ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်စဉ်းစားနေ

102

Pika (NP News) - အောက်တိုဘာ ၁
ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ အမေရိကန်ဒုသမ္မတ J.D. Vance က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံမှုအတွင်း ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေထောက်ပံ့ပေးဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုခဲ့တယ်လို့ သတင်းမီဒီယာအများအပြားက ရေးသားဖော်ပြခဲ့ပါတယ်။
ဇီလန်စကီးရဲ့တောင်းဆိုချက်တွေကို ဒေါ်နယ်ထရမ့်က ဆန့်ကျင်တာမျိုးမရှိခဲ့တဲ့အပြင် ယူကရိန်းရဲ့ အမေရိကန် ထုတ်စစ်လက်နက်ပစ္စည်းတွေအသုံးပြုပြီး ရုရှားကို တိုက်ခိုက်ခွင့်အပေါ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးဖို့ လမ်းဖွင့်ထားခဲ့တယ်လို့လည်း Wall Street Journal သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ တောင်းဆိုမှုတွေကို ယခင်က ငြင်းဆန်ပယ်ချခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ J.D. Vanceက “ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ကျွန်တော်တို့စဉ်းစားနေပါတယ်” လို့ ပြောပါတယ်။
ဒါ့ပြင် ယူကရိန်းကို တာဝေးပစ် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးသွားမှာလား၊မပေးဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ကို နောက်ဆုံးမှာချမှတ်သွားမယ်လို့လည်း J.D. Vance က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ စစ်ပွဲကို အဆုံးမသတ်ဘူးဆိုရင် ရုရှားထိပ်တန်းအရာရှိတွေဟာ ဗုံးခိုကျင်းတွေကို ရှာထားသင့်တယ်လို့ ဇီလန်စကီးက ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version;
ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ အေမရိကန္စဥ္းစားေန
Pika (NP News) - ေအာက္တိုဘာ ၁
ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ အေမရိကန္က စဥ္းစားေနတယ္လို႔ အေမရိကန္ဒုသမၼတ J.D. Vance က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့ အေမရိကန္ သမၼတေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံမႈအတြင္း ယူကရိန္းကို တာေဝးပစ္ဒုံးက်ည္ေတြေထာက္ပံ့ေပးဖို႔ ယူကရိန္းသမၼတ ဇီလန္စကီးက ေတာင္းဆိုခဲ့တယ္လို႔ သတင္းမီဒီယာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဇီလန္စကီးရဲ႕ေတာင္းဆိုခ်က္ေတြကို ေဒၚနယ္ထရမ့္က ဆန႔္က်င္တာမ်ိဳးမရွိခဲ့တဲ့အျပင္ ယူကရိန္းရဲ႕ အေမရိကန္ ထုတ္စစ္လက္နက္ပစၥည္းေတြအသုံးျပဳၿပီး ႐ုရွားကို တိုက္ခိုက္ခြင့္အေပၚကန႔္သတ္ခ်က္ေတြကို ႐ုတ္သိမ္းေပးဖို႔ လမ္းဖြင့္ထားခဲ့တယ္လို႔လည္း Wall Street Journal သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ ေတာင္းဆိုမႈေတြကို ယခင္က ျငင္းဆန္ပယ္ခ်ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။ J.D. Vanceက “ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔ ကြၽန္ေတာ္တို႔စဥ္းစားေနပါတယ္” လို႔ ေျပာပါတယ္။
ဒါ့ျပင္ ယူကရိန္းကို တာေဝးပစ္ Tomahawk ဒုံးက်ည္ေတြ ေထာက္ပံ့ေပးသြားမွာလား၊မေပးဘူးလားဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ေနာက္ဆုံးမွာခ်မွတ္သြားမယ္လို႔လည္း J.D. Vance က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ စစ္ပြဲကို အဆုံးမသတ္ဘူးဆိုရင္ ႐ုရွားထိပ္တန္းအရာရွိေတြဟာ ဗုံးခိုက်င္းေတြကို ရွာထားသင့္တယ္လို႔ ဇီလန္စကီးက ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုသတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။