အနောက်ဘက်ကမ်းခြေကို အစ္စရေး သိမ်းပိုက်မည့်အစီအစဉ်ကို ခွင့်ပြုမည်မဟုတ်ကြောင်း အမေရိကန်သမ္မတပြော

145

Pika (NP News) - စက်တင်ဘာ ၂၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးစစ်တပ်ကို အနောက်ဘက်ကမ်းခြေအား သိမ်း ပိုက်ခွင့်ပြုမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စက်တင်ဘာ(၂၆)ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးဝန်ကြီးချုပ်နေတန် ရာဟုနှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတက ‘ကျွန်တော့်အနေနဲ့ အနောက်ဘက်ကမ်းခြေကို အစ္စရေးသိမ်းပိုက်မယ့် အစီအစဉ်ကို ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒီလိုမျိုးလည်း ဖြစ်လာမှာမဟုတ်ဘူး’ဟုပြောသည်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အစ္စရေးနှင့် ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသောအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ရေးသည် ပိုမိုနီး စပ်နေပြီဖြစ် ကြောင်းပြောသည်။ အနောက်ကမ်းခြေကို သိမ်းပိုက် မည့်အစီအစဉ်နှင့်ပတ်သက်ပြီး အစ္စရေးသည် လက် ရှိအချိန်တွင် နိုင်ငံတကာဖိအားများကိုရင်ဆိုင်နေရ ကြောင်း သိရသည်။ လက်ရှိအချိန်တွင် နိုင်ငံတကာအသိုင်း အဝိုင်းကြားမှာလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုရန် တောင်းဆိုလှုပ်ရှားမှုများ ပိုမိုမြင့် တက်လာခဲ့ကြောင်းသိရသည်။ ပြီးခဲ့သောရက်ပိုင်းက ပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံအ စည်းအဝေးအတွင်း ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ လူဇင် ဘတ်၊ မော်လ်တာ၊ မိုနာကို၊ အင်ဒိုရာ၊ ဒိန်းမတ်၊ ဆန်မာရီနို နိုင်ငံတို့အပြင် ကနေဒါ၊ ပေါ်တူဂီ၊ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ စသောနိုင်ငံများကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ပြင်သစ်အပါဝင်နိုင်ငံအချို့က ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုထားသော်လည်းအမေရိကန်နိုင်ငံက ကန့်ကွက်ဆန့်ကျင်ထားကြောင်းသိရသည်။ ဗြိတိန်နှင့် ဂျာမနီနိုင်ငံတို့ကလည်း အနောက်ဘက်ကမ်းခြေကို သိမ်းပိုက် မည့် အစ္စရေး၏ အစီအစဉ်များကို သတိပေးပြောဆိုထားသလို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် ကလည်း အနောက်ဘက်ကမ်းခြေကို သိမ်းယူမည့် အစ္စရေး၏အစီအစဉ်က ကျင့်ဝတ်အရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ သည်းမခံနိုင်သောအခြေအနေမျိုး များဖြစ်လာနိုင်ဖွယ်ရှိနေသည်ဟု သတိပေးထားသည်။
ဆော်ဒီအာရေးဗျ နိုင်ငံခြားရေးဝန်ကြီးကလည်း ‘ကျွန်တော့်အမြင်တော့ အနောက်ဘက် ကမ်းခြေကို အစ္စရေး နိုင်ငံက သိမ်းပိုက်မယ်ဆိုရင် အန္တရာယ်တွေ ရှိလာနိုင်တယ်။ အဲဒီအချက်ကို အမေရိကန်သမ္မတကိုယ်တိုင်နားလည်မယ် လို့ ထင်မိပါ တယ်’ ဟုပြောသည်။

Zawgyi Version:
အေနာက္ဘက္ကမ္းေျခကို အစၥေရး သိမ္းပိုက္မည့္အစီအစဥ္ကို ခြင့္ျပဳမည္မဟုတ္ေၾကာင္း အေမရိကန္သမၼတေျပာ
Pika (NP News) - စက္တင္ဘာ ၂၈
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အစၥေရးစစ္တပ္ကို အေနာက္ဘက္ကမ္းေျခအား သိမ္း ပိုက္ခြင့္ျပဳမည္ မဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာဆို လိုက္သည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ စက္တင္ဘာ(၂၆)ရက္က က်င္းပခဲ့ေသာ ကုလသမဂၢ အေထြေထြညီလာခံတြင္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ ရာဟုႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတက ‘ကြၽန္ေတာ့္အေနနဲ႔ အေနာက္ဘက္ကမ္းေျခကို အစၥေရးသိမ္းပိုက္မယ့္ အစီအစဥ္ကို ခြင့္ျပဳမွာမဟုတ္ဘူး။ အဲဒီလိုမ်ိဳးလည္း ျဖစ္လာမွာမဟုတ္ဘူး’ဟုေျပာသည္။ အေမရိကန္ သမၼတေဒၚနယ္ထရမ့္က အစၥေရးႏွင့္ ဟားမတ္စ္ လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနေသာအပစ္ခတ္ရပ္စဲေရး စာခ်ဳပ္ခ်ဳပ္ေရးသည္ ပိုမိုနီး စပ္ေနၿပီျဖစ္ ေၾကာင္းေျပာသည္။ အေနာက္ကမ္းေျခကို သိမ္းပိုက္ မည့္အစီအစဥ္ႏွင့္ပတ္သက္ၿပီး အစၥေရးသည္ လက္ ရွိအခ်ိန္တြင္ ႏိုင္ငံတကာဖိအားမ်ားကိုရင္ဆိုင္ေနရ ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ ႏိုင္ငံတကာအသိုင္း အဝိုင္းၾကားမွာလည္း ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိမွတ္ျပဳရန္ ေတာင္းဆိုလႈပ္ရွားမႈမ်ား ပိုမိုျမင့္ တက္လာခဲ့ေၾကာင္းသိရသည္။ ၿပီးခဲ့ေသာရက္ပိုင္းက ျပဳလုပ္ခဲ့ေသာ ကုလသမဂၢ အေထြေထြညီလာခံအ စည္းအေဝးအတြင္း ျပင္သစ္၊ ဘယ္လ္ဂ်ီယံ၊ လူဇင္ ဘတ္၊ ေမာ္လ္တာ၊ မိုနာကို၊ အင္ဒိုရာ၊ ဒိန္းမတ္၊ ဆန္မာရီႏို ႏိုင္ငံတို႔အျပင္ ကေနဒါ၊ ေပၚတူဂီ၊ ဩစေၾတးလ်၊ ၿဗိတိန္၊ ကေနဒါ စေသာႏိုင္ငံမ်ားကလည္း ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္အသိမွတ္ျပဳေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
ျပင္သစ္အပါဝင္ႏိုင္ငံအခ်ိဳ႕က ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိမွတ္ျပဳထားေသာ္လည္းအေမရိကန္ႏိုင္ငံက ကန႔္ကြက္ဆန႔္က်င္ထားေၾကာင္းသိရသည္။ ၿဗိတိန္ႏွင့္ ဂ်ာမနီႏိုင္ငံတို႔ကလည္း အေနာက္ဘက္ကမ္းေျခကို သိမ္းပိုက္ မည့္ အစၥေရး၏ အစီအစဥ္မ်ားကို သတိေပးေျပာဆိုထားသလို ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္ ကလည္း အေနာက္ဘက္ကမ္းေျခကို သိမ္းယူမည့္ အစၥေရး၏အစီအစဥ္က က်င့္ဝတ္အရျဖစ္ေစ၊ ႏိုင္ငံေရးအရျဖစ္ေစ သည္းမခံႏိုင္ေသာအေျခအေနမ်ိဳး မ်ားျဖစ္လာႏိုင္ဖြယ္ရွိေနသည္ဟု သတိေပးထားသည္။
ေဆာ္ဒီအာေရးဗ် ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ‘ကြၽန္ေတာ့္အျမင္ေတာ့ အေနာက္ဘက္ ကမ္းေျခကို အစၥေရး ႏိုင္ငံက သိမ္းပိုက္မယ္ဆိုရင္ အႏၲရာယ္ေတြ ရွိလာႏိုင္တယ္။ အဲဒီအခ်က္ကို အေမရိကန္သမၼတကိုယ္တိုင္နားလည္မယ္ လို႔ ထင္မိပါ တယ္’ ဟုေျပာသည္။