ကလေးများစာသင်ကြားနေချိန်အတွင်း အခြေခံပညာမူလတန်းလွန်ကျောင်းအား Drone ဖြင့်ဗုံးခွဲတိုက်ခိုက်မှု ရွှေဘိုမြို့နယ်တွင်ဖြစ်ပွား

 5441

NP News - ဇွန် ၁ဝ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (တည်သီးတော)အား Drone ယာဉ်များအသုံးပြု၍ ဗုံးခွဲတိုက် ခိုက်ခံခဲ့ရကြောင်း နစက၏ ဇွန်လ(၉)ရက် ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ဇွန် လ(၉)ရက်၊ နံနက်(၁ဝ)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းအတွင်း စာသင်ကြားနေစဉ်အတွင်း တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Drone ဖြင့် ဗုံးခွဲမှုကြောင့် ကျောင်းဝန်းအတွင်းရှိ စာသင်ကျောင်းဆောင်များပေါ်သို့ ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် အဆို ပါပေါက်ကွဲမှုကြောင့် ကျောင်းဆောင်အမိုးများ ပေါက်ပြဲပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ Drone များသည် ကျောင်း၏ အနောက်တောင်ဘက်သို့မောင်းနှင်သွားသဖြင့် ကျောင်းအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် လိုက်လံပစ်ချခဲ့ရာ DJI-1313 အမျိုးအစား Drone ၁ စီးအား သိမ်းဆည်းရမိခဲ့ကြောင်း နစကဘက်မှ ထုတ်ပြန်ထားသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၏ နေအိမ်သို့ ဇွန်လ ၈ ရက် နံနက် ၈ နာရီခန့်တွင် “ကလေးသူငယ်များအား ပညာသင်ကြားမှုမပြုရန်နှင့် သင်ကြားမည်ဆိုပါက ဆရာမကြီးရဲ့အသက်ကို အာ မခံမပေးနိုင်ပါ”ဆိုသည့် ခြိမ်းခြောက်စာတစ်စောင်ကို 9MM LUGER ကျည်တစ်တောင့်နှင့်အတူ ပေးပို့ခြိမ်းခြောက်မှုရှိခဲ့ကြောင်းလည်း နစက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် ကျောင်းအဆောက်အဦးအား Drone ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သူများ၊ ကျောင်းအုပ်ဆရာမကြီး၏နေအိမ်သို့ ခြိမ်းခြောက်စာပေးပို့သူ များအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

https://npnewsmm.com/news/62a2d319554340020c20cd35

zawgyi version
ကေလးမ်ားစာသင္ၾကားေနခ်ိန္အတြင္း အေျခခံပညာမူလတန္းလြန္ေက်ာင္းအား Drone ျဖင့္ဗုံးခြဲတိုက္ခိုက္မႈ ေ႐ႊဘိုၿမိဳ႕နယ္တြင္ျဖစ္ပြား
NP News - ဇြန္ ၁ဝ

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္၊ အေျခခံပညာမူလတန္းလြန္ေက်ာင္း (တည္သီးေတာ)အား Drone ယာဥ္မ်ားအသုံးျပဳ၍ ဗုံးခြဲတိုက္ ခိုက္ခံခဲ့ရေၾကာင္း နစက၏ ဇြန္လ(၉)ရက္ ညပိုင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ျဖစ္စဥ္သည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္တြင္ ဇြန္ လ(၉)ရက္၊ နံနက္(၁ဝ)နာရီအခ်ိန္ခန႔္က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေက်ာင္းအတြင္း စာသင္ၾကားေနစဥ္အတြင္း တိုက္ခိုက္ခံရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Drone ျဖင့္ ဗုံးခြဲမႈေၾကာင့္ ေက်ာင္းဝန္းအတြင္းရွိ စာသင္ေက်ာင္းေဆာင္မ်ားေပၚသို႔ ဗုံးသီး ၃ လုံး က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္းႏွင့္ အဆို ပါေပါက္ကြဲမႈေၾကာင့္ ေက်ာင္းေဆာင္အမိုးမ်ား ေပါက္ၿပဲပ်က္စီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပထားသည္။

အဆိုပါ Drone မ်ားသည္ ေက်ာင္း၏ အေနာက္ေတာင္ဘက္သို႔ေမာင္းႏွင္သြားသျဖင့္ ေက်ာင္းအနီး လုံၿခဳံေရးေဆာင္႐ြက္ေနသည့္ တပ္ဖြဲ႕ဝင္မ်ားက လက္နက္ငယ္မ်ားျဖင့္ လိုက္လံပစ္ခ်ခဲ့ရာ DJI-1313 အမ်ိဳးအစား Drone ၁ စီးအား သိမ္းဆည္းရမိခဲ့ေၾကာင္း နစကဘက္မွ ထုတ္ျပန္ထားသည္။

အလားတူ တနသၤာရီတိုင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္၊ ပုလဲကူေက်း႐ြာရွိ အေျခခံပညာမူလတန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး၏ ေနအိမ္သို႔ ဇြန္လ ၈ ရက္ နံနက္ ၈ နာရီခန႔္တြင္ “ကေလးသူငယ္မ်ားအား ပညာသင္ၾကားမႈမျပဳရန္ႏွင့္ သင္ၾကားမည္ဆိုပါက ဆရာမႀကီးရဲ႕အသက္ကို အာ မခံမေပးႏိုင္ပါ”ဆိုသည့္ ၿခိမ္းေျခာက္စာတစ္ေစာင္ကို 9MM LUGER က်ည္တစ္ေတာင့္ႏွင့္အတူ ေပးပို႔ၿခိမ္းေျခာက္မႈရွိခဲ့ေၾကာင္းလည္း နစက ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

လက္ရွိတြင္ ေက်ာင္းအေဆာက္အဦးအား Drone ျဖင့္ ေဖာက္ခြဲဖ်က္ဆီးခဲ့သူမ်ား၊ ေက်ာင္းအုပ္ဆရာမႀကီး၏ေနအိမ္သို႔ ၿခိမ္းေျခာက္စာေပးပို႔သူ မ်ားအား အျမန္ဆုံးဖမ္းဆီးေဖာ္ထုတ္ႏိုင္ေရးအတြက္ စုံစမ္းေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

https://npnewsmm.com/news/62a2d319554340020c20cd35

Picture

မင္း မင္း

10/06/2022 13:24

ထိထိရောက်ရောက်လုပ်ဆောင်ပေးကြပါဗျာကလေးတွေထပ်ဒုက္ခရောက်နေပါအုံးမယ်

Picture

Ko San

10/06/2022 19:40

အျပစ္မ႐ွိတဲ့က​ေလး​ေတြကို႐ုပ္မာလိုက္တာကြာ

Picture

Phoe Cho

10/06/2022 12:50

ဆရာဆရာမများနှင့်ကလေးအားလုံးဘေးကင်ကြပါစေ

Picture

Ye Htun

10/06/2022 12:35

ယုတ်မာလိုက်တာ

Picture

Khinkyaw Nyo

10/06/2022 13:07

အကြမ်းဖက်များအားအမြန်ဆုံးနှိမ်နင်းပေးပါ

Related news

© 2021. All rights reserved.