မုန်းမြို့နယ်အတွင်း ဆောင်ရွက်လိုသော မည်သည့်ကိစ္စမဆို KNU ထံမှ ခွင့်ပြုချက်ယူရမည်ဟု ထုတ်ပြန်

 2062

မျိုးကြီး (NP News) - မေ ၂၃
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း ဆောင်ရွက်လိုသော မည်သည့်ကိစ္စမဆို ကရင်အမျိုးသား အစည်းအရုံး(KNU) ထံမှ ခွင့်ပြုချက်ယူရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါညွှန်ကြားစာကို KNU က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ယနေ့ မေ ၂၃ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့ပြီး မုန်းမြို့နယ်ရှိ ကျေးရွာနေပြည်သူများထံကို မေ ၂၁ ရက် ရက်စွဲဖြင့် ညွှန်ကြားထားကြောင်း သိရသည်။

KNU မုန်းမြို့နယ်သည် ဗဟိုနှင့်ခရိုင်မှ ချမှတ်ထားသော မူဝါဒနှင့်စည်းမျဉ်းစည်းကမ်းများအပေါ် ရပ်တည် အကောင်အထည်ဖော်ဆောင်ရွက်ရပြီး မိမိတို့ စီမံအုပ်ချုပ်သောနယ်မြေအတွင်း လူမှုဘဝလုံခြုံရေး၊ နယ်မြေ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းညွှန် ကြားစာတွင် ဖော်ပြထားသည်။

ထို့ပြင် KNU မုန်းမြို့နယ်၏ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း ဆောင်ရွက်လိုသည့်မည်သည့်ကိစ္စမဆို သက်ဆိုင်ရာ မြို့နယ်ခွင့်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဟု ဆိုသည်။

ထို့အတူ ၎င်းနယ်မြေအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများနှင့် စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း KNU မုန်းမြို့နယ်သို့ တရားဝင်တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရမှသာ လုပ်ကိုင်ဆောင်ရွက်ရမည် ဟု ညွှန်ကြားထားသည်ကို တွေ့ရသည်။

ဆက်လက်ပြီး ၎င်းစီမံအုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားများ လုံးဝမပြုလုပ်ရန်လည်း တားမြစ်ထားသည်ကို ညွှန်ကြားစာတွင် တွေ့ရသည်။

အဆိုပါညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်ပါက KNU မှချမှတ်ထားသော စည်းမျဉ်းဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဟုလည်း ညွှန်ကြားစာတွင် ပါရှိသည်။


https://npnewsmm.com/news/628b488c221bdc01662c32d8

Zawgyi Version;
မုန္းၿမိဳ႕နယ္အတြင္း ေဆာင္႐ြက္လိုေသာ မည္သည့္ကိစၥမဆို KNU ထံမွ ခြင့္ျပဳခ်က္ယူရမည္ဟု ထုတ္ျပန္
မ်ိဳးႀကီး (NP News) - ေမ ၂၃
ပဲခူးတိုင္း၊ ေညာင္ေလးပင္ခ႐ိုင္၊ မုန္းၿမိဳ႕နယ္အတြင္း ေဆာင္႐ြက္လိုေသာ မည္သည့္ကိစၥမဆို ကရင္အမ်ိဳးသား အစည္းအ႐ုံး(KNU) ထံမွ ခြင့္ျပဳခ်က္ယူရမည္ဟု အသိေပးထုတ္ျပန္ခဲ့သည္။

အဆိုပါၫႊန္ၾကားစာကို KNU က ၎၏ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ယေန႔ ေမ ၂၃ ရက္တြင္ အသိေပး ထုတ္ျပန္ခဲ့ၿပီး မုန္းၿမိဳ႕နယ္ရွိ ေက်း႐ြာေနျပည္သူမ်ားထံကို ေမ ၂၁ ရက္ ရက္စြဲျဖင့္ ၫႊန္ၾကားထားေၾကာင္း သိရသည္။

KNU မုန္းၿမိဳ႕နယ္သည္ ဗဟိုႏွင့္ခ႐ိုင္မွ ခ်မွတ္ထားေသာ မူဝါဒႏွင့္စည္းမ်ဥ္းစည္းကမ္းမ်ားအေပၚ ရပ္တည္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရၿပီး မိမိတို႔ စီမံအုပ္ခ်ဳပ္ေသာနယ္ေျမအတြင္း လူမႈဘဝလုံၿခဳံေရး၊ နယ္ေျမ လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ၎ၫႊန္ ၾကားစာတြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ KNU မုန္းၿမိဳ႕နယ္၏ စီမံအုပ္ခ်ဳပ္မႈနယ္ေျမအတြင္း ေဆာင္႐ြက္လိုသည့္မည္သည့္ကိစၥမဆို သက္ဆိုင္ရာ ၿမိဳ႕နယ္ခြင့္ျပဳခ်က္ကို ရယူၿပီး သက္ဆိုင္ရာမွသတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းခ်က္ႏွင့္အညီ လိုက္နာ ေဆာင္႐ြက္ရမည္ဟု ဆိုသည္။

ထို႔အတူ ၎နယ္ေျမအတြင္း ပညာေရး၊ က်န္းမာေရး၊ လူမႈေရးဆိုင္ရာကိစၥမ်ားႏွင့္ စီးပြားေရး၊ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လိုပါကလည္း KNU မုန္းၿမိဳ႕နယ္သို႔ တရားဝင္တင္ျပေတာင္းခံၿပီး ခြင့္ျပဳခ်က္ရမွသာ လုပ္ကိုင္ေဆာင္႐ြက္ရမည္ ဟု ၫႊန္ၾကားထားသည္ကို ေတြ႕ရသည္။

ဆက္လက္ၿပီး ၎စီမံအုပ္ခ်ဳပ္မႈနယ္ေျမအတြင္း မူးယစ္ေဆးဝါးႏွင့္ ေလာင္းကစားမ်ား လုံးဝမျပဳလုပ္ရန္လည္း တားျမစ္ထားသည္ကို ၫႊန္ၾကားစာတြင္ ေတြ႕ရသည္။

အဆိုပါၫႊန္ၾကားခ်က္မ်ားကို တိက်စြာလိုက္နာေဆာင္႐ြက္ရမည္ျဖစ္ၿပီး ေဖာက္ဖ်က္က်ဴးလြန္ပါက KNU မွခ်မွတ္ထားေသာ စည္းမ်ဥ္းဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူသြားမည္ဟုလည္း ၫႊန္ၾကားစာတြင္ ပါရွိ သည္။

https://npnewsmm.com/news/628b488c221bdc01662c32d8

Related news

© 2021. All rights reserved.