အီရန်ထိပ်တန်းခေါင်းဆောင်အသစ်ကို ရှာဖွေပြီး သုတ်သင်ရှင်းလင်းသွားမယ်လို့ အစ္စရေးစစ်ဘက်ခြိမ်းခြောက်

 155

Pika (NP News) - မတ် ၁၈

အီရန်ထိပ်တန်းခေါင်းဆောင်အသစ် မိုဂျ်တာဘာခါမေနီကို ရှာဖွေပြီး သုတ်သင်ရှင်းလင်းသွားမယ်လို့ အစ္စရေး စစ်တပ်က ကတိပြုခဲ့ပါတယ်။
အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်လုံခြုံရေးအကြီးအကဲ လာဂျာနီသေဆုံးခဲ့ပြီးနောက် အစ္စရေး ဘက်က ယခုလိုမျိုး ထပ်မံခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် အီရန်လုံခြုံရေးအကြီးအကဲ လာဂျာနီ သေဆုံးမှုကို အီရန်ရဲ့အမြင့်ဆုံးအမျိုးသားလုံခြုံရေးကောင်စီက တရားဝင်အတည်ပြုပေးခဲ့တယ်လို့လည်း သိရပါတယ်။
ဟော်မုဇ်ရေလက်ကြားက စစ်မဖြစ်ခင်အချိန်တုန်းကအတိုင်း ဘယ်တော့မှပြန်ဖြစ်တော့မှာ မဟုတ်ဘူးလို့ အီရန် အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် လာဂျာနီရဲ့သေဆုံးမှုနဲ့ပတ်သက်တဲ့သတင်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ ကာလရှည်ကြာ ထိပ်တန်းခေါင်းဆောင် အလီခါမေနီသေဆုံးခဲ့ပြီးနောက် သီတင်းပတ်(၁)ပတ်ကျော်အကြာမှာ သားဖြစ်သူ မိုဂျ်တာဘာခါမေနီက ထိပ်တန်းခေါင်းဆောင်ရာထူးကို ရယူခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
အီရန္ထိပ္တန္းေခါင္းေဆာင္အသစ္ကို ရွာေဖြၿပီး သုတ္သင္ရွင္းလင္းသြားမယ္လို႔ အစၥေရးစစ္ဘက္ၿခိမ္းေျခာက္
Pika (NP News) - မတ္ ၁၈
အီရန္ထိပ္တန္းေခါင္းေဆာင္အသစ္ မိုဂ်္တာဘာခါေမနီကို ရွာေဖြၿပီး သုတ္သင္ရွင္းလင္းသြားမယ္လို႔ အစၥေရး စစ္တပ္က ကတိျပဳခဲ့ပါတယ္။
အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈအတြင္း အီရန္လုံၿခဳံေရးအႀကီးအကဲ လာဂ်ာနီေသဆုံးခဲ့ၿပီးေနာက္ အစၥေရး ဘက္က ယခုလိုမ်ိဳး ထပ္မံၿခိမ္းေျခာက္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ အီရန္လုံၿခဳံေရးအႀကီးအကဲ လာဂ်ာနီ ေသဆုံးမႈကို အီရန္ရဲ႕အျမင့္ဆုံးအမ်ိဳးသားလုံၿခဳံေရးေကာင္စီက တရားဝင္အတည္ျပဳေပးခဲ့တယ္လို႔လည္း သိရပါတယ္။
ေဟာ္မုဇ္ေရလက္ၾကားက စစ္မျဖစ္ခင္အခ်ိန္တုန္းကအတိုင္း ဘယ္ေတာ့မွျပန္ျဖစ္ေတာ့မွာ မဟုတ္ဘူးလို႔ အီရန္ အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ လာဂ်ာနီရဲ႕ေသဆုံးမႈနဲ႔ပတ္သက္တဲ့သတင္းေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ အီရန္ရဲ႕ ကာလရွည္ၾကာ ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီေသဆုံးခဲ့ၿပီးေနာက္ သီတင္းပတ္(၁)ပတ္ေက်ာ္အၾကာမွာ သားျဖစ္သူ မိုဂ်္တာဘာခါေမနီက ထိပ္တန္းေခါင္းေဆာင္ရာထူးကို ရယူခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.