူဒဏ္အႏၲရာယ္ေၾကာင့္ ႐ုတ္တရက္ သတိလစ္ျခင္းမ်ား အပါအဝင္ မလိုလားအပ္ေသာ က်န္းမာေရးအက်ိဳးဆက္မ်ား ႏွင့္ ရာသီစာျဖစ္သည့္ ႀကံရည္မ်ားေၾကာင့္ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။
“ေႏြရာသီကေတာ့ Heat Related Disease ေပါ့။ အပူေၾကာင့္ ျဖစ္ႏိုင္တဲ့ ေနာက္ဆက္တြဲ ျပသနာေတြ က အျဖစ္မ်ားတယ္။ ေနာက္ ႀကံရည္တို႔ ေရခဲတို႔ ေသာက္တတ္ေတာ့ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္တတ္တယ္။ အခုက သဘာဝ ပတ္ဝန္းက်င္ကလည္း နည္းနည္းထိခိုက္ထားေတာ့ အိုဇုန္းလႊာပါးတယ္။ အဲဒီကေန အပူခ်ိန္က ပိုျမင့္လာတယ္ တစ္ႏွစ္ထက္ တစ္ႏွစ္။ အဲဒါေၾကာင့္ အရမ္းအဖ်ားတက္လာတာတို႔ ၊ အပူခ်ိန္ေတြ ျမင့္တက္ၿပီး သတိလစ္တာေတြ ျဖစ္တက္တယ္” ဟု အထက္ပါ ဆရာဝန္က NP News သို႔ေျပာသည္။
ထိုသို႔ အပူဒဏ္အႏၲရာယ္ေၾကာင့္ မလိုလားအပ္ေသာ က်န္းမာေရးအက်ိဳးဆက္မ်ား မျဖစ္ေစေရးတြက္ ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္မထိေတြ႕ေစရန္ ေရွာင္ၾကဥ္ၿပီး ေရမ်ားမ်ားေသာက္ရန္ လိုအပ္ ေၾကာင္း ၎က ေျပာသည္။
ထို႔ျပင္ ကေလးသူငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ေရာဂါ အခံရွိသူမ်ားအေနျဖင့္ ပူဒဏ္အႏၲရာယ္ေၾကာင့္ မလိုလားအပ္ေသာ က်န္းမာေရးအက်ိဳးဆက္မ်ား မျဖစ္ေပၚေစေရး ပိုမို ဂ႐ုစိုက္သင့္ေၾကာင္းလည္း သတိေပးထားသည္။
“ အပူေၾကာင့္ ျဖစ္တာေတြ ကို ေရွာင္ဖို႔ နံပတ္ (၁) ကေတာ့ အရမ္းပူတဲ့အခ်ိန္အျပင္မထြက္ဖို႔ေပါ့ေနာ္။ ေနနဲ႔ တိုက္႐ိုက္မထိေတြ႕ေစဖို႔ အျပင္ထြက္တာေတြ ေလွ်ာ့ဖို႔ ၊ မျဖစ္မေန ထြက္ရမယ္ဆိုရင္ ထီးေဆာင္းတာတို႔ ၊ ဦးထုပ္‌ေဆာင္းတာတို႔ ၊ အရိပ္ေအာက္ကသြားတာတို႔ လုပ္ဖို႔လိုတယ္။ ခႏၶာကိုယ္ရဲ႕ တုံ႔ျပန္မႈက ႐ုတ္တရက္ေျပာင္းလဲမႈေတြကို မႀကိဳက္ဘူး။ ဥပမာ အျပင္က ေရာက္ေရာက္ခ်င္း ေျခေထာက္ကို ေရေလာင္းလိုက္တာတို႔ ၊ ေရခ်ိဳးလိုက္တာတို႔ ၊ အဲကြန္း တန္းဖြင့္လိုက္တာတို႔ ၊ ဥပမာ ေနပူထဲက လာလာခ်င္း အထဲမွာ အဲကြန္းေအးေအးႀကီးကို တန္းဝင္းတာတို႔ ၊ အဲကြန္းေအးေနတဲ့ကားထဲကေန ေနပူထဲကို ခ်က္ခ်င္းထြက္လိုက္တာတို႔ ။ အဓိကကေတာ့ ေရအမ်ားႀကီး ေသာက္ဖို႔လိုတယ္” ဟု အထက္ပါ ဆရာဝန္က ေျပာသည္။
အလားတူ ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္ ထိေတြ႕မႈမ်ား ေၾကာင့္ အေရျပားကင္ဆာအပါအဝင္ အေရျပားႏွင့္ သက္ဆိုင္ေသာ က်န္းမာေရးဆိုးက်ိဳးမ်ား ျဖစ္ေပၚႏိုင္သည့္အတြက္ မျဖစ္မေန အျပင္ထြက္သည့္အခါ UV ပါသည့္ ေနကာမ်က္မွန္မ်ား၊ သက္ဆိုင္ရာ ဌာနက ေထာက္ခံခ်က္ေပးထားၿပီး SPF 15+ ပါသည့္ Sun Cream မ်ား အသုံးျပဳရန္ လည္း ၎က အႀကံေပးထားသည္။

Related news

© 2021. All rights reserved.