ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် တိုးမြင့်လာမယ့်အန္တရာယ်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားသတိပေး

 151

Pika (NP News) - အောက်တိုဘာ ၁
အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့မယ်ဆိုရင် စစ်ပွဲအရှိန် တိုးမြင့်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားအစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။ အမေရိကန်က ယူကရိန်းကို တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့စဉ်းစားနေတယ်လို့ အမေရိကန်ဒုသမ္မတ JD Vance က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရုရှားအစိုးရရဲ့သတိပေးပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။
မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံမှုအတွင်း ယူကရိန်းကို တာဝေးပစ် ဒုံးကျည်တွေထောက်ပံ့ပေးဖို့ ယူကရိန်းသမ္မတဇီလန်စကီးက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဇီလန်စကီး ရဲ့တောင်းဆိုချက်တွေကို ဒေါ်နယ်ထရမ့်က ဆန့်ကျင်တာမျိုးမရှိခဲ့တဲ့အပြင် ယူကရိန်းရဲ့အမေရိကန်ထုတ် စစ်လက်နက်ပစ္စည်းတွေအသုံးပြုပြီး ရုရှားကိုတိုက်ခိုက်ခွင့်အပေါ်ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးဖို့ လမ်းဖွင့် ထားခဲ့တယ်လို့ မီဒီယာအချို့က ရေးသားဖော်ပြခဲ့ပါတယ်။
တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေဟာ အကွာအဝေး(၂၅၀၀)ကီလိုမီတာလောက်ပျံသန်းနိုင်စွမ်းရှိပြီး ယူကရိန်းကနေ ပစ်လွှတ်လိုက်မယ်ဆိုရင် ရုရှားနိုင်ငံအတွင်းပိုင်းအထိကို ထိမှန်အောင်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်အမျိုးအစားလည်းဖြစ်ပါတယ်။ စစ်ပွဲကိုအဆုံးမသတ်ဘူးဆိုရင် ရုရှားထိပ်တန်းအရာရှိတွေဟာ ဗုံးခိုကျင်း တွေကို ရှာထားသင့်တယ်လို့ ဇီလန်စကီးက ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တာဝေးပစ် Tomahawk ခရုဇ်ဒုံးကျည်တွေနဲ့ပတ်သက်တဲ့သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version;
ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ တိုးျမင့္လာမယ့္အႏၲရာယ္ေတြ ကို ရင္ဆိုင္ရလိမ့္မယ္လို႔ ႐ုရွားသတိေပး
Pika (NP News) - ေအာက္တိုဘာ ၁
အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးခဲ့မယ္ဆိုရင္ စစ္ပြဲအရွိန္ တိုးျမင့္လာမယ့္ အႏၲရာယ္ေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ ႐ုရွားအစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။ အေမရိကန္က ယူကရိန္းကို တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြ ေထာက္ပံ့ေပးဖို႔စဥ္းစားေနတယ္လို႔ အေမရိကန္ဒုသမၼတ JD Vance က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားအစိုးရရဲ႕သတိေပးေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။
မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ေတြ႕ဆုံမႈအတြင္း ယူကရိန္းကို တာေဝးပစ္ ဒုံးက်ည္ေတြေထာက္ပံ့ေပးဖို႔ ယူကရိန္းသမၼတဇီလန္စကီးက ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဇီလန္စကီး ရဲ႕ေတာင္းဆိုခ်က္ေတြကို ေဒၚနယ္ထရမ့္က ဆန႔္က်င္တာမ်ိဳးမရွိခဲ့တဲ့အျပင္ ယူကရိန္းရဲ႕အေမရိကန္ထုတ္ စစ္လက္နက္ပစၥည္းေတြအသုံးျပဳၿပီး ႐ုရွားကိုတိုက္ခိုက္ခြင့္အေပၚကန႔္သတ္ခ်က္ေတြကို ႐ုတ္သိမ္းေပးဖို႔ လမ္းဖြင့္ ထားခဲ့တယ္လို႔ မီဒီယာအခ်ိဳ႕က ေရးသားေဖာ္ျပခဲ့ပါတယ္။
တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြဟာ အကြာအေဝး(၂၅၀၀)ကီလိုမီတာေလာက္ပ်ံသန္းႏိုင္စြမ္းရွိၿပီး ယူကရိန္းကေန ပစ္လႊတ္လိုက္မယ္ဆိုရင္ ႐ုရွားႏိုင္ငံအတြင္းပိုင္းအထိကို ထိမွန္ေအာင္တိုက္ခိုက္ႏိုင္စြမ္းရွိတဲ့ ဒုံးက်ည္အမ်ိဳးအစားလည္းျဖစ္ပါတယ္။ စစ္ပြဲကိုအဆုံးမသတ္ဘူးဆိုရင္ ႐ုရွားထိပ္တန္းအရာရွိေတြဟာ ဗုံးခိုက်င္း ေတြကို ရွာထားသင့္တယ္လို႔ ဇီလန္စကီးက ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ တာေဝးပစ္ Tomahawk ခ႐ုဇ္ဒုံးက်ည္ေတြနဲ႔ပတ္သက္တဲ့သတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.