အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်းက ဆက်သွယ်ရေးလမ်းကြောင်းတွေကို တာလီဘန်အစိုးရ ပိတ်ပစ်

74

Pika (NP News) - အောက်တိုဘာ ၁
ရာဇဝတ်မှုတွေကို တားဆီးဖို့အတွက် ဖိုက်ဘာအင်တာနက်ချိတ်ဆက်မှုတွေကို ဖြတ်တောက်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ တာလီဘန်အဖွဲ့အာဏာပိုင်တွေဟာ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ဆက်သွယ်ရေးဆိုင်ရာ လမ်းကြောင်းတွေဟာ ပုံမှန်အဆင့်ရဲ့(၁)ရာခိုင်နှုန်းအောက်မှာသာ လည်ပတ်နေတယ်လို့ အင်တာနက်စောင့်ကြည့် ရေးအဖွဲ့ Netblocks ရဲ့အဆိုအရ သိရပါတယ်။
ပုံမှန်အဆင့်ရဲ့(၁)ရာခိုင်နှုန်းအောက်မှာ လည်ပတ်နေတယ်ဆိုတာက လုံးဝ မီးပျက်နေတာမျိုးကို ဆိုလိုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ နောက်ထပ်သတိပေးချက်တွေ မရရှိခင်အချိန်အထိ ဆက်သွယ်ရေးလမ်းကြောင်း တွေကို ပိတ်ပစ်သွားမယ်လို့ တာလီဘန်အစိုးရအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မိနစ်ပိုင်းအကြာမှာ ယခုလိုပိတ်ပစ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
တာလီဘန်အစိုးရအရာရှိတစ်ဦးက “ဆက်သွယ်ရေးတိုင်တွေ (၈၀၀၀)ကနေ (၉၀၀၀)ကြားကို ပိတ်ပစ်သွားမှာပါ။ အခြားနည်းလမ်းတွေနဲ့ဆက်သွယ်လို့လည်းရမှာ မဟုတ်ပါဘူး။ ဘဏ်လုပ်ငန်းကဏ္ဍ၊အကောက်ခွန်နဲ့ နိုင်ငံတစ်ဝှမ်းကဌာန အတော်များများအပေါ် အကျိုးသက်ရောက်မှုတွေရှိလာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့တာလီဘန်အစိုးရဟာ အင်တာနက်ဆိုင်ရာဝင်ရောက်ခွင့်တွေကို ယခုလအစောပိုင်းမှာ စတင်ဖြိုခွဲခဲ့ပြီး ဒေသအများအပြားမှာ မြန်နှုန်းမြင့်အင်တာနက်တွေကို ထိထိရောက်ရောက် ပိတ်ပစ်ခဲ့တယ်လို့ လည်း သိရပါတယ်။

Zawgyi Version;
အာဖဂန္နစၥတန္ႏိုင္ငံတစ္ဝွမ္းက ဆက္သြယ္ေရးလမ္းေၾကာင္းေတြကို တာလီဘန္အစိုးရ ပိတ္ပစ္
Pika (NP News) - ေအာက္တိုဘာ ၁
ရာဇဝတ္မႈေတြကို တားဆီးဖို႔အတြက္ ဖိုက္ဘာအင္တာနက္ခ်ိတ္ဆက္မႈေတြကို ျဖတ္ေတာက္ခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ တာလီဘန္အဖြဲ႕အာဏာပိုင္ေတြဟာ အာဖဂန္နစၥတန္တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ဆက္သြယ္ေရးလမ္းေၾကာင္းေတြကို ပိတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။ ဆက္သြယ္ေရးဆိုင္ရာ လမ္းေၾကာင္းေတြဟာ ပုံမွန္အဆင့္ရဲ႕(၁)ရာခိုင္ႏႈန္းေအာက္မွာသာ လည္ပတ္ေနတယ္လို႔ အင္တာနက္ေစာင့္ၾကည့္ ေရးအဖြဲ႕ Netblocks ရဲ႕အဆိုအရ သိရပါတယ္။
ပုံမွန္အဆင့္ရဲ႕(၁)ရာခိုင္ႏႈန္းေအာက္မွာ လည္ပတ္ေနတယ္ဆိုတာက လုံးဝ မီးပ်က္ေနတာမ်ိဳးကို ဆိုလိုတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ေနာက္ထပ္သတိေပးခ်က္ေတြ မရရွိခင္အခ်ိန္အထိ ဆက္သြယ္ေရးလမ္းေၾကာင္း ေတြကို ပိတ္ပစ္သြားမယ္လို႔ တာလီဘန္အစိုးရအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ မိနစ္ပိုင္းအၾကာမွာ ယခုလိုပိတ္ပစ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
တာလီဘန္အစိုးရအရာရွိတစ္ဦးက “ဆက္သြယ္ေရးတိုင္ေတြ (၈၀၀၀)ကေန (၉၀၀၀)ၾကားကို ပိတ္ပစ္သြားမွာပါ။ အျခားနည္းလမ္းေတြနဲ႔ဆက္သြယ္လို႔လည္းရမွာ မဟုတ္ပါဘူး။ ဘဏ္လုပ္ငန္းက႑၊အေကာက္ခြန္နဲ႔ ႏိုင္ငံတစ္ဝွမ္းကဌာန အေတာ္မ်ားမ်ားအေပၚ အက်ိဳးသက္ေရာက္မႈေတြရွိလာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
အာဖဂန္နစၥတန္ႏိုင္ငံရဲ႕တာလီဘန္အစိုးရဟာ အင္တာနက္ဆိုင္ရာဝင္ေရာက္ခြင့္ေတြကို ယခုလအေစာပိုင္းမွာ စတင္ၿဖိဳခြဲခဲ့ၿပီး ေဒသအမ်ားအျပားမွာ ျမန္ႏႈန္းျမင့္အင္တာနက္ေတြကို ထိထိေရာက္ေရာက္ ပိတ္ပစ္ခဲ့တယ္လို႔ လည္း သိရပါတယ္။