ဘူတန်နဲ့ဆက်သွယ်ပေးမယ့် ပထမဆုံးနယ်စပ်ဖြတ်ကျော်မီးရထားလမ်းကို အိန္ဒိယ တည်ဆောက်သွားမယ်

 47

Pika (NP News) - အောက်တိုဘာ ၁
အိန္ဒိယနဲ့ဘူတန်နိုင်ငံတို့ကိုဆက်သွယ်ပေးမယ့် ပထမဆုံးနယ်စပ်ဖြတ်ကျော် မီးရထားလမ်းတွေကို တည်ဆောက် သွားမယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီပရောဂျက်ဟာ အမေရိကန်ဒေါ်လာ(၄၅၄)သန်းတန်ဖိုးရှိ ပရောဂျက်တစ်ခုဖြစ်ပြီး အချိန်(၄)နှစ်အတွင်း အပြီးသတ်သွားမယ်လို့လည်း သိရပါတယ်။
ဘူတန်နိုင်ငံရဲ့အဓိကကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဘူတန်ရဲ့အခြေခံအဆောက်အဦးနဲ့ စီးပွားရေးကို ခေတ်မီအောင်လုပ်ဆောင်ရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့လည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vikram Misri က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲဒီမီးရထားလမ်းစီမံကိန်းဟာ ဘူတန်ပြည်သူတွေအတွက် ကြီးကြီးမားမားအကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့လည်း အိန္ဒိယနိုင်ငံမီးရထားဝန်ကြီး Ashwini Vaishnaw က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Ashwini Vaishnaw က “ဒီမီးရထားလမ်းစီမံကိန်းဟာ ဘူတန်နိုင်ငံတစ်ခုလုံးနဲ့ချိတ်ဆက်မှုတွေကို လုပ်ဆောင်စေနိုင်ပါလိမ့်မယ်။ ဒီနေ့အချိန်အထိ ကြာနေခဲ့တဲ့ ကုန်စည်စီးဆင်းမှုတွေဟာ နာရီပိုင်းအတွင်းမှာ ဖြစ်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါ တယ်။
အမေရိကန်ဒေါ်လာသန်း(၃၉၀)ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ အကွာအဝေး(၆၉)ကီလိုမီတာရှိတဲ့အစပိုင်းရထား လမ်းဟာ အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ဘက်မြို့ Kokrajhar နဲ့ ဘူတန်ရဲ့ Gelephu မြို့တို့ကို ဆက်သွယ်ပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်ဒေါ်လာ(၆၅)သန်းနီးပါးကုန်ကျမယ့် အကွာအဝေး(၂၀)ကီလိုမီတာရှိတဲ့ ဒုတိယမြောက်မီးရထားလမ်း က ဘူတန်ရဲ့အနောက်မြောက်ဘက် စက်မှုအချက်အချာဖြစ်တဲ့ Samtse မြို့နယ် အိန္ဒိယအရှေ့ပိုင်းက Banarhat မြို့တို့ကို ဆက်သွယ်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဘူတန္နဲ႔ဆက္သြယ္ေပးမယ့္ ပထမဆုံးနယ္စပ္ျဖတ္ေက်ာ္မီးရထားလမ္းကို အိႏၵိယ တည္ေဆာက္သြားမယ္
Pika (NP News) - ေအာက္တိုဘာ ၁
အိႏၵိယနဲ႔ဘူတန္ႏိုင္ငံတို႔ကိုဆက္သြယ္ေပးမယ့္ ပထမဆုံးနယ္စပ္ျဖတ္ေက်ာ္ မီးရထားလမ္းေတြကို တည္ေဆာက္ သြားမယ္လို႔ အိႏၵိယအစိုးရက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
အဲဒီပေရာဂ်က္ဟာ အေမရိကန္ေဒၚလာ(၄၅၄)သန္းတန္ဖိုးရွိ ပေရာဂ်က္တစ္ခုျဖစ္ၿပီး အခ်ိန္(၄)ႏွစ္အတြင္း အၿပီးသတ္သြားမယ္လို႔လည္း သိရပါတယ္။
ဘူတန္ႏိုင္ငံရဲ႕အဓိကကုန္သြယ္ေရးမိတ္ဖက္ႏိုင္ငံျဖစ္တဲ့ အိႏၵိယႏိုင္ငံဟာ ဘူတန္ရဲ႕အေျခခံအေဆာက္အဦးနဲ႔ စီးပြားေရးကို ေခတ္မီေအာင္လုပ္ေဆာင္ရာမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ခဲ့တယ္လို႔လည္း အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး Vikram Misri က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အဲဒီမီးရထားလမ္းစီမံကိန္းဟာ ဘူတန္ျပည္သူေတြအတြက္ ႀကီးႀကီးမားမားအက်ိဳးျဖစ္ထြန္းေစလိမ့္မယ္လို႔လည္း အိႏၵိယႏိုင္ငံမီးရထားဝန္ႀကီး Ashwini Vaishnaw က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ Ashwini Vaishnaw က “ဒီမီးရထားလမ္းစီမံကိန္းဟာ ဘူတန္ႏိုင္ငံတစ္ခုလုံးနဲ႔ခ်ိတ္ဆက္မႈေတြကို လုပ္ေဆာင္ေစႏိုင္ပါလိမ့္မယ္။ ဒီေန႔အခ်ိန္အထိ ၾကာေနခဲ့တဲ့ ကုန္စည္စီးဆင္းမႈေတြဟာ နာရီပိုင္းအတြင္းမွာ ျဖစ္လာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါ တယ္။
အေမရိကန္ေဒၚလာသန္း(၃၉၀)ကုန္က်မယ္လို႔ ခန႔္မွန္းထားတဲ့ အကြာအေဝး(၆၉)ကီလိုမီတာရွိတဲ့အစပိုင္းရထား လမ္းဟာ အိႏၵိယႏိုင္ငံရဲ႕အေရွ႕ေျမာက္ဘက္ၿမိဳ႕ Kokrajhar နဲ႔ ဘူတန္ရဲ႕ Gelephu ၿမိဳ႕တို႔ကို ဆက္သြယ္ေပးသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ေဒၚလာ(၆၅)သန္းနီးပါးကုန္က်မယ့္ အကြာအေဝး(၂၀)ကီလိုမီတာရွိတဲ့ ဒုတိယေျမာက္မီးရထားလမ္း က ဘူတန္ရဲ႕အေနာက္ေျမာက္ဘက္ စက္မႈအခ်က္အခ်ာျဖစ္တဲ့ Samtse ၿမိဳ႕နယ္ အိႏၵိယအေရွ႕ပိုင္းက Banarhat ၿမိဳ႕တို႔ကို ဆက္သြယ္ေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.