နေဘုန်းလတ်အနေဖြင့် နိုင်ငံရေးပါတီများ လူထုထောက်ခံမှု ရ၊ မရကို ဝေဖန်ပြောကြားပိုင်ခွင့် မရှိတော့

1191

သုတကျော် (NP News) - ဇူလိုင် ၁
နေဘုန်းလတ် ပြောသော နိုင်ငံရေး ပါတီများ လူထုထောက်ခံမှု မရဆိုသော အချက်နှင့်ပတ်သက်၍ ၎င်း အနေဖြင့် ပါတီများလူထုထောက်ခံမှုရခြင်း၊ မရခြင်းကို ဝေဖန်ပိုင်ခွင့်မရှိတော့ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒုတိယ ဥက္ကဋ္ဌ ဦးထက်အောင်ကျော် က NP News က တဆင့် တုံ့ပြန်ပြောကြားသည်။
NUG ၏ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်တွင် နေဘုန်းလတ်က “ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာ (၁၀) ရာခိုင်နှုန်းပြည့်အောင်အနိုင်မရရှိခဲ့ကြတဲ့ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေဖြစ်ပါတယ်”ဟု ပြောကြားထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြောကြားခြင်းမှာ နေဘုန်းလတ်အနေဖြင့် ကိုယ့်သိက္ခာကိုကိုယ်ပြန်ဆယ်ပြီး ပြောကြားခြင်းမျိုးသာဖြစ်ကြောင်း ဦးထက်အောင်ကျော်က ဆိုသည်။ “ကိုနေဘုန်းလတ်က NLD ရဲ့ Page ကို ခိုးသွားတယ်။ နောက်တစ်ခါ အန်တီစုက တစ်ခါမှသဘောမတူထားတဲ့ (NLD) CWC တို့ ဘာတို့ကို လျှောက်လုပ်ပြီးတော့မှ ပြောတယ်။ အခုဆိုရင် အလှူငွေတွေသုံး၊ ဘာတွေသုံးနဲ့ ကိုယ့်သိက္ခာကိုကိုယ်ပြန်ဆယ်တာ။ သူများကို ဘာမှလာပြောစရာ အကြောင်းမရှိတော့ဘူး။ ဘယ်ပါတီသည် ပြည်သူလူထု ထောက်ခံမှုရသည်၊ မရသည်ကို ဝေဖန်ပိုင်ခွင့်လည်း မရှိတော့ဘူး။ သူ့ဘဝက အဲဒီမှာတင် ဂိတ်ဆုံးသွားပြီ”ဟု ၎င်းက ဆိုသည်။
လူထုဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မည်သည့်အရာကို ရည်ညွှန်းသည်ဆိုခြင်းအား ပြန်လည်တွေးတောကြည့်ရန်လိုကြောင်း ပြည်သူ့ပါတီမှရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ဆိုသည်။ “လူထုတစ်ရပ်လုံးလား၊ အစိတ်အပိုင်းတစ်ပိုင်းလား၊ အခန်းကဏ္ဍတစ်ခုလားဆိုတာ ကျွန်တော်တို့က ခွဲခြမ်းစိတ်ဖြာရမှာ ဖြစ်တယ်လေ။ တစ်ခုပြောနိုင်တာက ဒီရွေးကောက်ပွဲက လူထုတစ်ရပ်လုံး၊ အားလုံးထောက်ခံတဲ့ ရွေးကောက် ပွဲတော့ မဟုတ်ဘူး။ အတိုင်းအတာတစ်ခုက ထောက်ခံတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အသွင်ကူးပြောင်းရေး ကာလတစ်ရပ်ကို ဦးတည်ပြီး သွားရမယ့် ရွေးကောက်ပွဲဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
zawgyi version
ေနဘုန္းလတ္အေနျဖင့္ ႏိုင္ငံေရးပါတီမ်ား လူထုေထာက္ခံမႈ ရ၊ မရကို ေဝဖန္ေျပာၾကားပိုင္ခြင့္ မရွိေတာ့
သုတေက်ာ္ (NP News) - ဇူလိုင္ ၁
ေနဘုန္းလတ္ ေျပာေသာ ႏိုင္ငံေရး ပါတီမ်ား လူထုေထာက္ခံမႈ မရဆိုေသာ အခ်က္ႏွင့္ပတ္သက္၍ ၎ အေနျဖင့္ ပါတီမ်ားလူထုေထာက္ခံမႈရျခင္း၊ မရျခင္းကို ေဝဖန္ပိုင္ခြင့္မရွိေတာ့ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ (NDF) မွ ဒုတိယ ဥကၠ႒ ဦးထက္ေအာင္ေက်ာ္ က NP News က တဆင့္ တုံ႔ျပန္ေျပာၾကားသည္။
NUG ၏ “ျပည္သူလူထုႏွင့္ႏိုင္ငံတကာသို႔သတင္းစကားေျပာၾကားျခင္း(Press Briefing)အစီအစဥ္တြင္ ေနဘုန္းလတ္က “ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ္ဆိုၿပီး မွတ္ပုံတင္ထားၾကတဲ့ ႏိုင္ငံေရးပါတီေတြဟာ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ပါတီအားလုံးေပါင္းရင္ေတာင္ ျပည္ေထာင္စုလႊတ္ေတာ္ေနရာ (၁၀) ရာခိုင္ႏႈန္းျပည့္ေအာင္အႏိုင္မရရွိခဲ့ၾကတဲ့ လူထုေထာက္ခံမႈမရွိတဲ့ ႏိုင္ငံေရးပါတီေတြျဖစ္ပါတယ္”ဟု ေျပာၾကားထားျခင္း ျဖစ္သည္။
ယခုကဲ့သို႔ ေျပာၾကားျခင္းမွာ ေနဘုန္းလတ္အေနျဖင့္ ကိုယ့္သိကၡာကိုကိုယ္ျပန္ဆယ္ၿပီး ေျပာၾကားျခင္းမ်ိဳးသာျဖစ္ေၾကာင္း ဦးထက္ေအာင္ေက်ာ္က ဆိုသည္။ “ကိုေနဘုန္းလတ္က NLD ရဲ႕ Page ကို ခိုးသြားတယ္။ ေနာက္တစ္ခါ အန္တီစုက တစ္ခါမွသေဘာမတူထားတဲ့ (NLD) CWC တို႔ ဘာတို႔ကို ေလွ်ာက္လုပ္ၿပီးေတာ့မွ ေျပာတယ္။ အခုဆိုရင္ အလႉေငြေတြသုံး၊ ဘာေတြသုံးနဲ႔ ကိုယ့္သိကၡာကိုကိုယ္ျပန္ဆယ္တာ။ သူမ်ားကို ဘာမွလာေျပာစရာ အေၾကာင္းမရွိေတာ့ဘူး။ ဘယ္ပါတီသည္ ျပည္သူလူထု ေထာက္ခံမႈရသည္၊ မရသည္ကို ေဝဖန္ပိုင္ခြင့္လည္း မရွိေတာ့ဘူး။ သူ႔ဘဝက အဲဒီမွာတင္ ဂိတ္ဆုံးသြားၿပီ”ဟု ၎က ဆိုသည္။
လူထုဆိုေသာ အဓိပၸာယ္ဖြင့္ဆိုခ်က္မွာ မည္သည့္အရာကို ရည္ၫႊန္းသည္ဆိုျခင္းအား ျပန္လည္ေတြးေတာၾကည့္ရန္လိုေၾကာင္း ျပည္သူ႔ပါတီမွရန္ကုန္တိုင္းေဒသႀကီး ဥကၠ႒ ဦးလွေဌးက ဆိုသည္။ “လူထုတစ္ရပ္လုံးလား၊ အစိတ္အပိုင္းတစ္ပိုင္းလား၊ အခန္းက႑တစ္ခုလားဆိုတာ ကြၽန္ေတာ္တို႔က ခြဲျခမ္းစိတ္ျဖာရမွာ ျဖစ္တယ္ေလ။ တစ္ခုေျပာႏိုင္တာက ဒီေ႐ြးေကာက္ပြဲက လူထုတစ္ရပ္လုံး၊ အားလုံးေထာက္ခံတဲ့ ေ႐ြးေကာက္ ပြဲေတာ့ မဟုတ္ဘူး။ အတိုင္းအတာတစ္ခုက ေထာက္ခံတဲ့ ေ႐ြးေကာက္ပြဲျဖစ္တယ္။ ကြၽန္ေတာ္တို႔ တိုင္းျပည္ရဲ႕ အသြင္ကူးေျပာင္းေရး ကာလတစ္ရပ္ကို ဦးတည္ၿပီး သြားရမယ့္ ေ႐ြးေကာက္ပြဲျဖစ္ေနပါတယ္” ဟု ၎က ေျပာသည္။