စစ်ပွဲအဆုံးသတ်ရေးက ယူကရိန်းနဲ့ အမေရိကန်တို့အပေါ်မှာ မူတည်တယ်လို့ ရုရှားအစိုးရပြော

231

Pika (NP News) - ဇူလိုင် ၁
ယူကရိန်းစစ်ပွဲကိုဖြေရှင်းဖို့ ဆွေးနွေးပွဲတွေရဲ့အရှိန်အဟုန်ဟာ ယူကရိန်းရဲ့ရပ်တည်ချက်၊အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုတွေရဲ့ ထိရောက်မှုတွေနဲ့ မြေပြင်အခြေအနေတွေအပေါ်မှာ မူတည်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးမယ်လို့ ကတိပြုပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း(၅)လအတွင်း ရုရှား နဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အဆုံးသတ်သွားနိုင်တဲ့အလားအလာတွေ ထွက်ပေါ်လာတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
သမ္မတအဖြစ် စတင်တာဝန်ယူတည်းက အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ ရုရှားနဲ့ယူကရိန်းတို့ကို တွန်းအားပေးခဲ့တဲ့ ဒေါ်နယ်ထရမ့်က လက်ရှိစစ်ပွဲကို အဆုံးသတ်နိုင်မယ့်အရာတစ်ခုခု ဖြစ်လာလိမ့်မယ်လို့ထင်မိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က "ဒီစစ်ပွဲကို အဆုံးသတ်နိုင်ခြေဟာ ယူကရိန်းအစိုးရရဲ့ရပ်တည်ချက်အပေါ်မှာ အများကြီးမူတည်နေပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုတွေက ဘယ်လောက်အထိ ထိရောက်မှုရှိလဲဆိုတဲ့အချက်အပေါ်မှာလည်း မူတည်ပါတယ်။ မြေပြင်အခြေအနေတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လျစ်လျူရှုလို့မရတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
စစ္ပြဲအဆုံးသတ္ေရးက ယူကရိန္းနဲ႔ အေမရိကန္တို႔အေပၚမွာ မူတည္တယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဇူလိုင္ ၁
ယူကရိန္းစစ္ပြဲကိုေျဖရွင္းဖို႔ ေဆြးေႏြးပြဲေတြရဲ႕အရွိန္အဟုန္ဟာ ယူကရိန္းရဲ႕ရပ္တည္ခ်က္၊အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈေတြရဲ႕ ထိေရာက္မႈေတြနဲ႔ ေျမျပင္အေျခအေနေတြအေပၚမွာ မူတည္တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္သြားေအာင္ လုပ္ေဆာင္ေပးမယ္လို႔ ကတိျပဳေျပာဆိုခဲ့တဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ သမၼတသက္တမ္း(၅)လအတြင္း ႐ုရွား နဲ႔ ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲဟာ အဆုံးသတ္သြားႏိုင္တဲ့အလားအလာေတြ ထြက္ေပၚလာတာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
သမၼတအျဖစ္ စတင္တာဝန္ယူတည္းက အပစ္အခတ္ရပ္စဲေရးေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ ႐ုရွားနဲ႔ယူကရိန္းတို႔ကို တြန္းအားေပးခဲ့တဲ့ ေဒၚနယ္ထရမ့္က လက္ရွိစစ္ပြဲကို အဆုံးသတ္ႏိုင္မယ့္အရာတစ္ခုခု ျဖစ္လာလိမ့္မယ္လို႔ထင္မိတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က "ဒီစစ္ပြဲကို အဆုံးသတ္ႏိုင္ေျခဟာ ယူကရိန္းအစိုးရရဲ႕ရပ္တည္ခ်က္အေပၚမွာ အမ်ားႀကီးမူတည္ေနပါတယ္။ ၿပီးေတာ့ အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈေတြက ဘယ္ေလာက္အထိ ထိေရာက္မႈရွိလဲဆိုတဲ့အခ်က္အေပၚမွာလည္း မူတည္ပါတယ္။ ေျမျပင္အေျခအေနေတြကလည္း ဒီကိစၥနဲ႔ပတ္သက္ၿပီး လ်စ္လ်ဴရႈလို႔မရတဲ့အခ်က္တစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။