ရေနံသူဋ္ဌေးနိုင်ငံမှာ ၂ဝ၁၁ ခုနှစ် အာဏာရှင်ဖယ်ရှားရေး နေတိုးကျောထောက်နောက်ခံ အာရပ်နွေဦးအုံကြွမှုနောက်ပိုင်း မငြိမ်မသက်ဖြစ်နေ (ဘာသာပြန်ဆောင်းပါး)

 1018

Htay Oung (NP News) - မေ ၂၉
လစ်ဗျားနိုင်ငံဟာ နိုင်ငံတကာတရားဥပဒေကိုချိုးဖောက်တဲ့ ပြည်ပတိုက်ခိုက်ရေးသမားတွေနဲ့ ပုဂ္ဂလိက စစ်ဘက် ကုမ္ပဏီများ အထူးသဖြင့် ရုရှားရဲ့ “ဝက်ဂ်နာအုပ်စု” တို့လက်ချက်နဲ့ ဆိုးရွားပြင်းထန်တဲ့ လုံခြုံရေးခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူများက အစီရင်ခံကြောင်း AP သတင်းဋ္ဌာနက ယမန်နေ့ ရေးသား ခဲ့ပါတယ်။

လစ်ဗျားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့ဟာ နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့တားမြစ်ချက်များကို လျစ်လျူရှုပြီး နှိပ်စက်ညှဉ်းပန်းခြင်းတွေအပါအဝင် နိုင်ငံသားအခွင့်အရေးချိုးဖောက်ခြင်း၊ တရားမဝင် ဖမ်းဆီး ခြင်း၊ ဥပဒေမဲ့အပြစ်ပေးခြင်းများကို စနစ်တကျအသုံးပြုနေတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူများက စွပ်စွဲထားပါ တယ်။

အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ရွှေ့ပြောင်းအခြေချသူတွေဟာ အလွန်အမင်း ထိရှလွယ်ကူသူ များဖြစ်ပြီး ကျွန်ပြုမှု၊ မုဒိမ်းမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုများကို ပုံမှန်သဖွယ် ကျူးလွန်ခံနေရတယ်လို့ ကျွမ်းကျင်သူ များက ပြီးခဲ့တဲ့ သောကြာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ အစီရင်ခံတင်ပြထားပါတယ်။

အာဖရိကတိုက်မြောက်ပိုင်းမှာ တည်ရှိပြီး ရေနံကြွယ်ဝတဲ့ လစ်ဗျားနိုင်ငံမှာ ၂ဝ၁၁ ခုနှစ် အာဏာရှင်ဖယ်ရှားရေး လူထုအုံကြွမှုကို နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများက ထောက်ပံ့ပေးပြီး R2P လုပ်တာမျိုးအထိ ကူညီခဲ့ပါတယ်။ လစ်ဗျားအုပ်ချုပ်ရေးကိုဖြုတ်ချပြီး အာဏာရှင် မွမ်မာကဒါဖီ အသတ်ခံခဲ့ရတဲ့နောက်ပိုင်း နိုင်ငံနဲ့အတူ စစ်တပ် လည်း ပြိုကွဲသွားရပါတယ်။ တစ်တိုင်းပြည်လုံး လက်ပြဲကြီးထဲကို ထိုးစိုက်ကျဆင်းသွားပြီး ဝရုန်းသုန်းကား ဖြစ်ခဲ့ ရပါတယ်။

အဲဒီနောက် လစ်ဗျားနိုင်ငံအရှေ့ပိုင်းမှာ တပ်မှူး ခလီဟက်ဖ်တာက ကျောထောက်နောက်ခံပေးထားတဲ့ “တို ဘရုခ်အစိုးရ“ နဲ့ နိုင်ငံအနောက်ပိုင်းမှာ ကုလသမဂ္ဂအသိအမှတ်ပြု “ထရီပိုလီအစိုးရ” အဖြစ် အုပ်ချုပ်ရေး အဖွဲ့ တွေအကြား ကွဲပြားသွားခဲ့တယ်။ မတူကွဲပြားတဲ့စစ်လက်နက်ကိုင်များနဲ့ နိုင်ငံခြားအင်အားကြီးတွေက အစိုးရ တစ်ဖွဲ့ချင်းစီကို ကျားကန်ပေးထားကြပါတယ်။

အီဂျစ်နဲ့ ယူအေအီးနိုင်ငံတို့က အထောက်အပံ့ထေားတဲ့ ဟက်ဖ်တာနဲ့ သူ့ရဲ့တိုဘရုခ်တပ်တွေဟာ ထရီပိုလီ ကို သိမ်းပိုက်ဖို့အတွက် ၂ဝ၁၉ ခုနှစ် ဧပြီလမှာ ထိုးစစ်ဆင်ခဲ့ပါတယ်။ ရာဂဏန်းအင်အားသာရှိတဲ့ ထရီပိုလီ တပ်များ ကို တူရကီက ဆီးရီးယားကြေးစားစစ်သား ထောင်ပေါင်းများစွာတို့နဲ စစ်ရေးပံ့ပိုးမှု အရှိန်မြှင့်တင်ပေးပြီးနောက် ဟက်ဖ်တာရဲ့စစ်ရေးလှုပ်ရှားမှုများလည်း ပျက်ပြားသွားရပါတယ်။

၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး တစ် ပေါင်းတစ်စည်းတည်းစုစည်းနိုင်ရေးကို ရည်ရွယ်ပြီး ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ အသွင်ကူးပြောင်း ရေးအစိုးရတစ်ရပ်ကို ထူထောင်ဖို့၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ထက် နောက်မကျဘဲ ရွေးကောက်ပွဲကျင်းပကြဖို့ အစီအစဉ်ရေးဆွဲခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲဒါတွေအားလုံးပျက်ပြားပြီး အခုလစ်ဗျားနိုင်ငံမှာ ဝန်ကြီးချုပ် အဖြစ် အသီးသီးကြွေးကြော်နေကြတဲ့ ပြိုင်ဘက်အစိုးရ ၂ ရပ် တည်ရှိနေပြီးဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မှာ ပြည်ပတိုက်ခိုက်ရေးသမားများနဲ့ ကြေးစားစစ်သားများအားလုံးကို အမြန်ဆုံးရုတ်သိမ်းပေးရမယ်လို့ ဖော်ပြထားပေမယ့်လည်း ယနေ့အထိ အလုံးအရင်းနဲ့ ဆုတ်ခွာကြောင်း အတည် ပြုနိုင်တဲ့ အထောက်အထားအနည်းငယ်သာ ရှိသေးကြောင်း ကျွမ်းကျင်သူများအဖွဲ့က တင်ပြထားပါတယ်။

လစ်ဗျားမှ လှုပ်ရှားနေတဲ့တိုက်ခိုက်ရေးသမားတွေဟာ အိမ်နီးချင်းချက်နိုင်ငံမှ အတိုက်အခံအုပ်စုများနဲ့ ဆူဒန် နိုင်ငံတို့မှ ဟက်ဖ်တာက စုဆောင်းထားတာဖြစ်ကြောင်း၊ ဆီးရီးယားတိုက်ခိုက်ရေးသမားတွေအနက် တူရကီ ကျောထောက်နောက်ခံပြုသူတွေကို ထရီပိုလီအစိုးရစစ်စခန်းများမှာ မြင်တွေ့နေရချိန် ဟက်ဖ်တာရဲ့ ဆီးရီးယား တွေက မြေထဲပင်လယ်ကမ်းခြေ မဟာဗျူဟာမြောက် ဆာတီမြို့နဲ့ အနီးနားရှိ ဂျူဖရာမြို့တို့မှာ ရှိနေကြကြောင်း၊ သူတို့ဟာ ရုရှား “ဝက်ဂ်နာအုပ်စု” နဲ့အတူ လှုပ်ရှားနေခြင်းဖြစ်ကြောင်း၊ အဲဒီဆီးရီးယား ၃ဝဝ ထက်မနည်းဟာ နေရပ်သို့ပြန်သွားကြပြီး၊ ဟက်ဖ်တာက အစားထိုးခြင်း မပြုခဲ့ကြောင်း၊ ဝက်ဂ်နာတိုက်ခိုက်ရေးသမားများ ဖြန့် ကျက်ချထားမှုနဲ့ သူတို့ရဲ့လှုပ်ရှားမှုများကို ပံ့ပိုးဖို့အတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းလွှဲပြောင်းမှုများကို ဆက်လက်စုံစမ်းနေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဝက်ဂ်နာအုပ်စုကို “ပီအမ်ဂျီဝက်ဂ်နာ” (သို့မဟုတ်) “စီအိတ်ချ်ဗွီကေ ဝက်ဂနာ အဖြစ်လည်း လူသိများကြပြီး ရုရှားပုဂ္ဂလိကစစ်ဘက်ဆိုင်ရာ ကန်ထရိုက်တာအဖြစ် ထူထောင်ထားပါတယ်။ ဝက်ဂ်နာတို့နဲ့ ပတ်သက်မှုတစ်စုံ တစ်ရာမရှိကြောင်း ကရင်မလင်က ငြင်းဆိုနေပေမယ့် သူတို့ကို ဘဏ္ဍာငွေကြေးထောက်ပံ့ပေးနေတာက ရုရှား သမ္မတဗလာဒီမာပူတင်နဲ့ရင်းနှီးတဲ့ ယက်ဗ်ဂါနီ ပရီဂိုရှင် တို့လို ရေပေါ်ဆီခရိုနီတစ်စုဖြစ်ကြောင်း အမေရိကန်က စုံစမ်းတွေ့ရှိထားတယ်လို့ သိရပါတယ်။။

လစ်ဗျားစစ်မြေပြင်က ဆမ်ဆောင်းအီလက်ထရွန်းနစ်တက်ဘလက်တစ်ခုကို BBC က ၂ဝ၂၁ ခုနှစ်မှာ ရရှိသွား ခဲ့ရာ အဲဒါဟာ ဝက်ဂ်နာတပ်သားတစ်ဦးမှ ကျန်ရစ်ခဲ့တဲ့ပစ္စည်းအမှန်ဖြစ်ကြောင်း ကျွမ်းကျင်သူများဘုတ်အဖွဲ့က ဆိုပါတယ်။ အဲဒီမှာ ထရီပိုလီတောင်ပိုင်း ဟက်ဖ်တာရဲ့တပ်များထိန်းချုပ်ထားတဲ့ အင်ဇာရာမြို့ ရှေ့တန်းဧရိယာ မှာ အမှတ်အသားပြသခြင်းမရှိတဲ့ လူသတ်မိုင်း ၃၅ လုံးတို့ရဲ့တည်နေရာပြ မြေပုံများပါရှိကြောင်း ပြောပါတယ်။

လစ်ဗျားမှာ မိုင်းထောင်တာမျိုး အတော်များများအတွက် သတင်းမရရှိပေမယ့် သူတို့ရဲ့လွှဲပြောင်းမှုဟာ ကုလ သမဂ္ဂရဲ့ လက်နက်ရောင်းချမှုတားမြစ်ချက်ကို ချိုးဖောက်ရာရောက်ကြောင်း၊ မိုင်းရှင်းလင်းမှုစစ်ဆင်ရေးမှာ လူ သတ် မိုင်းတစ်လုံးပေါက်ကွဲခဲ့လို့ အရပ်ဖက် မိုင်းရှင်းလင်းရေးသမားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထရီပိုလီတောင်ပိုင်း ဝက်ဂ်နာတို့ သိမ်းပိုက်ထားတဲ့ အဓိကနေရာများမှ တင့်ကားဖျက်မိုင်းများ ဖော်ထုတ်တွေ့ရှိခဲ့ ရကြောင်း၊ လူသားအပေါ်ရည်ရွယ်တဲ့ မိုင်းနဲ့ တင့်ကားဖျက်မိုင်းများ ထောင်ထားတာကို ဒေသခံအရပ်သားများ သိရှိအောင် ထင်ထင်ရှားရှား အမှတ်အသားဖော်ပြ သတိပေးဖို့ပျက်ကွက်ခြင်းဟာ ဝက်ဂ်နာတို့အနေနဲ့ နိုင်ငံတ ကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ဝက်ဂ်နာတပ်ဖွဲ့ဝင်ရဲ့ တက်ဘလက်မှာ တောင်းဆို ဖော်ပြထားတဲ့ဒရုန်းများနှင့် တင့်ကားများပေးပို့လာပါက လက်နက်ရောင်းချမှုတားမြစ်ချက်ကို ချိုးဖောက်ရာ ရောက်မည်ဖြစ်ကြောင်း။ ဒါပေမယ့် လွှဲပြောင်းလက်ခံမှု ဖြစ်ခဲ့၊ မဖြစ်ခဲ့တာကိုတော့ မသိရှိရကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောပါတယ်

၂ဝ၂၁ ခုနှစ် မတ်လမှ ၂ဝ၂၂ ခုနှစ် ဧပြီလနောက်ဆုံးရက်များအထိ ကုလသမဂ္ဂတားမြစ်ချက်ကို ချိုးဖောက်ခဲ့တဲ့ လက်နက်ရောင်းချမှု (၁၈) ခုနဲ့ စစ်ရေးလေ့ကျင့်မှု နမူနာ ၄ ခုတို့ကို ဖော်ထုတ်တွေ့ရှိရကြောင်း၊ အ ထောက် အထားတွေအနက် ဘန်ဂါဇီမြို့ရှိ ဟက်ဖ်တာ့ထံသို့ သံချပ်ကာယာဉ်အစီးရေ ၁ဝဝ ကို သယ်ပို့ပေးခဲ့တဲ့ “လူစယ် လို” အမည်ရှိ သင်္ဘောမှာ အာဖရိက အရှေ့ပိုင်းကမ်းလွန် အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကွန်မိုရို ကျွန်းစုနိုင်ငံငယ်ရဲ့ အလံကို လွှင့်တင်ထားကြောင်း၊

လစ်ဗျားသဲကန္တာရအတွင်းရှိ တာဇာဘူဧရိယာနှင့် အနောက်မြောက်ကမ်းရိုးတန်းအနီး ဘန်နီဝါလစ်ဒေသများရှိ လူကုန်ကူးသူများစိုးမိုးထားတဲ့ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းများမှာ ရွှေ့ပြောင်းနေထိုင်သူ ၄ ဦးတို့မှာ ကျွန်ပြုခံရ ခြင်း၊ ပြင်းထန်စွာရိုက်နှက်ခံရခြင်း၊ တမင် အစာငတ်ထားခြင်းနဲ့ ဆေးကုသဖို့ ငြင်းပယ်ခြင်းတို့နဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှုများကို ခံစားခဲ့ရကြောင်း၊ အဲဒီအချိန်က ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် မိန်းကလေးအကျဉ်းသားဟောင်း နှစ်ယောက်ဆိုလျှင် ကျူးလွန်သူအများအပြားတို့က ထပ်ခါတလဲလဲ အဓမ္မပြုကျင့်ခဲ့ကြကြောင်း၊ ဘန်နဝါလစ် လျှို့ဝှက်ထိန်းသိမ်းရေးစခန်းမှာ ၁၈ လ ကြာ ချုပ်နှောင်ထားခံရစဉ်အတွင်း လိင်ကျွန်ပြုမှုနဲ့ တခြားလိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုပုံစံအမျိုးမျိုးတို့ကို အတင်းအဓမ္မခိုင်းစေခံခဲ့ရတာနဲ့ပတ်သက်ပြီး အထောက်အထားများ တင်ပြ လာတာကို တွေ့ရှိရကြောင်း၊ ကုလအသိအမှတ်ပြု ထရီပိုလီအစိုးရရဲ့ အုပ်ချုပ်မှုအောက်ရှိ “ရှာရာအယ်လ်ဇာဝီ ယာ” ထိန်းသိမ်းရေးစခန်းမှာရောက်ရှိနေတဲ့ ထိရှအလွယ်ဆုံး ရွှေ့ပြောင်းအခြေချသူများကို အကာအကွယ်ပေး ဖို့ လိုအပ်လျက်ရှိကြောင်း၊ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ထိန်းသိမ်းခံ မိန်းမနဲ့ မိန်းကလေးငယ်များအပေါ် တာဝန်ကျအစောင့်တို့ရဲ့မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနဲ့ မုဒိမ်းမှုဆိုင်ရာခြိမ်းခြောက်မှုများကို အုပ်ချုပ်သူများကိုယ်တိုင် တိုက်ရိုက်ပါဝင်ခြင်း (သို့မဟုတ်) မျက်ကွယ်ပြုထားတာကို တွေ့ရှိခဲ့ရတယ်လို့ လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်သူများရဲ့လုံခြုံရေးကောင်စီထံ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

#ဝက်ဂ်နာအုပ်စု #ပီအမ်ဂျီဝက်ဂ်နာ #စီအိတ်ချ်ဗွီကေဝက်ဂနာ #ယက်ဗ်ဂါနီပရီဂိုရှင် #ခလီဖာဟက်ဖ်တာ #တိုဘရုခ်အစိုးရ #ထရီပိုလီအစိုးရ

(AP., 27 May 2022,” “ ကို “UN experts: Libya’s security threatened by foreign fighters.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

https://www.washingtonpost.com/world/un-experts-libyas-security-threatened-by-foreign-fighters/2022/05/28/6ec9c772-de5c-11ec-bc35-a91d0a94923b_story.html

https://www.dhakatribune.com/africa/2022/05/25/over-70-migrants-missing-after-boat-sinks-off-tunisia

Zawgyi Version;
ေရနံသူေ႒းႏိုင္ငံမွာ ၂ဝ၁၁ ခုႏွစ္ အာဏာရွင္ဖယ္ရွားေရး ေနတိုးေက်ာေထာက္ေနာက္ခံ အာရပ္ေႏြဦးအုံႂကြမႈေနာက္ပိုင္း မၿငိမ္မသက္ျဖစ္ေန (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ေမ ၂၉
လစ္ဗ်ားႏိုင္ငံဟာ ႏိုင္ငံတကာတရားဥပေဒကိုခ်ိဳးေဖာက္တဲ့ ျပည္ပတိုက္ခိုက္ေရးသမားေတြနဲ႔ ပုဂၢလိက စစ္ဘက္ ကုမၸဏီမ်ား အထူးသျဖင့္ ႐ုရွားရဲ႕ “ဝက္ဂ္နာအုပ္စု” တို႔လက္ခ်က္နဲ႔ ဆိုး႐ြားျပင္းထန္တဲ့ လုံၿခဳံေရးၿခိမ္းေျခာက္မႈနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကုလသမဂၢကြၽမ္းက်င္သူမ်ားက အစီရင္ခံေၾကာင္း AP သတင္း႒ာနက ယမန္ေန႔ ေရးသား ခဲ့ပါတယ္။

လစ္ဗ်ားလက္နက္ကိုင္အဖြဲ႕ ၇ ဖြဲ႕တို႔ဟာ ႏိုင္ငံတကာနဲ႔ ျပည္တြင္းဥပေဒမွာ ျပ႒ာန္းထားတဲ့တားျမစ္ခ်က္မ်ားကို လ်စ္လ်ဴရႈၿပီး ႏွိပ္စက္ညႇဥ္းပန္းျခင္းေတြအပါအဝင္ ႏိုင္ငံသားအခြင့္အေရးခ်ိဳးေဖာက္ျခင္း၊ တရားမဝင္ ဖမ္းဆီး ျခင္း၊ ဥပေဒမဲ့အျပစ္ေပးျခင္းမ်ားကို စနစ္တက်အသုံးျပဳေနတယ္လို႔ ကုလသမဂၢကြၽမ္းက်င္သူမ်ားက စြပ္စြဲထားပါ တယ္။

အထူးသျဖင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားမွာ ေ႐ႊ႕ေျပာင္းအေျခခ်သူေတြဟာ အလြန္အမင္း ထိရွလြယ္ကူသူ မ်ားျဖစ္ၿပီး ကြၽန္ျပဳမႈ၊ မုဒိမ္းမႈနဲ႔ ညႇဥ္းပန္းႏွိပ္စက္မႈမ်ားကို ပုံမွန္သဖြယ္ က်ဴးလြန္ခံေနရတယ္လို႔ ကြၽမ္းက်င္သူ မ်ားက ၿပီးခဲ့တဲ့ ေသာၾကာေန႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီထံ အစီရင္ခံတင္ျပထားပါတယ္။

အာဖရိကတိုက္ေျမာက္ပိုင္းမွာ တည္ရွိၿပီး ေရနံႂကြယ္ဝတဲ့ လစ္ဗ်ားႏိုင္ငံမွာ ၂ဝ၁၁ ခုႏွစ္ အာဏာရွင္ဖယ္ရွားေရး လူထုအုံႂကြမႈကို ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံမ်ားက ေထာက္ပံ့ေပးၿပီး R2P လုပ္တာမ်ိဳးအထိ ကူညီခဲ့ပါတယ္။ လစ္ဗ်ားအုပ္ခ်ဳပ္ေရးကိုျဖဳတ္ခ်ၿပီး အာဏာရွင္ မြမ္မာကဒါဖီ အသတ္ခံခဲ့ရတဲ့ေနာက္ပိုင္း ႏိုင္ငံနဲ႔အတူ စစ္တပ္ လည္း ၿပိဳကြဲသြားရပါတယ္။ တစ္တိုင္းျပည္လုံး လက္ၿပဲႀကီးထဲကို ထိုးစိုက္က်ဆင္းသြားၿပီး ဝ႐ုန္းသုန္းကား ျဖစ္ခဲ့ ရပါတယ္။

အဲဒီေနာက္ လစ္ဗ်ားႏိုင္ငံအေရွ႕ပိုင္းမွာ တပ္မႉး ခလီဟက္ဖ္တာက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ “တို ဘ႐ုခ္အစိုးရ“ နဲ႔ ႏိုင္ငံအေနာက္ပိုင္းမွာ ကုလသမဂၢအသိအမွတ္ျပဳ “ထရီပိုလီအစိုးရ” အျဖစ္ အုပ္ခ်ဳပ္ေရး အဖြဲ႕ ေတြအၾကား ကြဲျပားသြားခဲ့တယ္။ မတူကြဲျပားတဲ့စစ္လက္နက္ကိုင္မ်ားနဲ႔ ႏိုင္ငံျခားအင္အားႀကီးေတြက အစိုးရ တစ္ဖြဲ႕ခ်င္းစီကို က်ားကန္ေပးထားၾကပါတယ္။

အီဂ်စ္နဲ႔ ယူေအအီးႏိုင္ငံတို႔က အေထာက္အပံ့ေထားတဲ့ ဟက္ဖ္တာနဲ႔ သူ႔ရဲ႕တိုဘ႐ုခ္တပ္ေတြဟာ ထရီပိုလီ ကို သိမ္းပိုက္ဖို႔အတြက္ ၂ဝ၁၉ ခုႏွစ္ ဧၿပီလမွာ ထိုးစစ္ဆင္ခဲ့ပါတယ္။ ရာဂဏန္းအင္အားသာရွိတဲ့ ထရီပိုလီ တပ္မ်ား ကို တူရကီက ဆီးရီးယားေၾကးစားစစ္သား ေထာင္ေပါင္းမ်ားစြာတို႔နဲ စစ္ေရးပံ့ပိုးမႈ အရွိန္ျမႇင့္တင္ေပးၿပီးေနာက္ ဟက္ဖ္တာရဲ႕စစ္ေရးလႈပ္ရွားမႈမ်ားလည္း ပ်က္ျပားသြားရပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္ ေအာက္တိုဘာလမွာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရရွိခဲ့ပါတယ္။ တစ္ႏိုင္ငံလုံး တစ္ ေပါင္းတစ္စည္းတည္းစုစည္းႏိုင္ေရးကို ရည္႐ြယ္ၿပီး ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလဆန္းပိုင္းမွာ အသြင္ကူးေျပာင္း ေရးအစိုးရတစ္ရပ္ကို ထူေထာင္ဖို႔၊ ဒီဇင္ဘာလ (၂၄) ရက္ေန႔ထက္ ေနာက္မက်ဘဲ ေ႐ြးေကာက္ပြဲက်င္းပၾကဖို႔ အစီအစဥ္ေရးဆြဲခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း အဲဒါေတြအားလုံးပ်က္ျပားၿပီး အခုလစ္ဗ်ားႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ အျဖစ္ အသီးသီးေႂကြးေၾကာ္ေနၾကတဲ့ ၿပိဳင္ဘက္အစိုးရ ၂ ရပ္ တည္ရွိေနၿပီးျဖစ္ပါတယ္။

အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္မွာ ျပည္ပတိုက္ခိုက္ေရးသမားမ်ားနဲ႔ ေၾကးစားစစ္သားမ်ားအားလုံးကို အျမန္ဆုံး႐ုတ္သိမ္းေပးရမယ္လို႔ ေဖာ္ျပထားေပမယ့္လည္း ယေန႔အထိ အလုံးအရင္းနဲ႔ ဆုတ္ခြာေၾကာင္း အတည္ ျပဳႏိုင္တဲ့ အေထာက္အထားအနည္းငယ္သာ ရွိေသးေၾကာင္း ကြၽမ္းက်င္သူမ်ားအဖြဲ႕က တင္ျပထားပါတယ္။

လစ္ဗ်ားမွ လႈပ္ရွားေနတဲ့တိုက္ခိုက္ေရးသမားေတြဟာ အိမ္နီးခ်င္းခ်က္ႏိုင္ငံမွ အတိုက္အခံအုပ္စုမ်ားနဲ႔ ဆူဒန္ ႏိုင္ငံတို႔မွ ဟက္ဖ္တာက စုေဆာင္းထားတာျဖစ္ေၾကာင္း၊ ဆီးရီးယားတိုက္ခိုက္ေရးသမားေတြအနက္ တူရကီ ေက်ာေထာက္ေနာက္ခံျပဳသူေတြကို ထရီပိုလီအစိုးရစစ္စခန္းမ်ားမွာ ျမင္ေတြ႕ေနရခ်ိန္ ဟက္ဖ္တာရဲ႕ ဆီးရီးယား ေတြက ေျမထဲပင္လယ္ကမ္းေျခ မဟာဗ်ဴဟာေျမာက္ ဆာတီၿမိဳ႕နဲ႔ အနီးနားရွိ ဂ်ဴဖရာၿမိဳ႕တို႔မွာ ရွိေနၾကေၾကာင္း၊ သူတို႔ဟာ ႐ုရွား “ဝက္ဂ္နာအုပ္စု” နဲ႔အတူ လႈပ္ရွားေနျခင္းျဖစ္ေၾကာင္း၊ အဲဒီဆီးရီးယား ၃ဝဝ ထက္မနည္းဟာ ေနရပ္သို႔ျပန္သြားၾကၿပီး၊ ဟက္ဖ္တာက အစားထိုးျခင္း မျပဳခဲ့ေၾကာင္း၊ ဝက္ဂ္နာတိုက္ခိုက္ေရးသမားမ်ား ျဖန႔္ က်က္ခ်ထားမႈနဲ႔ သူတို႔ရဲ႕လႈပ္ရွားမႈမ်ားကို ပံ့ပိုးဖို႔အတြက္ လက္နက္နဲ႔ ဆက္စပ္ပစၥည္းလႊဲေျပာင္းမႈမ်ားကို ဆက္လက္စုံစမ္းေနေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဝက္ဂ္နာအုပ္စုကို “ပီအမ္ဂ်ီဝက္ဂ္နာ” (သို႔မဟုတ္) “စီအိတ္ခ်္ဗြီေက ဝက္ဂနာ အျဖစ္လည္း လူသိမ်ားၾကၿပီး ႐ုရွားပုဂၢလိကစစ္ဘက္ဆိုင္ရာ ကန္ထ႐ိုက္တာအျဖစ္ ထူေထာင္ထားပါတယ္။ ဝက္ဂ္နာတို႔နဲ႔ ပတ္သက္မႈတစ္စုံ တစ္ရာမရွိေၾကာင္း ကရင္မလင္က ျငင္းဆိုေနေပမယ့္ သူတို႔ကို ဘ႑ာေငြေၾကးေထာက္ပံ့ေပးေနတာက ႐ုရွား သမၼတဗလာဒီမာပူတင္နဲ႔ရင္းႏွီးတဲ့ ယက္ဗ္ဂါနီ ပရီဂိုရွင္ တို႔လို ေရေပၚဆီခ႐ိုနီတစ္စုျဖစ္ေၾကာင္း အေမရိကန္က စုံစမ္းေတြ႕ရွိထားတယ္လို႔ သိရပါတယ္။။

လစ္ဗ်ားစစ္ေျမျပင္က ဆမ္ေဆာင္းအီလက္ထ႐ြန္းနစ္တက္ဘလက္တစ္ခုကို BBC က ၂ဝ၂၁ ခုႏွစ္မွာ ရရွိသြား ခဲ့ရာ အဲဒါဟာ ဝက္ဂ္နာတပ္သားတစ္ဦးမွ က်န္ရစ္ခဲ့တဲ့ပစၥည္းအမွန္ျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားဘုတ္အဖြဲ႕က ဆိုပါတယ္။ အဲဒီမွာ ထရီပိုလီေတာင္ပိုင္း ဟက္ဖ္တာရဲ႕တပ္မ်ားထိန္းခ်ဳပ္ထားတဲ့ အင္ဇာရာၿမိဳ႕ ေရွ႕တန္းဧရိယာ မွာ အမွတ္အသားျပသျခင္းမရွိတဲ့ လူသတ္မိုင္း ၃၅ လုံးတို႔ရဲ႕တည္ေနရာျပ ေျမပုံမ်ားပါရွိေၾကာင္း ေျပာပါတယ္။

လစ္ဗ်ားမွာ မိုင္းေထာင္တာမ်ိဳး အေတာ္မ်ားမ်ားအတြက္ သတင္းမရရွိေပမယ့္ သူတို႔ရဲ႕လႊဲေျပာင္းမႈဟာ ကုလ သမဂၢရဲ႕ လက္နက္ေရာင္းခ်မႈတားျမစ္ခ်က္ကို ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း၊ မိုင္းရွင္းလင္းမႈစစ္ဆင္ေရးမွာ လူ သတ္ မိုင္းတစ္လုံးေပါက္ကြဲခဲ့လို႔ အရပ္ဖက္ မိုင္းရွင္းလင္းေရးသမားႏွစ္ဦး ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

ထရီပိုလီေတာင္ပိုင္း ဝက္ဂ္နာတို႔ သိမ္းပိုက္ထားတဲ့ အဓိကေနရာမ်ားမွ တင့္ကားဖ်က္မိုင္းမ်ား ေဖာ္ထုတ္ေတြ႕ရွိခဲ့ ရေၾကာင္း၊ လူသားအေပၚရည္႐ြယ္တဲ့ မိုင္းနဲ႔ တင့္ကားဖ်က္မိုင္းမ်ား ေထာင္ထားတာကို ေဒသခံအရပ္သားမ်ား သိရွိေအာင္ ထင္ထင္ရွားရွား အမွတ္အသားေဖာ္ျပ သတိေပးဖို႔ပ်က္ကြက္ျခင္းဟာ ဝက္ဂ္နာတို႔အေနနဲ႔ ႏိုင္ငံတ ကာ လူသားခ်င္းစာနာမႈဥပေဒကို ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း၊ ဝက္ဂ္နာတပ္ဖြဲ႕ဝင္ရဲ႕ တက္ဘလက္မွာ ေတာင္းဆို ေဖာ္ျပထားတဲ့ဒ႐ုန္းမ်ားႏွင့္ တင့္ကားမ်ားေပးပို႔လာပါက လက္နက္ေရာင္းခ်မႈတားျမစ္ခ်က္ကို ခ်ိဳးေဖာက္ရာ ေရာက္မည္ျဖစ္ေၾကာင္း။ ဒါေပမယ့္ လႊဲေျပာင္းလက္ခံမႈ ျဖစ္ခဲ့၊ မျဖစ္ခဲ့တာကိုေတာ့ မသိရွိရေၾကာင္း ကုလသမဂၢ ကြၽမ္းက်င္သူမ်ားက ေျပာပါတယ္

၂ဝ၂၁ ခုႏွစ္ မတ္လမွ ၂ဝ၂၂ ခုႏွစ္ ဧၿပီလေနာက္ဆုံးရက္မ်ားအထိ ကုလသမဂၢတားျမစ္ခ်က္ကို ခ်ိဳးေဖာက္ခဲ့တဲ့ လက္နက္ေရာင္းခ်မႈ (၁၈) ခုနဲ႔ စစ္ေရးေလ့က်င့္မႈ နမူနာ ၄ ခုတို႔ကို ေဖာ္ထုတ္ေတြ႕ရွိရေၾကာင္း၊ အ ေထာက္ အထားေတြအနက္ ဘန္ဂါဇီၿမိဳ႕ရွိ ဟက္ဖ္တာ့ထံသို႔ သံခ်ပ္ကာယာဥ္အစီးေရ ၁ဝဝ ကို သယ္ပို႔ေပးခဲ့တဲ့ “လူစယ္ လို” အမည္ရွိ သေဘၤာမွာ အာဖရိက အေရွ႕ပိုင္းကမ္းလြန္ အိႏၵိယသမုဒၵရာအတြင္းမွ ကြန္မို႐ို ကြၽန္းစုႏိုင္ငံငယ္ရဲ႕ အလံကို လႊင့္တင္ထားေၾကာင္း၊

လစ္ဗ်ားသဲကႏၲာရအတြင္းရွိ တာဇာဘူဧရိယာႏွင့္ အေနာက္ေျမာက္ကမ္း႐ိုးတန္းအနီး ဘန္နီဝါလစ္ေဒသမ်ားရွိ လူကုန္ကူးသူမ်ားစိုးမိုးထားတဲ့ လွ်ိဳ႕ဝွက္ထိန္းသိမ္းေရးစခန္းမ်ားမွာ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၄ ဦးတို႔မွာ ကြၽန္ျပဳခံရ ျခင္း၊ ျပင္းထန္စြာ႐ိုက္ႏွက္ခံရျခင္း၊ တမင္ အစာငတ္ထားျခင္းနဲ႔ ေဆးကုသဖို႔ ျငင္းပယ္ျခင္းတို႔နဲ႔ လူ႔ အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ခံစားခဲ့ရေၾကာင္း၊ အဲဒီအခ်ိန္က ၁၄ ႏွစ္နဲ႔ ၁၅ ႏွစ္အ႐ြယ္ မိန္းကေလးအက်ဥ္းသားေဟာင္း ႏွစ္ေယာက္ဆိုလွ်င္ က်ဴးလြန္သူအမ်ားအျပားတို႔က ထပ္ခါတလဲလဲ အဓမၼျပဳက်င့္ခဲ့ၾကေၾကာင္း၊ ဘန္နဝါလစ္ လွ်ိဳ႕ဝွက္ထိန္းသိမ္းေရးစခန္းမွာ ၁၈ လ ၾကာ ခ်ဳပ္ေႏွာင္ထားခံရစဥ္အတြင္း လိင္ကြၽန္ျပဳမႈနဲ႔ တျခားလိင္ပိုင္းဆိုင္ ရာ အၾကမ္းဖက္မႈပုံစံအမ်ိဳးမ်ိဳးတို႔ကို အတင္းအဓမၼခိုင္းေစခံခဲ့ရတာနဲ႔ပတ္သက္ၿပီး အေထာက္အထားမ်ား တင္ျပ လာတာကို ေတြ႕ရွိရေၾကာင္း၊ ကုလအသိအမွတ္ျပဳ ထရီပိုလီအစိုးရရဲ႕ အုပ္ခ်ဳပ္မႈေအာက္ရွိ “ရွာရာအယ္လ္ဇာဝီ ယာ” ထိန္းသိမ္းေရးစခန္းမွာေရာက္ရွိေနတဲ့ ထိရွအလြယ္ဆုံး ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို အကာအကြယ္ေပး ဖို႔ လိုအပ္လ်က္ရွိေၾကာင္း၊ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီမွ ဇြန္လအတြင္း ထိန္းသိမ္းခံ မိန္းမနဲ႔ မိန္းကေလးငယ္မ်ားအေပၚ တာဝန္က်အေစာင့္တို႔ရဲ႕မုဒိမ္းမႈ၊ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈနဲ႔ မုဒိမ္းမႈဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကို အုပ္ခ်ဳပ္သူမ်ားကိုယ္တိုင္ တိုက္႐ိုက္ပါဝင္ျခင္း (သို႔မဟုတ္) မ်က္ကြယ္ျပဳထားတာကို ေတြ႕ရွိခဲ့ရတယ္လို႔ လစ္ဗ်ားႏိုင္ငံဆိုင္ရာ ကုလသမဂၢကြၽမ္းက်င္သူမ်ားရဲ႕လုံၿခဳံေရးေကာင္စီထံ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

#ဝက္ဂ္နာအုပ္စု #ပီအမ္ဂ်ီဝက္ဂ္နာ #စီအိတ္ခ်္ဗြီေကဝက္ဂနာ #ယက္ဗ္ဂါနီပရီဂိုရွင္ #ခလီဖာဟက္ဖ္တာ #တိုဘ႐ုခ္အစိုးရ #ထရီပိုလီအစိုးရ
(AP., 27 May 2022,” “ ကို “UN experts: Libya’s security threatened by foreign fighters.” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

https://www.washingtonpost.com/world/un-experts-libyas-security-threatened-by-foreign-fighters/2022/05/28/6ec9c772-de5c-11ec-bc35-a91d0a94923b_story.html

https://www.dhakatribune.com/africa/2022/05/25/over-70-migrants-missing-after-boat-sinks-off-tunisia

Related news

© 2021. All rights reserved.