မုံရွာ-မန္တလေး ကားလမ်းပေါ်တွင် ခရီးသည်တင် မှန်လုံကား တစ်စီး မိုင်းထိမှန်ပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာရ

 1940

ဟိန်း (NP News) - ဇူလိုင် ၁၂
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပေါ်တွင် ခရီးသည်တင် မှန်လုံကား တစ်စီး မိုင်းထိမှန်ပြီး ခရီးသည် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်၊ ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုင်းထိမှန်မှုကြောင့် လူသေဆုံးမှုများဖြစ်ပွားခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

"၄ နာရီခွဲ ၅ နာရီ လောက်က ဖြစ်တာ။ ရွှေသလ္လာ Express ကား မိုင်းထိတာ။ မုံရွာ-မန္တလေးလမ်း ချောင်းဦး မရောက်ခင်ပေါ့။ အောင်နန်းကျော်ဆီဆိုင်နားလေးမှာဖြစ်တာ။ စုစုပေါင်း ယာဉ်ပေါ်ပါ ၁၆ ယောက်မှာ ၁၄ ယောက် ထိတာ။ ကျွန်တော်တို့ သွားပြီးသယ်တဲ့အချိန်မှာ သေဆုံးမှုတော့မရှိဘူး။ ဆေးရုံရောက်မှသေရင်တော့ မပြောတတ်ဘူး။ နောက်ဆက်တွဲတော့ ဘာသတင်းမှမကြားရဘူး။ ကျွန်တော်တို့လည်း လူနာပို့ပြီးပြန်လာလိုက်တာ"လို့ ဒေသခံပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ယင်းကဲ့သို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားမှုများ ရှိနေကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်တွင်လည်း ချောင်းဦးမြို့နယ်ရှိ မုံရွာ-မန္တလေး ကားလမ်းပေါ်တွင် ခရီးသွားပြည်သူ (၃)ဦးမှ ဆိုင်ကယ်စီးလာနေစဉ်အတွင်း ထောင်ထားသည့် မိုင်းအား နင်းမိ၍ ပေါင်းကွဲမှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သေးသည်။

https://npnewsmm.com/news/62cd151d61f57926a6560b46

zawgyi version
မုံ႐ြာ-မႏၲေလး ကားလမ္းေပၚတြင္ ခရီးသည္တင္ မွန္လုံကား တစ္စီး မိုင္းထိမွန္ၿပီး (၁၄) ဦး ထိခိုက္ဒဏ္ရာရ
ဟိန္း (NP News) - ဇူလိုင္ ၁၂

စစ္ကိုင္းတိုင္း၊ မုံ႐ြာခ႐ိုင္၊ ေခ်ာင္းၿမိဳ႕နယ္၊ မုံ႐ြာ-မႏၲေလး ကားလမ္းေပၚတြင္ ခရီးသည္တင္ မွန္လုံကား တစ္စီး မိုင္းထိမွန္ၿပီး ခရီးသည္ ၁၄ ဦး ထိခိုက္ဒဏ္ရာရရွိသြားေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၁၁ ရက္၊ ညေန ၅ နာရီခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မိုင္းထိမွန္မႈေၾကာင့္ လူေသဆုံးမႈမ်ားျဖစ္ပြားခဲ့ေၾကာင္းလည္း သတင္းမ်ား ထြက္ေပၚခဲ့သည္။

"၄ နာရီခြဲ ၅ နာရီ ေလာက္က ျဖစ္တာ။ ေ႐ႊသလႅာ Express ကား မိုင္းထိတာ။ မုံ႐ြာ-မႏၲေလးလမ္း ေခ်ာင္းဦး မေရာက္ခင္ေပါ့။ ေအာင္နန္းေက်ာ္ဆီဆိုင္နားေလးမွာျဖစ္တာ။ စုစုေပါင္း ယာဥ္ေပၚပါ ၁၆ ေယာက္မွာ ၁၄ ေယာက္ ထိတာ။ ကြၽန္ေတာ္တို႔ သြားၿပီးသယ္တဲ့အခ်ိန္မွာ ေသဆုံးမႈေတာ့မရွိဘူး။ ေဆး႐ုံေရာက္မွေသရင္ေတာ့ မေျပာတတ္ဘူး။ ေနာက္ဆက္တြဲေတာ့ ဘာသတင္းမွမၾကားရဘူး။ ကြၽန္ေတာ္တို႔လည္း လူနာပို႔ၿပီးျပန္လာလိုက္တာ"လို႔ ေဒသခံပရဟိတအသင္း တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

မုံ႐ြာ-မႏၲေလးလမ္းပိုင္းတြင္ ယင္းကဲ့သို႔ မိုင္းေပါက္ကြဲမႈျဖစ္စဥ္မ်ား မၾကာခဏ ျဖစ္ပြားမႈမ်ား ရွိေနေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။

ၿပီးခဲ့သည့္ ဇြန္လ ၂၇ ရက္တြင္လည္း ေခ်ာင္းဦးၿမိဳ႕နယ္ရွိ မုံ႐ြာ-မႏၲေလး ကားလမ္းေပၚတြင္ ခရီးသြားျပည္သူ (၃)ဦးမွ ဆိုင္ကယ္စီးလာေနစဥ္အတြင္း ေထာင္ထားသည့္ မိုင္းအား နင္းမိ၍ ေပါင္းကြဲမႈျဖစ္ပြားကာ ထိခိုက္ဒဏ္ရာရရွိမႈမ်ား ျဖစ္ပြားခဲ့ေသးသည္။

https://npnewsmm.com/news/62cd151d61f57926a6560b46

Related news

© 2021. All rights reserved.