ယူကရိန်းနဲ့ ရုရှားနိုင်ငံစလုံးက အသိအမှတ်ပြုလက်ခံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုးလုပ်ဖို့ တရုတ်သမ္မတ တောင်းဆို

 917

ဂျန်ဇက် (NP News) - မေ ၁၈

ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်စေဖို့ အကောင်းဆုံးနည်းလမ်းက နှစ်နိုင်ငံစလုံးက အသိ အမှတ်ပြုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုး လက်ခံကျင်းပ ဆွေးနွေးဖို့ဖြစ်ကြောင်း တရုတ်သမ္မတ က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

တရုတ်သမ္မတက အနာဂတ်မှာရန်လိုမှုတွေကိုရှောင်ရှားနိုင်ဖို့ နဲ့ တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့ ကမ္ဘာလုံခြုံရေး အစီအစဉ်တွေကို ပြင်ဆင်ပြောင်းလဲရမှာဖြစ်ကြောင်း ပြောပါတယ်။

တရုတ်သမ္မတက "တရုတ်အစိုးရဟာ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးက အသိအမှတ်ပြုထောက်ခံတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးအစည်းအဝေး ကျင်းပဖို့ ထောက်ခံတယ်။ အဲဒီအစည်းအဝေးကို နှစ်နိုင်ငံစလုံးက ကိုယ်စားလှယ်တွေ တန်းတူညီမျှ ပါဝင်ဆွေးနွေးခွင့်ရှိရမယ်။ ရွေးချယ်စရာအားလုံးကို မျှတစွာ ဆွေးနွေးခွင်ရှိရမယ်" လို့ ပြောပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အခက်အခဲပြဿနာရဲ့ရေသောက်မြစ်ကို ဖြေရှင်း ရမှာဖြစ်ကြောင်း၊ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး အခြေခံအကျဆုံးအဖြေဟာ ကမ္ဘာလုံခြုံရေး အစီအစဉ်တွေနဲ့သက်ရောက်မှုတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းလုပ်ကိုင်ရမှာဖြစ်ကြောင်း တရုတ်သမ္မတ က ပြောပါတယ်။

တရုတ်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ရုရှားသမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပြီးနောက် အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၃ နှစ်အတွင်း ရောက်ရှိလာပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးဆွေးနွေးနိုင်ခြင်းမျိုး မရှိသေးဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Zawgyi Version;
ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံစလုံးက အသိအမွတ္ျပဳလက္ခံတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ိဳးလုပ္ဖို႔ တ႐ုတ္သမၼတ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ေမ ၁၈

ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ေစဖို႔ အေကာင္းဆုံးနည္းလမ္းက ႏွစ္ႏိုင္ငံစလုံးက အသိ အမွတ္ျပဳတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ိဳး လက္ခံက်င္းပ ေဆြးေႏြးဖို႔ျဖစ္ေၾကာင္း တ႐ုတ္သမၼတ က တိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

တ႐ုတ္သမၼတက အနာဂတ္မွာရန္လိုမႈေတြကိုေရွာင္ရွားႏိုင္ဖို႔ နဲ႔ တိုက္ခိုက္မႈေတြကို အဆုံးသတ္ဖို႔ ကမာၻလုံၿခဳံေရး အစီအစဥ္ေတြကို ျပင္ဆင္ေျပာင္းလဲရမွာျဖစ္ေၾကာင္း ေျပာပါတယ္။

တ႐ုတ္သမၼတက "တ႐ုတ္အစိုးရဟာ ႐ုရွားနဲ႔ ယူကရိန္းႏွစ္ႏိုင္ငံစလုံးက အသိအမွတ္ျပဳေထာက္ခံတဲ့ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးအစည္းအေဝး က်င္းပဖို႔ ေထာက္ခံတယ္။ အဲဒီအစည္းအေဝးကို ႏွစ္ႏိုင္ငံစလုံးက ကိုယ္စားလွယ္ေတြ တန္းတူညီမွ် ပါဝင္ေဆြးေႏြးခြင့္ရွိရမယ္။ ေ႐ြးခ်ယ္စရာအားလုံးကို မွ်တစြာ ေဆြးေႏြးခြင္ရွိရမယ္" လို႔ ေျပာပါတယ္။

ကမာၻ႔အင္အားႀကီးႏိုင္ငံေတြဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အခက္အခဲျပႆနာရဲ႕ေရေသာက္ျမစ္ကို ေျဖရွင္း ရမွာျဖစ္ေၾကာင္း၊ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးနဲ႔ပတ္သက္ၿပီး အေျခခံအက်ဆုံးအေျဖဟာ ကမာၻလုံၿခဳံေရး အစီအစဥ္ေတြနဲ႔သက္ေရာက္မႈေတြကို ဟန္ခ်က္ညီေအာင္ ထိန္းသိမ္းလုပ္ကိုင္ရမွာျဖစ္ေၾကာင္း တ႐ုတ္သမၼတ က ေျပာပါတယ္။

တ႐ုတ္သမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက တ႐ုတ္ႏိုင္ငံကို လာေရာက္လည္ပတ္ခဲ့တဲ့ ႐ုရွားသမၼတနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ ၿပီးေနာက္ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ ၃ ႏွစ္အတြင္း ေရာက္ရွိလာေပမယ့္ လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးေဆြးေႏြးႏိုင္ျခင္းမ်ိဳး မရွိေသးဘဲ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.