ဖိလစ်ပိုင်နိုင်ငံမှာ ဘူလူဆန်မီးတောင် ဒုတိယအကြိမ်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများ မြို့ပြတွေမှာ ဖုံးလွှမ်းနေ

664

ရောင်နီ (NP News) - ဇွန် ၁၃
ဖိလစ်ပိုင်နိုင်ငံရှိ ဘူလူဆန်မီးတောင်တစ်ခုဟာ တနင်္ဂနွေနေ့ (ဇွန် ၁၂ ရက်) က ဒုတိယအကြိမ်ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေ ကောင်းကင်သို့လွင့်စင်သွားခဲ့ကာ အနီးအနားရှိဒေသကို မီးတောင်ပြာတွေ ဖုံးအုပ်သွားစေခဲ့ပါ တယ်။
ဘူလူဆန်မီးတောင်ပေါက်ကွဲမှုဟာ ၁၈ မိနစ်ကြာမြင့်ခဲ့ကြောင်း ဖိလစ်ပိုင်မြေငလျင်ဆိုင်ရာအေဂျင်စီက ပြောကြားခဲ့ပြီး ၎င်းဟာ မြင်နိုင်စွမ်းကို ထိခိုက်စေခဲ့တာကြောင့် လေကြောင်းလိုင်းများနဲ့ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခိုင်းစေခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ဘူလူဆန်တောင်မှာ အနည်းဆုံး မီးခိုးရောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရွာ ၁ဝ ရွာကို မီးတောင်ပြာတွေနဲ့ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ ဆောဆိုဂွန်ပြည်နယ်ရှိ ဂျူဘန်မြို့ခံတွေဟာ ပြီးခဲ့တဲ့ သီတင်း ပတ်က မီးတောင်ပေါက်ကွဲမှုကြောင့် နိုးနိုးကြားကြားရှိနေခဲ့ပြီး ဇွန်လ ၁၂ ရက်၊ တနင်္ဂနွေနေ့က ဒုတိယအကြိမ် မီးတောင်ပေါက်ကွဲမှုမှာ "မိုးရွာနေတယ်ထင်တာ ဒါပေမယ့် အပြင်ကိုကြည့်လိုက်တော့ နေရာတိုင်းလိုလိုမှာ ပြာ တွေဖုံးလွှမ်းနေတယ်။ မြစ်ရေဟာလည်း တစ်ချိန်က ကြည်လင်ခဲ့ပေမယ့် အခုတော့ ပြာရောင်ပေါက်လာ တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လူအသေအပျောက် မရှိခဲ့ပေမယ့်လည်း ငလျင်ဆိုင်ရာအေဂျင်စီက အဆင့်နိမ့်မငြိမ်မသက်မှုကို ဖော်ပြတဲ့ အဆင့်ငါးဆင့်စနစ်မှာ အဆင့်တစ်ခုသို့ သတိပေးချက်အဆင့် မြှင့်တင်ခဲ့ရပါတယ်။ "မီးတောင်ပေါက်ကွဲမှု ပြီးသွားပြီလို့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ နောက်ထပ်ပေါက်ကွဲမှုဖြစ်နိုင်ပါသေးတယ်၊ ဒါကြောင့် ဘူလူဆန်မီးတောင်ကို သတိထားဖို့ လိုပါတယ်" လို့ အေဂျင်စီအကြီးအကဲ ရီနာတိုဆိုလီဒန် က ပြောကြားခဲ့ ပါတယ်။
မီးတောင်ပြာတွေ ဖုံးလွှမ်းထားတဲ့လမ်းများကို သန့်ရှင်းရေးလုပ်ဖို့ အရေးပေါ်ဝန်ထမ်းများကို ဖြန့်ကျက်ထားပြီး ဒေသရှိ လေကြောင်းခရီးစဉ်ငါးခုကို ဖျက်သိမ်းခဲ့ရပါတယ်။ ဘူလူဆန်မီးတောင်ဟာ မကြာသေးမီနှစ်များအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပြီး ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်များမှာ အလားတူ ပေါက်ကွဲမှုများ ဒါဇင်နဲ့ချီပြီး ရှိခဲ့ပါတယ်။
ဖိလစ်ပိုင်ဟာ ငလျင်လှုပ်ခတ်မှုပြင်းထန်တဲ့ ပစိဖိတ် "မီးကွင်း" မှာ တည်ရှိပြီး လှုပ်ရှားနေတဲ့ မီးတောင်ပေါင်း ၂ဝ ကျော်ရှိပါတယ်။
https://l.facebook.com/l.php?u=https%3A%2F%2Fchannelnewsasia.com%2Fasia%2Fphilippines-volcano-ash-blankets-town-after-second-eruption-2742391%3Fcid%3DFBcna&h=AT2E6uXkzAHSvZLFrfttFoHkgBn9qjJIrCUJp1M7xKCxAumAk_dFSyWzYmioyqpenKHi3nQXrzCRn2TClgp6aI0eF_MDISivgN0-gHHNG5bLDVrHfCwqSIp4QHP-Fji2yHNAAbprJKQvPhc&d=m

Zawgyi Version;
ဖိလစ္ပိုင္ႏိုင္ငံမွာ ဘူလူဆန္မီးေတာင္ ဒုတိယအႀကိမ္ေပါက္ကြဲမႈေၾကာင့္ မီးေတာင္ျပာမ်ား ၿမိဳ႕ျပေတြမွာ ဖုံးလႊမ္းေန
ေရာင္နီ (NP News) - ဇြန္ ၁၃
ဖိလစ္ပိုင္ႏိုင္ငံရွိ ဘူလူဆန္မီးေတာင္တစ္ခုဟာ တနဂၤေႏြေန႔ (ဇြန္ ၁၂ ရက္) က ဒုတိယအႀကိမ္ေပါက္ကြဲခဲ့ၿပီး မီးေတာင္ျပာေတြ ေကာင္းကင္သို႔လြင့္စင္သြားခဲ့ကာ အနီးအနားရွိေဒသကို မီးေတာင္ျပာေတြ ဖုံးအုပ္သြားေစခဲ့ပါ တယ္။
ဘူလူဆန္မီးေတာင္ေပါက္ကြဲမႈဟာ ၁၈ မိနစ္ၾကာျမင့္ခဲ့ေၾကာင္း ဖိလစ္ပိုင္ေျမငလ်င္ဆိုင္ရာေအဂ်င္စီက ေျပာၾကားခဲ့ၿပီး ၎ဟာ ျမင္ႏိုင္စြမ္းကို ထိခိုက္ေစခဲ့တာေၾကာင့္ ေလေၾကာင္းလိုင္းမ်ားနဲ႔ ေလယာဥ္ခရီးစဥ္မ်ား ဖ်က္သိမ္းခိုင္းေစခဲ့ရတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လ ၅ ရက္ေန႔က ဘူလူဆန္ေတာင္မွာ အနည္းဆုံး မီးခိုးေရာင္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ႐ြာ ၁ဝ ႐ြာကို မီးေတာင္ျပာေတြနဲ႔ ဖုံးလႊမ္းသြားေစခဲ့ပါတယ္။ ေဆာဆိုဂြန္ျပည္နယ္ရွိ ဂ်ဴဘန္ၿမိဳ႕ခံေတြဟာ ၿပီးခဲ့တဲ့ သီတင္း ပတ္က မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ႏိုးႏိုးၾကားၾကားရွိေနခဲ့ၿပီး ဇြန္လ ၁၂ ရက္၊ တနဂၤေႏြေန႔က ဒုတိယအႀကိမ္ မီးေတာင္ေပါက္ကြဲမႈမွာ "မိုး႐ြာေနတယ္ထင္တာ ဒါေပမယ့္ အျပင္ကိုၾကည့္လိုက္ေတာ့ ေနရာတိုင္းလိုလိုမွာ ျပာ ေတြဖုံးလႊမ္းေနတယ္။ ျမစ္ေရဟာလည္း တစ္ခ်ိန္က ၾကည္လင္ခဲ့ေပမယ့္ အခုေတာ့ ျပာေရာင္ေပါက္လာ တယ္” လို႔ ေဒသခံတစ္ဦးက ဆိုပါတယ္။
လူအေသအေပ်ာက္ မရွိခဲ့ေပမယ့္လည္း ငလ်င္ဆိုင္ရာေအဂ်င္စီက အဆင့္နိမ့္မၿငိမ္မသက္မႈကို ေဖာ္ျပတဲ့ အဆင့္ငါးဆင့္စနစ္မွာ အဆင့္တစ္ခုသို႔ သတိေပးခ်က္အဆင့္ ျမႇင့္တင္ခဲ့ရပါတယ္။ "မီးေတာင္ေပါက္ကြဲမႈ ၿပီးသြားၿပီလို႔ ကြၽန္ေတာ္တို႔ မေျပာႏိုင္ေသးပါဘူး။ ေနာက္ထပ္ေပါက္ကြဲမႈျဖစ္ႏိုင္ပါေသးတယ္၊ ဒါေၾကာင့္ ဘူလူဆန္မီးေတာင္ကို သတိထားဖို႔ လိုပါတယ္" လို႔ ေအဂ်င္စီအႀကီးအကဲ ရီနာတိုဆိုလီဒန္ က ေျပာၾကားခဲ့ ပါတယ္။
မီးေတာင္ျပာေတြ ဖုံးလႊမ္းထားတဲ့လမ္းမ်ားကို သန႔္ရွင္းေရးလုပ္ဖို႔ အေရးေပၚဝန္ထမ္းမ်ားကို ျဖန႔္က်က္ထားၿပီး ေဒသရွိ ေလေၾကာင္းခရီးစဥ္ငါးခုကို ဖ်က္သိမ္းခဲ့ရပါတယ္။ ဘူလူဆန္မီးေတာင္ဟာ မၾကာေသးမီႏွစ္မ်ားအတြင္း လႈပ္လႈပ္ရွားရွားျဖစ္ခဲ့ၿပီး ၂ဝ၁၆ နဲ႔ ၂ဝ၁၇ ခုႏွစ္မ်ားမွာ အလားတူ ေပါက္ကြဲမႈမ်ား ဒါဇင္နဲ႔ခ်ီၿပီး ရွိခဲ့ပါတယ္။
ဖိလစ္ပိုင္ဟာ ငလ်င္လႈပ္ခတ္မႈျပင္းထန္တဲ့ ပစိဖိတ္ "မီးကြင္း" မွာ တည္ရွိၿပီး လႈပ္ရွားေနတဲ့ မီးေတာင္ေပါင္း ၂ဝ ေက်ာ္ရွိပါတယ္။
https://l.facebook.com/l.php?u=https%3A%2F%2Fchannelnewsasia.com%2Fasia%2Fphilippines-volcano-ash-blankets-town-after-second-eruption-2742391%3Fcid%3DFBcna&h=AT2E6uXkzAHSvZLFrfttFoHkgBn9qjJIrCUJp1M7xKCxAumAk_dFSyWzYmioyqpenKHi3nQXrzCRn2TClgp6aI0eF_MDISivgN0-gHHNG5bLDVrHfCwqSIp4QHP-Fji2yHNAAbprJKQvPhc&d=m