အီရန် အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ထောက်ပံ့ပေးသွားမယ်လို့ တရုတ်အစိုးရပြော

 142

Pika (NP News) - မတ် ၁၈

အီရန်နဲ့လက်ဘနွန်နိုင်ငံတို့ အပါအဝင် အရှေ့အလယ်ပိုင်းမှာရှိတဲ့နိုင်ငံတွေကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေ ထောက်ပံ့ပေးသွားမယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲဆင်နွှဲမှုက သီတင်းပတ်(၃)ပတ်အတွင်းကို ဝင်လာချိန်မှာပဲ တရုတ် အစိုးရက ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အီရန်ရဲ့ရင်းနှီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပြီး အီရန်အပေါ် တိုက်ခိုက်မှုတွေကို လျှော့ချဖို့ အမေရိကန် နဲ့ အစ္စရေးတို့ကို တိုက်တွန်းခဲ့သလို အမေရိကန်အခြေစိုက်စခန်းတွေကို လက်ခံထားတဲ့ ပင်လယ်ကွေ့နိုင်ငံတွေ အပေါ် အီရန်ရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲဟာ အီရန်နဲ့အခြားအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ပြင်းထန်တဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးတွေကိုဖြစ်ပေါ်စေခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေး ဆိုခွင့်ရှိသူ လင်ကျန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လင်ကျန်းက ”တရုတ်က အီရန်၊လက်ဘနွန်၊ဂျော်ဒန်နဲ့ အီရတ်နိုင်ငံတို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးသွားမှာပါ။ ဒီအကူအညီက ဒေသခံပြည်သူတွေရင်ဆိုင်နေရတဲ့လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဒုက္ခတွေကို လျော့ပါးစေဖို့ ကူညီပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အီရန္ အပါအဝင္ အေရွ႕အလယ္ပိုင္းႏိုင္ငံေတြကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီေတြ ေထာက္ပံ့ေပးသြားမယ္လို႔ တ႐ုတ္အစိုးရေျပာ
Pika (NP News) - မတ္ ၁၈
အီရန္နဲ႔လက္ဘႏြန္ႏိုင္ငံတို႔ အပါအဝင္ အေရွ႕အလယ္ပိုင္းမွာရွိတဲ့ႏိုင္ငံေတြကို လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာအကူအညီေတြ ေထာက္ပံ့ေပးသြားမယ္လို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ အီရန္အေပၚ စစ္ပြဲဆင္ႏႊဲမႈက သီတင္းပတ္(၃)ပတ္အတြင္းကို ဝင္လာခ်ိန္မွာပဲ တ႐ုတ္ အစိုးရက ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ အီရန္ရဲ႕ရင္းႏွီးတဲ့ မိတ္ဖက္ႏိုင္ငံျဖစ္ၿပီး အီရန္အေပၚ တိုက္ခိုက္မႈေတြကို ေလွ်ာ့ခ်ဖို႔ အေမရိကန္ နဲ႔ အစၥေရးတို႔ကို တိုက္တြန္းခဲ့သလို အေမရိကန္အေျခစိုက္စခန္းေတြကို လက္ခံထားတဲ့ ပင္လယ္ေကြ႕ႏိုင္ငံေတြ အေပၚ အီရန္ရဲ႕ပစ္မွတ္ထားတိုက္ခိုက္မႈေတြကိုလည္း ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိျဖစ္ပြားေနတဲ့စစ္ပြဲဟာ အီရန္နဲ႔အျခားအေရွ႕အလယ္ပိုင္းႏိုင္ငံေတြမွာ ျပင္းထန္တဲ့ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ ကပ္ေဘးေတြကိုျဖစ္ေပၚေစခဲ့တယ္လို႔လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရး ဆိုခြင့္ရွိသူ လင္က်န္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
လင္က်န္းက ”တ႐ုတ္က အီရန္၊လက္ဘႏြန္၊ေဂ်ာ္ဒန္နဲ႔ အီရတ္ႏိုင္ငံတို႔ကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ ေထာက္ပံ့ေပးသြားမွာပါ။ ဒီအကူအညီက ေဒသခံျပည္သူေတြရင္ဆိုင္ေနရတဲ့လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာဒုကၡေတြကို ေလ်ာ့ပါးေစဖို႔ ကူညီေပးႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.