ရုရှားက တတိယကမ္ဘာစစ်ကို လိုလားမှာမဟုတ်ဘူးလို့ အီတလီအစိုးရပြော

202

Pika (NP News) - အောက်တိုဘာ ၁
ရုရှားသမ္မတပူတင်ဟာ တတိယကမ္ဘာစစ်ဖြစ်ပွားလာမှာကို လိုလားမှာမဟုတ်ဘူးလို့ အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာဂျာနီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားဟာ အီတလီ ဒါမှမဟုတ် အခြားဥရောပနိုင်ငံတွေကို ဒရုန်းတိုက်ခိုက်မှုတွေလုပ်ဆောင်သွားနိုင်တယ်ဆိုတဲ့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ပြောဆိုချက်တွေကို အန်တိုနီယိုတာဂျာနီက ယခုလိုတုံ့ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါ တယ်။
ရုရှားက ၎င်းတို့ရဲ့လေပိုင်နက်တွေကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ပိုလန်နဲ့ အက်စတိုးနီးယားနိုင်ငံတို့က စွပ်စွဲ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ပိုလန်နဲ့အက်စတိုးနီးယားနိုင်ငံတို့ရဲ့စွပ်စွဲပြောဆိုချက်တွေအားလုံးကို ရုရှားအစိုးရက ငြင်းဆန် ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
အန်တိုနီယိုတာဂျာနီက “ပူတင်က တတိယကမ္ဘာစစ်ကိုစတင်ဖို့ မလိုလားဘူးလို့ ကျွန်တော်ထင်ပါတယ်။ တတိယ ကမ္ဘာစစ်ဖြစ်ပွားလာမှာ မဟုတ်ဘူးဆိုတာကို အီတလီနိုင်ငံသားအားလုံးကိုပြောချင်ပါတယ်။ ပြီးတော့ ပူတင်က ကျွန်တော်တို့ကို ဒရုန်းတွေနဲ့တိုက်ခိုက်သွားနိုင်ခြေရှိတယ်ဆိုတာကိုလည်း မယုံပါဘူး” လို့ ပြောခဲ့ပါတယ်။
ရုရှားဒရုန်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲပြောဆိုချက်တွေအားလုံးဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲပြောဆိုချက်တွေ သာဖြစ်ပြီး ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်နှေးသွားစေဖို့ လုပ်ကြံဖန်တီးထားတာမျိုးပဲဖြစ်တယ်လို့ ရုရှားအစိုးရက တုံ့ပြန်ပြောဆိုထားပါတယ်။

Zawgyi Version;
႐ုရွားက တတိယကမာၻစစ္ကို လိုလားမွာမဟုတ္ဘူးလို႔ အီတလီအစိုးရေျပာ
Pika (NP News) - ေအာက္တိုဘာ ၁
႐ုရွားသမၼတပူတင္ဟာ တတိယကမာၻစစ္ျဖစ္ပြားလာမွာကို လိုလားမွာမဟုတ္ဘူးလို႔ အီတလီႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီယိုတာဂ်ာနီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
႐ုရွားဟာ အီတလီ ဒါမွမဟုတ္ အျခားဥေရာပႏိုင္ငံေတြကို ဒ႐ုန္းတိုက္ခိုက္မႈေတြလုပ္ေဆာင္သြားႏိုင္တယ္ဆိုတဲ့ ယူကရိန္းသမၼတဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြကို အန္တိုနီယိုတာဂ်ာနီက ယခုလိုတုံ႔ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါ တယ္။
႐ုရွားက ၎တို႔ရဲ႕ေလပိုင္နက္ေတြကို ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တယ္လို႔ ပိုလန္နဲ႔ အက္စတိုးနီးယားႏိုင္ငံတို႔က စြပ္စြဲ ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ပိုလန္နဲ႔အက္စတိုးနီးယားႏိုင္ငံတို႔ရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြအားလုံးကို ႐ုရွားအစိုးရက ျငင္းဆန္ ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
အန္တိုနီယိုတာဂ်ာနီက “ပူတင္က တတိယကမာၻစစ္ကိုစတင္ဖို႔ မလိုလားဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ တတိယ ကမာၻစစ္ျဖစ္ပြားလာမွာ မဟုတ္ဘူးဆိုတာကို အီတလီႏိုင္ငံသားအားလုံးကိုေျပာခ်င္ပါတယ္။ ၿပီးေတာ့ ပူတင္က ကြၽန္ေတာ္တို႔ကို ဒ႐ုန္းေတြနဲ႔တိုက္ခိုက္သြားႏိုင္ေျခရွိတယ္ဆိုတာကိုလည္း မယုံပါဘူး” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားဒ႐ုန္းျဖစ္ရပ္ေတြနဲ႔ပတ္သက္ၿပီး စြပ္စြဲေျပာဆိုခ်က္ေတြအားလုံးဟာ အေျခအျမစ္မရွိတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြ သာျဖစ္ၿပီး ယူကရိန္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေႏွာင့္ေႏွးသြားေစဖို႔ လုပ္ႀကံဖန္တီးထားတာမ်ိဳးပဲျဖစ္တယ္လို႔ ႐ုရွားအစိုးရက တုံ႔ျပန္ေျပာဆိုထားပါတယ္။