ယူကရိန်း ကုန်တင်လေယာဉ် ဂရိနိုင်ငံ မြောက်ပိုင်းတွင် ပျက်ကျ၍ လိုက်ပါသူ အမှုထမ်း ၈ ဦးစလုံး သေဆုံး

 957

Htay Oung (NP News) - ဇူလိုင် ၁၈
ဥရောပ ဘောလ်ကန်ဒေသ ဆားဘီးယားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခဲယမ်းများတင်ဆောင်လာတဲ့ ယူကရိန်း ကုန်တင်လေယာဉ်တစ်စင်းဟာ ဇူလိုင်လ ၁၆ ရက်၊ စနေနေ့ ညနေပိုင်း ဂရိနိုင်ငံမြောက်ဖက် ကာဗာလာမြို့အနီး ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ လေယာဉ်အမှုထမ်း ၈ ဦးစလုံး သေဆုံးသွားကြောင်း ဆားဘီးယားအာဏာပိုင်များနဲ့ “မယ်ရီဒီယန် လေကြောင်းလိုင်း” တို့က ပြောပြတယ်လို့ Reuters က ဇူလိုင်လ ၁၇ ရက်၊ တနင်္ဂနွေနေ့မှာ ရေးသား ဖော်ပြလာပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ဒရုန်းမှ ရိုက်ကူးရရှိတဲ့ ဓါတ်ပုံများမှာ “အန်တွန်နော့ဗ် အေအင်န်-၁၂” Antonov An-12 လေယာဉ်မှ လှိမ့်တက်နေတဲ့ မီးခိုးလုံးများကြားမှာ ပြန့်ကျဲနေသော အပျက်အစီးများကို မြင်တွေ့ကြရပါ တယ်။ လေယာဉ်ပေါ်မှာ အမှုထမ်း ၈ ဦး လိုက်ပါသွားကြောင်း ဂရိအာဏာပိုင်များ အဆိုအရသိရှိရပြီး၊ သူတို့ အားလုံးဟာ ယူကရိန်းနိုင်ငံသားများဖြစ်တယ်လို့ ကိရိယက်ဗ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါ တယ်။

လေယာဉ်ပေါ်မှာ မော်တာနဲ့လေ့ကျင့်ရေး ကျည်များအပါအဝင် ၄င်းတို့နိုင်ငံ ကာကွယ်ရေးပစ္စည်း စက်ရုံထုတ် ကုန်ပစ္စည်း ၁၁.၅ တန်ကို သယ်ဆောင်သွားစဉ် လေယာဉ်ပျက်ကျခြင်းဖြစ်ကြောင်း အဲဒီပစ္စည်းတွေကို ဘင်္ဂ လားဒေ့ရ်ှကာကွယ်ရေးဋ္ဌာနက ဝယ်ယူထားခြင်းဖြစ်တယ်လို့ ဆားဘီးယားကာကွယ်ရေးဝန်ကြီးက ပြောပါ တယ်။

ဆားဘီးယား ပြောဆိုချက်များဟာ မှန်ကန်ကြောင်း မယ်ရီဒီယန်လေကြောင်းလိုင်း အထွေထွေညွှန်ကြားရေးမှူး က အတည်ပြုခဲ့ပြီး "အဲဒါတွေက ယူကရိန်း ဒါမှမဟုတ် ရုရှားနဲ့ မသက်ဆိုင်ပါဘူး" လို့ Reuters ရဲ့ မေးမြန်းချက် တယ်လီဖုန်းဖြင့် ဖြေဆိုပါတယ်။

ဒေသစံတော်ချိန် ညသန်းခေါင်လောက် ပြောင်းခင်းတွေပေါ်မှာ မပေါက်ကွဲခင် လေယာဉ်ဟာ မီးတောက်ကြီးနဲ့ ထိုးစိုက်ကျလာခြင်းဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အဲဒီမတိုင်ခင်လေးတုန်းက အင်ဂျင်မှာ ပြဿနာရှိကြောင်း လေယာဉ်မှူးက သတင်းပို့ခဲ့ပြီး အရေးပေါ်ဆင်းသက်ရန် ခွင့်တောင်းခဲ့တယ်လို့ သိရှိရပါတယ်။

လေယာဉ်မှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်း (သို့မဟုတ်) အမှုထမ်းများနှင့်ပတ်သက်တဲ့အချက်အလက်တွေကို ဂရိအာဏာပိုင်များက ထုတ်မပြခဲ့ပါဘူး။ အခင်းဖြစ်ပွားရာနေရာမှာ အထူးဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ တပ်ဖွဲ့နဲ့ စစ်ဘက်ကျွမ်းကျင်သူတွေ ရောက်ရှိနေပြီး အဆိုပါဧရိယာအတွင်း အခြားသူများ ဝင်ထွက်သွားလာခြင်း များမပြုကြဖို့ ဒေသအာဏာပိုင်များက တားမြစ်ထားပါတယ်။

မီးလင်း မော်တာကျည်နဲ့ လေ့ကျင့်ရေးကျည်များ တင်ဆောင်ထားတဲ့လေယာဉ်ဟာ စနေနေ့ ဇူလိုင်လ ၁၆ ရက်၊ ဂရင်းနစ် စံတော် ချိန် ၁၈၄၀-နာရီ ဆားဘီးယားနိုင်ငံ နက်စ်လေယာဉ်ကွင်းမှ ပျံတက်သွားခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ကာကွယ် ရေးစက်မှုလုပ်ငန်းမှ ထုတ်လုပ်တဲ့ကုန်ပစ္စည်း ၁၁ ဒသမ ၅ တန်ကို သယ်ဆောင်သွား ကြောင်း၊ ဝယ်ယူသူက ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာနဖြစ်ကြောင်း၊

လေယာဉ်ပေါ်မှာ တင်ဆောင်ထားတဲ့ကုန်ပစ္စည်းတွေကို ဆားဘီးယား “ဗာလိုင်ယာ” ကုမ္ပဏီက ပိုင်ဆိုင်ပြီး စစ်လက်နက်ပစ္စည်းများနဲ့ အခြားကာကွယ်ရေးဆိုင်ရာပစ္စည်းများကို နိုင်ငံရပ်ခြားတိုင်းပြည်များနဲ့ ကုန်သွယ်မှု လုပ်ငန်းများလုပ်ဆောင်ဖို့အတွက် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဂျင်ပြဿနာကြောင့် အရေးပေါ်ဆင်းသက်ဖို့ ယူကရိန်းလေယာဉ်မှူးက ဂရိလေကြောင်း အာဏာပိုင်များထံ ခွင့်တောင်းပြီးနောက် သိပ်မကြာခင်မှာပဲ လေယာဉ်ရဲ့အချက်ပြမှုများ ပြတ်တောက်သွားတယ်လို့ ဂရိနိုင်ငံ ပိုင် TV ERT က သတင်းဖော်ပြပါတယ်။

အပျော်တမ်းရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်များကို ဂရိသတင်းဋ္ဌာန ertnews.gr က လွှင့်တင်ရာမှာ အရှိန်ပြင်းပြင်းနဲ့ နိမ့်ဆင်းလာတဲ့လေယာဉ်ဟာ မီးစွဲလောင်လျက်ရှိပြီး မြေပြင်နဲ့ထိတွေ့ပြီးနောက် ပေါက်ကွဲသွားပုံ “မီးခိုးတွေက အပြည့်ဖြစ်နေတာ၊ ဘာမှန်းမပြောတတ်တဲ့အသံတွေလည်း ထွက်နေတယ်။ တောင်ကုန်းကို ကျော်ပြီး လယ်ကွင်း တွေထဲ ပျက်ကျသွားတယ်” လို့ မျက်မြင်တွေ့ရှိလိုက်သူရဲ့ပြောဆိုချက်ကိုလည်း ဖော်ပြထားပါတယ်။

ဘောလ်ကန်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့လေယာဉ်ဟာ အရှေ့အလယ်ပိုင်း ဂျော်ဒန်နိုင်ငံဆီကို ဦးတည်ပျံသန်းရင်း ပျက်ကျခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများကို အမ္မာန်မြို့ပြလေကြောင်း ကြီးကြပ်ရေးကော်မရှင်မှ အကြီး တန်းသတင်းရင်းမြစ်တစ်ခုက ငြင်းဆိုခဲ့ပါတယ်။ ယူကရိန်းကုန်တင်လေယာဉ်ရဲ့ခရီးစဥ်အရ ဂျော်ဒန်နိုင်ငံ “ကွင်း အေလီယာ” အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လောင်စာဆီဖြည့်ရန်အပါအဝင် ခေတ္တရပ်နားဖို့ ည ၉ နာရီ ၃ဝ မိနစ် (ဂရင်းနစ် ဝ၆ နာရီ ၃ဝ မိနစ်) မှာ ရောက်ရှိလာရန် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ Petra “ပီထရာ” က ဇူလိုင်လ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ ဖော်ပြထားပါတယ်။

ယူကရိန်းကုန်တင်လေယာဉ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ “ဒါကာ” သို့ ဦးတည်ပျံသန်းစဉ် ဆော်ဒီအာရေးဗီးယားနိုင်ငံ “ ရီယာ့ဒ်” နဲ့ အိန္ဒိယနိုင်ငံ “အာမက်ဒါဘက်” လေဆိပ်တို့မှာ ခေတ္တရပ်နားမှာဖြစ်ကြောင်း ဆားဘီးယား ကာကွယ် ရေးဝန်ကြီးဋ္ဌာနကလည်း ဖော်ပြထားပါတယ်။

#ဘင်္ဂလားဒေ့ရ်ှအတွက်ဆားဘီးယားလေ့ကျင့်ရေးကျည် #ယူကရိန်းကုန်တင်လေယာဉ်ဂရိမြောက်ပိုင်းပျက်ကျ

(Reuters.,17 July 2022,” Crew members killed in Ukraine cargo plane crash in northern Greece
” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။
https://www.reuters.com/world/europe/cargo-plane-crashes-near-greeces-northern-city-kavala-2022-07-16/

Zawgyi Version;

Related news

© 2021. All rights reserved.