သင်ဇာဝင့်ကျော် နှင့် နန်းမွေစံတို့ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်ခံရ

 4641

အိဖြူ (NP News) - သြဂုတ် ၅
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် Sexy Model နန်းမွေစံ တို့ကို အမေရိကန်အခြေစိုက် Exantria ညစ်ညမ်းဝက်ဆိုက်ဒ်တွင် လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုများအား အခကြေးငွေ ရယူကာ ဖြန့်ဝေလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်ထားကြောင်း ယနေ့ သြဂုတ်လ ၅ ရက် ညပိုင်းတွင် နစကမှ ထုတ်ပြန်လိုက်သည်။

သင်ဇာဝင့်ကျော်သည် မော်ဒယ် ရှင်ယွန်းမြတ်၏ ချိတ်ဆက်ပေးမှုဖြင့် အမေရိကန်နိုင်ငံအခြေစိုက် Exantria အမည်ရှိ ညစ်ညမ်းဝက်ဆိုက်ဒ်တွင် လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုများကို အခကြေးငွေရယူ၍ တင်ခဲ့ခြင်းဖြစ် ကြောင်း၊ ထိုနည်းတူ နန်းမွေစံသည်လည်း အလှကုန်လုပ်ငန်းတစ်ခု၏ချိတ်ဆက်ပေးမှုဖြင့် အဆိုပါညစ်ညမ်းဝက် ဆိုက်ဒ်မှ အခကြေး ငွေ ရယူကာ လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုများ တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာမှ ညစ်ညမ်းဝက်ဆိုက်ဒ်တွင် လိင်အသားပေးဓါတ်ပုံနှင့်ဗီဒီယိုများအား ဖြန့်ဝေနေသည့် သင်ဇာဝင့် ကျော်ကို စစ်ဆေးမေးမြန်းခဲ့ရာ ၄င်းသည် ၂ဝ၂၁ ခုနှစ် သြဂုတ်လပိုင်းက လိင်အသားပေးမော်ဒယ် ရှင်ယွန်းမြတ်၏ ချိတ်ဆက်ပေးမှုဖြင့် အမေရိကန်နိုင်ငံတွင်နေထိုင်သည့် မစ္စတာရက်ဖယ်လ် ဦးစီးလုပ်ကိုင်သည့် Exantria ညစ်ညမ်းဝက်ဆိုက်ဒ်မှ အခကြေးငွေ ရယူကာ လိင်အသားပေး ဓါတ်ပုံများနှင့် ဗီဒီယိုများအား တင်ရန် သင်ဇာဝင့် ကျော်အမည်ဖြင့် အကောင့်ဖွင့်လှစ်ခဲ့ကြောင်း၊ သင်ဇာဝ့င်ကျော်သည် လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုများကို ၂ဝ၂၁ ခုနှစ် ၂ဝ ရက်နေ့မှ စတင်၍ အဆိုပါညစ်ညမ်းဝက်ဆိုက်ဒ်မှ အခကြေးငွေ ရယူကာ ပိုစ့်တင်ခဲ့ကြောင်း၊ ရရှိသည့် အခကြေးငွေများကို အဆိုပါဝက်ဆိုဒ်မှ ၂၅ ရာခိုင်နှုန်းဖြင့် ပိုစ့်တင်သူမှာ ၇၅ ရာခိုင်နှုန်းဖြင့် ခွဲဝေ ရယူခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည်ဟု သိရသည်။

အလားတူ နန်းမွေစံသည်လည်း ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလခန့်တွင် အိန္ဒိယနိုင်ငံထုတ် အလှကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသူ မစ္စခူးမားရဲ့ချိတ်ဆက်ပေးမှုအရ Exantria ညစ်ညမ်းဝက်ဆိုက်ဒ်ပိုင်ရှင် မစ္စတာ ရက်ဖယ်လ်နဲ့ရင်းနှီးခဲ့ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလမှစ၍ မစ္စတာရက်ဖယ်လ် ဦးစီးလုပ်ကိုင်တဲ့ ဖွင့်လှစ်ထားတဲ့ Only Fun ဝက်ဆိုဒ်မှ အခကြေးငွေ ရယူပြီး လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုများတင်ခဲ့ကြောင်း၊ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှစကာ မစ္စတာရက်ဖယ်လ် နှင့် ထပ်မံချိတ်ဆက်ခဲ့ပြီး Exantria ညစ်ညမ်းဝက်ဆိုက်ဒ်မှာ လိင်အသားပေးဓါတ်ပုံနှင့် ဗီဒီယိုများကို ထပ်မံပေးပို့ကာ ပိုစ့်တင်ခဲ့ကြောင်း၊ အဆိုပါဝက်ဆိုက်ဒ်မှ ရရှိခဲ့သည့် အခကြေးငွေကို ပိုစ့်တင်သူမှာ ၇ဝ ရာခိုင်နှုန်းနှင့် အဆိုပါဝက်ဆိုက်ဒ်မှ ၃ဝ ရာခိုင်နှုန်းစီ ခွဲဝေ ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ညစ်ညမ်းဝက်ဆိုက်ဒ်တွင် ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံအပါအဝင် အချို့သော လိင်အသားပေး မော်ဒယ်များလည်း ပါဝင်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာအမျိုးသမီးများ ထိန်းသိမ်းအပ်သည့် မြန်မာယဥ်ကျေးမှုကိုပါ ထိခိုက်စေပြီး၊ မြန်မာအမျိုးသမီး များကို ကမ္ဘာ့အလယ်မှာ အထင်အမြင်သေးစေနိုင်သည့် လိင်အသားပေး ဓါတ်ပုံနှင့် ဗီဒီယိုဖိုင်များအား အခကြေးငွေ ရယူပြီး ဖြန့်ဝေခဲ့သူ သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့ကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အရ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆက်လက်၍လည်း မြန်မာ့ယဥ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေ ပြီး မြန်မာအမျိုးသမီးများ၏အရှက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ဆောင်လျက်ရှိသူများအား ဖော်ထုတ်ကာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

Zawgyi Version;
သင္ဇာဝင့္ေက်ာ္ ႏွင့္ နန္းေမြစံတို႔ ဖမ္းဆီးထိန္းသိမ္း အမႈဖြင့္ခံရ
အိျဖဴ (NP News) - ၾသဂုတ္ ၅

႐ုပ္ရွင္သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ႏွင့္ Sexy Model နန္းေမြစံ တို႔ကို အေမရိကန္အေျခစိုက္ Exantria ညစ္ညမ္းဝက္ဆိုက္ဒ္တြင္ လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုမ်ားအား အခေၾကးေငြ ရယူကာ ျဖန႔္ေဝလ်က္ရွိသည္ကို စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ ဖမ္းဆီးထိန္းသိမ္းအမႈဖြင့္ထားေၾကာင္း ယေန႔ ၾသဂုတ္လ ၅ ရက္ ညပိုင္းတြင္ နစကမွ ထုတ္ျပန္လိုက္သည္။

သင္ဇာဝင့္ေက်ာ္သည္ ေမာ္ဒယ္ ရွင္ယြန္းျမတ္၏ ခ်ိတ္ဆက္ေပးမႈျဖင့္ အေမရိကန္ႏိုင္ငံအေျခစိုက္ Exantria အမည္ရွိ ညစ္ညမ္းဝက္ဆိုက္ဒ္တြင္ လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုမ်ားကို အခေၾကးေငြရယူ၍ တင္ခဲ့ျခင္းျဖစ္ ေၾကာင္း၊ ထိုနည္းတူ နန္းေမြစံသည္လည္း အလွကုန္လုပ္ငန္းတစ္ခု၏ခ်ိတ္ဆက္ေပးမႈျဖင့္ အဆိုပါညစ္ညမ္းဝက္ ဆိုက္ဒ္မွ အခေၾကး ေငြ ရယူကာ လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုမ်ား တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သက္ဆိုင္ရာမွ ညစ္ညမ္းဝက္ဆိုက္ဒ္တြင္ လိင္အသားေပးဓါတ္ပုံႏွင့္ဗီဒီယိုမ်ားအား ျဖန႔္ေဝေနသည့္ သင္ဇာဝင့္ ေက်ာ္ကို စစ္ေဆးေမးျမန္းခဲ့ရာ ၄င္းသည္ ၂ဝ၂၁ ခုႏွစ္ ၾသဂုတ္လပိုင္းက လိင္အသားေပးေမာ္ဒယ္ ရွင္ယြန္းျမတ္၏ ခ်ိတ္ဆက္ေပးမႈျဖင့္ အေမရိကန္ႏိုင္ငံတြင္ေနထိုင္သည့္ မစၥတာရက္ဖယ္လ္ ဦးစီးလုပ္ကိုင္သည့္ Exantria ညစ္ညမ္းဝက္ဆိုက္ဒ္မွ အခေၾကးေငြ ရယူကာ လိင္အသားေပး ဓါတ္ပုံမ်ားႏွင့္ ဗီဒီယိုမ်ားအား တင္ရန္ သင္ဇာဝင့္ ေက်ာ္အမည္ျဖင့္ အေကာင့္ဖြင့္လွစ္ခဲ့ေၾကာင္း၊ သင္ဇာဝ့င္ေက်ာ္သည္ လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုမ်ားကို ၂ဝ၂၁ ခုႏွစ္ ၂ဝ ရက္ေန႔မွ စတင္၍ အဆိုပါညစ္ညမ္းဝက္ဆိုက္ဒ္မွ အခေၾကးေငြ ရယူကာ ပိုစ့္တင္ခဲ့ေၾကာင္း၊ ရရွိသည့္ အခေၾကးေငြမ်ားကို အဆိုပါဝက္ဆိုဒ္မွ ၂၅ ရာခိုင္ႏႈန္းျဖင့္ ပိုစ့္တင္သူမွာ ၇၅ ရာခိုင္ႏႈန္းျဖင့္ ခြဲေဝ ရယူခဲ့ေၾကာင္း ဝန္ခံ ထြက္ဆိုခဲ့သည္ဟု သိရသည္။

အလားတူ နန္းေမြစံသည္လည္း ၂ဝ၂ဝ ျပည့္ႏွစ္၊ စက္တင္ဘာလခန႔္တြင္ အိႏၵိယႏိုင္ငံထုတ္ အလွကုန္ပစၥည္း ေရာင္းဝယ္ေရးလုပ္ငန္းမ်ားလုပ္ကိုင္ေနသူ မစၥခူးမားရဲ႕ခ်ိတ္ဆက္ေပးမႈအရ Exantria ညစ္ညမ္းဝက္ဆိုက္ဒ္ပိုင္ရွင္ မစၥတာ ရက္ဖယ္လ္နဲ႔ရင္းႏွီးခဲ့ေၾကာင္း၊ ၂ဝ၂ဝ ျပည့္ႏွစ္ စက္တင္ဘာလမွစ၍ မစၥတာရက္ဖယ္လ္ ဦးစီးလုပ္ကိုင္တဲ့ ဖြင့္လွစ္ထားတဲ့ Only Fun ဝက္ဆိုဒ္မွ အခေၾကးေငြ ရယူၿပီး လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုမ်ားတင္ခဲ့ေၾကာင္း၊ ၂ဝ၂၁ ခုႏွစ္ ဇန္နဝါရီလမွစကာ မစၥတာရက္ဖယ္လ္ ႏွင့္ ထပ္မံခ်ိတ္ဆက္ခဲ့ၿပီး Exantria ညစ္ညမ္းဝက္ဆိုက္ဒ္မွာ လိင္အသားေပးဓါတ္ပုံႏွင့္ ဗီဒီယိုမ်ားကို ထပ္မံေပးပို႔ကာ ပိုစ့္တင္ခဲ့ေၾကာင္း၊ အဆိုပါဝက္ဆိုက္ဒ္မွ ရရွိခဲ့သည့္ အခေၾကးေငြကို ပိုစ့္တင္သူမွာ ၇ဝ ရာခိုင္ႏႈန္းႏွင့္ အဆိုပါဝက္ဆိုက္ဒ္မွ ၃ဝ ရာခိုင္ႏႈန္းစီ ခြဲေဝ ရရွိခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိခဲ့ရေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါ ညစ္ညမ္းဝက္ဆိုက္ဒ္တြင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ႏွင့္ နန္းေမြစံအပါအဝင္ အခ်ိဳ႕ေသာ လိင္အသားေပး ေမာ္ဒယ္မ်ားလည္း ပါဝင္လုပ္ကိုင္ေနသည္ကို စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာအမ်ိဳးသမီးမ်ား ထိန္းသိမ္းအပ္သည့္ ျမန္မာယဥ္ေက်းမႈကိုပါ ထိခိုက္ေစၿပီး၊ ျမန္မာအမ်ိဳးသမီး မ်ားကို ကမာၻ႔အလယ္မွာ အထင္အျမင္ေသးေစႏိုင္သည့္ လိင္အသားေပး ဓါတ္ပုံႏွင့္ ဗီဒီယိုဖိုင္မ်ားအား အခေၾကးေငြ ရယူၿပီး ျဖန႔္ေဝခဲ့သူ သင္ဇာဝင့္ေက်ာ္ႏွင့္ နန္းေမြစံတို႔ကို အီလက္ထေရာနစ္ ဆက္သြယ္ေဆာင္႐ြက္ေရး ဥပေဒပုဒ္မ ၃၃(က) အရ အမႈဖြင့္အေရးယူႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ဆက္လက္၍လည္း ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဂုဏ္သိကၡာကို ထိခိုက္ေစ ၿပီး ျမန္မာအမ်ိဳးသမီးမ်ား၏အရွက္ႏွင့္ ဂုဏ္သိကၡာကို ထိခိုက္ေအာင္ လုပ္ေဆာင္လ်က္ရွိသူမ်ားအား ေဖာ္ထုတ္ကာ ဥပေဒအရ အေရးယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာလိုက္သည္။

Picture

Saw Nu Htwe

06/08/2022 22:28

အဖေ အမေရဲ့မျက်နှာကိုမထောက်ဘူးနော်။ဖေမေလည်းမပြောနိုင်ခဲ့လိုပဲနေမှာပါလေ။ကိုယ်မှန်တယ်ထင်ပြီးလုပ်နေကြတော့အခက်တွေ့ပြီကွယ်။

Picture

Saw Nu Htwe

06/08/2022 22:28

အဖေ အမေရဲ့မျက်နှာကိုမထောက်ဘူးနော်။ဖေမေလည်းမပြောနိုင်ခဲ့လိုပဲနေမှာပါလေ။ကိုယ်မှန်တယ်ထင်ပြီးလုပ်နေကြတော့အခက်တွေ့ပြီကွယ်။

Picture

Kyaw Kyaw

05/08/2022 22:55

ပိုက္ဆံ ေနာက္ လိုက္ ၊ အေနာက္တိုင္းယဥ္ေက်းမူကိုအထင္ႀကီး၊ မိခင္ႏိုင္ငံရဲ႕ ယဥ္ေက်းမူဓေလ့ထံုးစံကိုဖ်က္စီး ၊လူငယ္ေတြကိုလမ္းမွားလိုက္ေအာင္ေသြးေဆာင္ ၊ ဘဝပ်က္ ၊ ၾကည့္ရတာ ေနာင္တ လည္းရမဲ့ပံု မေပၚပါဘူး ။

Picture

Ko Moe

05/08/2022 20:49

မြန်မာ့ယဉ်ကျေးမှူ့ အရ ပြည်နှင်ဒဏ်ပေးလို့ရရင် ကောင်းသဗျာ။

Picture

Kyaw Kyaw

05/08/2022 22:59

သူတို႔ သြားခ်င္တဲ့ အေနာက္ႏိုင္ငံ ကို ျပည္ႏွင္ ဒဏ္ေပးလိုက္တာက ၊ သင့္ေတာ္ဆံုးလိုထင္ပါတယ္ ။ ျမန္မာျပည္ နဲ႔ မထိုက္တန္ပါ ။

Related news

© 2021. All rights reserved.