ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့အတွက် သဘောတူညီချက်တစ်ခုကို ရရှိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

132

Pika (NP News) - စက်တင်ဘာ ၂၈
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့အတွက် သဘောတူညီချက်တစ်ခုကို ရရှိခဲ့တယ်လို့ ယုံကြည်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့အာရပ်နိုင်ငံတွေပါဝင်တဲ့ဆွေးနွေးပွဲတစ်ခုအပြီးမှာ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာ လည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “သဘောတူညီချက်တစ်ခုကို ရခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဂါဇာစစ်ပွဲ ကိုအဆုံးသတ်ပြီး ဓါးစာခံတွေပြန်လွှတ်ပေးဖို့ သဘောတူညီချက်ကို ကျွန်တော်တို့ရရှိခဲ့တယ်လို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နဲ့ နားလည်မှုတစ်ခုကို ရရှိခဲ့တယ်လို့ တူရကီသမ္မတအာဒိုဂန်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အာဒိုဂန်က “ဂါဇာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အဆုံးသတ်ရေး ဆန္ဒကို အကောင် အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ရဲ့တွေ့ဆုံမှုကအလွန်အရေးကြီးပါတယ်။ ဂါဇာမှာစစ်ပွဲတွေအဆုံးသတ်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်တယ်ဆိုတာကို ဒေါ်နယ်ထရမ့်က အလေးပေးပြောကြားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် နှစ်နိုင်ငံဖြေရှင်းချက်ဟာ ဒေသတွင်း ထာဝရငြိမ်းချမ်းရေးအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေတွေက ဘာမှတိုးတက်စေမှာ မဟုတ်ဘူးလို့လည်း အာဒိုဂန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဂါဇာစစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ သေဘာတူညီခ်က္တစ္ခုကို ရရွိခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - စက္တင္ဘာ ၂၈
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ သေဘာတူညီခ်က္တစ္ခုကို ရရွိခဲ့တယ္လို႔ ယုံၾကည္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အစၥေရးနဲ႔အာရပ္ႏိုင္ငံေတြပါဝင္တဲ့ေဆြးေႏြးပြဲတစ္ခုအၿပီးမွာ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာ လည္း ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “သေဘာတူညီခ်က္တစ္ခုကို ရခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဂါဇာစစ္ပြဲ ကိုအဆုံးသတ္ၿပီး ဓါးစာခံေတြျပန္လႊတ္ေပးဖို႔ သေဘာတူညီခ်က္ကို ကြၽန္ေတာ္တို႔ရရွိခဲ့တယ္လို႔ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ အပစ္အခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္နဲ႔ နားလည္မႈတစ္ခုကို ရရွိခဲ့တယ္လို႔ တူရကီသမၼတအာဒိုဂန္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာ ျဖစ္ပါတယ္။ အာဒိုဂန္က “ဂါဇာမွာ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈေတြ အဆုံးသတ္ေရး ဆႏၵကို အေကာင္ အထည္ေဖာ္ဖို႔အတြက္ ကြၽန္ေတာ္တို႔ရဲ႕ေတြ႕ဆုံမႈကအလြန္အေရးႀကီးပါတယ္။ ဂါဇာမွာစစ္ပြဲေတြအဆုံးသတ္ဖို႔နဲ႔ ေရရွည္တည္တံ့တဲ့ၿငိမ္းခ်မ္းေရးရရွိဖို႔ လိုအပ္တယ္ဆိုတာကို ေဒၚနယ္ထရမ့္က အေလးေပးေျပာၾကားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႏွစ္ႏိုင္ငံေျဖရွင္းခ်က္ဟာ ေဒသတြင္း ထာဝရၿငိမ္းခ်မ္းေရးအတြက္ အေကာင္းဆုံးနည္းလမ္းတစ္ခုျဖစ္ၿပီး လက္ရွိအေျခအေနေတြက ဘာမွတိုးတက္ေစမွာ မဟုတ္ဘူးလို႔လည္း အာဒိုဂန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။