ငြိမ်းချမ်းရေးအတွက် နစကဥက္ကဋ္ဌ ဦးဆောင်အဖွဲ့နှင့် RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

 1655

မျိုးကြီး (NP News) - မေ ၂ဝ
ငြိမ်းချမ်းရေးအတွက် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦး ဆောင်သောအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ (မေလ ၂ဝ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ နစက ဒုတိယဥက္ကဋ္ဌဖြစ်သော ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နစကအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်းတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် ၎င်းတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမရှိသေးသလို NP News ကလည်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်နေသော်လည်း ဆက်သွယ်မှုမရရှိသေးပေ။

ယနေ့ ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နှစ်ဖက်အဖွဲ့များအ ကြား ဆက်လက်ဆွေးနွေးရန်လိုအပ်သေးပါက နစက အဖွဲ့ဝင်များ ပါရှိသော အဖွဲ့နှင့် RCSS တို့အကြား ထပ်မံဆွေးနွေးသွားရဖွယ်ရှိကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သော ဧပြီလ ၂၂ ရက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို လက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမည်ဟု ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော RCSS နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ဖိတ်ခေါ်မှုအပေါ် တက်ရောက်ကြမည့် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း တစ်ဖွဲ့ချင်းစီတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း နစကဘက်က ပြောဆိုထားသည်။

https://npnewsmm.com/news/6287522ca10668275c542316

zawgyi version
ၿငိမ္းခ်မ္းေရးအတြက္ နစကဥကၠ႒ ဦးေဆာင္အဖြဲ႕ႏွင့္ RCSS/SSA ဥကၠ႒ ဦးေဆာင္ေသာအဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြး
မ်ိဳးႀကီး (NP News) - ေမ ၂ဝ

ၿငိမ္းခ်မ္းေရးအတြက္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦး ေဆာင္ေသာအဖြဲ႕ႏွင့္ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS/SSA)ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ ဦးေဆာင္ေသာအဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲကို ယေန႔ (ေမလ ၂ဝ ရက္)တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံးတြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆြးေႏြးပြဲသို႔ နစကဥကၠ႒ႏွင့္အတူ နစက ဒုတိယဥကၠ႒ျဖစ္ေသာ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး၊ နစကအဖြဲ႕ဝင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္တို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ထို႔အတူ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ႏွင့္အတူ အတြင္းေရးမႉး(၁) ဗိုလ္မႉးႀကီးစိုင္းငင္းတို႔လည္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

လတ္တေလာတြင္ ၎ေတြ႕ဆုံေဆြးေႏြးမႈႏွင့္ပတ္သက္၍ နစကဘက္က တစ္စုံတစ္ရာထုတ္ျပန္ေျပာဆိုျခင္းမရွိေသးသလို NP News ကလည္း နစက၏သတင္းထုတ္ျပန္ေရးအဖြဲ႕ကို ဆက္သြယ္ေနေသာ္လည္း ဆက္သြယ္မႈမရရွိေသးေပ။

ယေန႔ ျပဳလုပ္ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲတြင္ ႏွစ္ဖက္အဖြဲ႕မ်ားအ ၾကား ဆက္လက္ေဆြးေႏြးရန္လိုအပ္ေသးပါက နစက အဖြဲ႕ဝင္မ်ား ပါရွိေသာ အဖြဲ႕ႏွင့္ RCSS တို႔အၾကား ထပ္မံေဆြးေႏြးသြားရဖြယ္ရွိေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ၿပီးခဲ့ေသာ ဧၿပီလ ၂၂ ရက္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ေခါင္းေဆာင္မ်ားကို လက္ကိုင္ပဋိပကၡမ်ားခ်ဳပ္ၿငိမ္းေရးအတြက္ ကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမည္ဟု ဖိတ္ေခၚခဲ့ျခင္းျဖစ္သည္။

ယေန႔တြင္ ရွမ္းလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ RCSS ႏွင့္ ပထမဆုံးအႀကိမ္ေတြ႕ဆုံျခင္းျဖစ္ၿပီး ဖိတ္ေခၚမႈအေပၚ တက္ေရာက္ၾကမည့္ တျခားတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္လည္း တစ္ဖြဲ႕ခ်င္းစီေတြ႕ဆုံေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း နစကဘက္က ေျပာဆိုထားသည္။

https://npnewsmm.com/news/6287522ca10668275c542316

Picture

Dyna Phyo

21/05/2022 00:38

ငြိမ်းချမ်းပါ​စေမြန်မပြည်

Picture

Dyna Phyo

21/05/2022 00:40

ငြိမ်းချမ်းပါ​​စေ မြန်မာပြည်

Related news

© 2021. All rights reserved.