မလှိုင်တွင် PDF များက သားဖွားဆရာမ (၁) ဦး နှင့် ဒေသခံပြည်သူ (၅) ဦးကို သတ်ဖြတ်

 114

သုတကျော် (NP News) - ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ သားဖွားဆရာမ (၁) ဦးအပါအဝင် အပြစ်မဲ့ ဒေသခံပြည်သူ (၆) ဦးတို့အား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၉ ရက်) နေ့လယ်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ လယ်ကြီးကျေးရွာအုပ်စု၊ လယ်ကြီး အုပ်ချုပ်ရေးမှူး ဦးလှမင်းကြည်(ဘ)ဦးလှထူးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ချိုချိုမြင့်(ဘ) ဦးရွှေသောင်းတို့အားလည်းကောင်း၊ မလှိုင်မြို့နယ်၊ မျက်သီးကျင်း(မြောက်) ကျေးရွာနေ ကုန်စုံဆိုင်လုပ်ကိုင်သူ ဒေါ်လှရှင်း (ဘ) ဦးမွှေး၊ ဒေါ်ယဉ်ယဉ်အောင် (ဘ) ဦးညွန့်ရွှေ နှင့် ဦးမိုးသူ(ခ)တရုတ်ကြီး (ဘ)ဦးညွန့်ရွှေတို့အားလည်းကောင်း၊ မလှိုင်မြို့နယ်၊ ရုံးတောကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ သားဖွားဆရာမ ဒေါ်အေးအေးခိုင် (ဘ) ဦးကျော်ဝင်းအား လည်းကောင်း ၎င်းတို့နေအိမ်အသီးသီး၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်လာရောက်၍ ယုတ်မာရိုင်းစိုင်းစွာ ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် သားဖွားဆရာမဖြစ်သူ ဒေါ်အေးအေးခိုင်အပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ၆ ဦးတို့သည် ကျည်ထိမှန်ဒဏ်ရာများဖြင့် ၎င်းတို့နေအိမ်အသီးသီး၌ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်မှ ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် သစ္စာရှိအစိုးရ ဝန်ထမ်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ သတ်ဖြတ်ခဲ့ကြသဖြင့် ဒေသတွင်း လူမှု၊ စီးပွား၊ ကျန်းမာရေးကဏ္ဍများ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ရပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်ခဲ့ကြသည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဒေသခံပြည်သူများက ကန့်ကွက်ရှုံ့ချလျက်ရှိပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူ များနှင့်ပူးပေါင်း၍ PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ် ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Related news

© 2021. All rights reserved.