ကမ္ဘာ့အကြီးဆုံး ဂိမ်းထုတ်လုပ်သည့်ကုမ္ပဏီကို ဆော်ဒီဦးဆောင်သည့်လုပ်ငန်းစုက ဝယ်ယူသွားမည်

 63

Pika (NP News) - အောက်တိုဘာ ၅

ကမ္ဘာ့အကြီးဆုံး ဂိမ်းထုတ်လုပ်သည့်ကုမ္ပဏီများထဲမှတစ်ခုဖြစ်သော အမေရိကန်တွင်အခြေစိုက်သည့် Electronic Arts ကုမ္ပဏီကို ဆော်ဒီဦးဆောင်သောလုပ်ငန်းစုတစ်ခုက ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါကမ်းလှမ်းမှုသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ(၅၅)ဘီလျံရှိကြောင်း ဆော်ဒီဦးဆောင် သောလုပ်ငန်းစု၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။ Electro­nic Arts ကုမ္ပဏီကို ဝယ်ယူသူများ၏ လုပ်ငန်းစုတွင် ဆော်ဒီအာရေးဗျနိုင်ငံ၏ အများပြည်သူ ရင်းနှီးမြှုပ်နှံ မှုရန်ပုံငွေအဖွဲ့(PIF)၊ ပုဂ္ဂလိက အစုရှယ်ယာကုမ္ပဏီ Silver Lake နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏သားမက်ဖြစ်သူ Jared Kushne ပိုင်ဆိုင်သည့် Affinity Partners ကုမ္ပဏီတို့ ပါဝင်ကြောင်းသိရသည်။ EA ဂိမ်းဆော့ဖ်ဝဲလ်တွင် FIFA၊ Battle­field၊ Apex Legends၊ The Sims၊ Plants vs. Zombies နှင့် Need for Speed ကဲ့သို့သော ကမ္ဘာပေါ်ရှိ အသိအမှတ်အပြုခံရဆုံး ဂိမ်းဆော့ဖ်ဝဲလ်အချို့ ပါဝင် ကြောင်းသိရသည်။
သမိုင်းတစ်လျှောက် အကြီးမားဆုံးဂိမ်းကုမ္ပ ဏီဝယ်ယူမှုတစ်ခုအဖြစ်ဖော်ပြထားသည့် သဘောတူ ညီချက်သည် အထူးသဖြင့် နိုင်ငံတကာဈေးကွက်များတွင် အခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးနိုင် လိမ့်မည်ဟုယုံကြည်ကြောင်း Electronic Arts ကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်နှင့်ပတ်သက်ပြီး EA ၏ ဒါရိုက်တာဘုတ်အဖွဲ့များထံမှ အတည်ပြုချက်များကို အစော ပိုင်းတည်းကရရှိပြီးပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် (၂၀၂၇)ဘဏ္ဍာနှစ်၏ ပထမသုံး လပတ်အတွင်း အရောင်း အဝယ်လုပ်ငန်းများကိုအပြီး သတ်ရန် Electronic Arts ကုမ္ပဏီက မျှော်လင့် ထားကြောင်းသိရသည်။

Zawgyi Version:
ကမာၻ႔အႀကီးဆုံး ဂိမ္းထုတ္လုပ္သည့္ကုမၸဏီကို ေဆာ္ဒီဦးေဆာင္သည့္လုပ္ငန္းစုက ဝယ္ယူသြားမည္
Pika (NP News) - ေအာက္တိုဘာ ၅
ကမာၻ႔အႀကီးဆုံး ဂိမ္းထုတ္လုပ္သည့္ကုမၸဏီမ်ားထဲမွတစ္ခုျဖစ္ေသာ အေမရိကန္တြင္အေျခစိုက္သည့္ Electronic Arts ကုမၸဏီကို ေဆာ္ဒီဦးေဆာင္ေသာလုပ္ငန္းစုတစ္ခုက ဝယ္ယူရန္ သေဘာတူညီမႈရရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါကမ္းလွမ္းမႈသည္ ခန႔္မွန္းေျခအားျဖင့္ အေမရိကန္ေဒၚလာ(၅၅)ဘီလ်ံရွိေၾကာင္း ေဆာ္ဒီဦးေဆာင္ ေသာလုပ္ငန္းစု၏ ထုတ္ျပန္ေၾကညာခ်က္မ်ားအရ သိရသည္။ Electro­nic Arts ကုမၸဏီကို ဝယ္ယူသူမ်ား၏ လုပ္ငန္းစုတြင္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံ၏ အမ်ားျပည္သူ ရင္းႏွီးျမႇဳပ္ႏွံ မႈရန္ပုံေငြအဖြဲ႕(PIF)၊ ပုဂၢလိက အစုရွယ္ယာကုမၸဏီ Silver Lake ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ၏သားမက္ျဖစ္သူ Jared Kushne ပိုင္ဆိုင္သည့္ Affinity Partners ကုမၸဏီတို႔ ပါဝင္ေၾကာင္းသိရသည္။ EA ဂိမ္းေဆာ့ဖ္ဝဲလ္တြင္ FIFA၊ Battle­field၊ Apex Legends၊ The Sims၊ Plants vs. Zombies ႏွင့္ Need for Speed ကဲ့သို႔ေသာ ကမာၻေပၚရွိ အသိအမွတ္အျပဳခံရဆုံး ဂိမ္းေဆာ့ဖ္ဝဲလ္အခ်ိဳ႕ ပါဝင္ ေၾကာင္းသိရသည္။
သမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံးဂိမ္းကုမၸ ဏီဝယ္ယူမႈတစ္ခုအျဖစ္ေဖာ္ျပထားသည့္ သေဘာတူ ညီခ်က္သည္ အထူးသျဖင့္ ႏိုင္ငံတကာေဈးကြက္မ်ားတြင္ အခြင့္အလမ္းအသစ္မ်ားကို ဖြင့္လွစ္ေပးႏိုင္ လိမ့္မည္ဟုယုံၾကည္ေၾကာင္း Electronic Arts ကုမၸဏီက ထုတ္ျပန္ေျပာၾကားခဲ့သည္။
အဆိုပါသေဘာတူညီခ်က္ႏွင့္ပတ္သက္ၿပီး EA ၏ ဒါ႐ိုက္တာဘုတ္အဖြဲ႕မ်ားထံမွ အတည္ျပဳခ်က္မ်ားကို အေစာ ပိုင္းတည္းကရရွိၿပီးၿပီျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ (၂၀၂၇)ဘ႑ာႏွစ္၏ ပထမသုံး လပတ္အတြင္း အေရာင္း အဝယ္လုပ္ငန္းမ်ားကိုအၿပီး သတ္ရန္ Electronic Arts ကုမၸဏီက ေမွ်ာ္လင့္ ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.