သီရိလင်္ကာမှ ထွက်ပြေးလာတဲ့ သမ္မတဟောင်း ထိုင်းနိုင်ငံမှာ ယာယီခိုလှုံနေထိုင်မယ်

 514

ရောင်နီ (NP News) - သြဂုတ် ၁၂
ပြီးခဲ့တဲ့လက သီရိလင်္ကာမှထွက်ပြေးလာတဲ့ သမ္မတဟောင်း ဂိုတာဘာရာ ရာဂျာပက်ဆာ ဟာ ထိုင်းနိုင်ငံကို ကြသပတေးနေ့ (သြဂုတ် ၁၁ ရက်) မှာ ရောက်ရှိခဲ့ပြီး ခေတ္တခိုလှုံနေထိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ရာဂျာပက်ဆာဟာ ဆယ်စုနှစ် ၇ ခုအတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ပြည်သူလူထုရဲ့ မကြုံစဖူး မငြိမ်မသက်မှုများကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ဇူလိုင် ၁၄ ရက်က စင်ကာပူနိုင်ငံသို့ ထွက်ပြေးခဲ့ခိုလှုံခဲ့ပါတယ်။ တာဝန်ထမ်းဆောင်ချိန် သက်တမ်းမပြည့်ခင်နှုတ်ထွက်ရတဲ့ သီရိလင်္ကာရဲ့ ပထမဆုံး သော နိုင်ငံ့ခေါင်းဆောင်ဟောင်းဟာ စင်ကာပူမှ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်သို့ သြဂုတ် ၁၁ ရက်၊ ကြသပတေးနေ့မှာ သွားရောက်မှာဖြစ်တယ်လို့ သတင်းရင်းမြစ်နှစ်ခုက ဆိုပါတယ်။

ရာဂျာပက်ဆာဟာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံဖို့ ရည်ရွယ်ချက်မရှိကြောင်းနဲ့ ခေတ္တသာ နေထိုင်မှာဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဆိုပါတယ်။ “ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာဖြစ်ပြီး ယာယီ နေထိုင်ဖို့ သဘောတူညီထားပါတယ်” လို့ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက သြဂုတ် ၁ဝ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြောကြားပါတယ်။

ရာဂျာပက်ဆာ အနေနဲ့ ထိုင်းနိုင်ငံမှာရှိနေစဉ် နိုင်ငံရေးလှုပ်ရှားမှုများမှာ ပါဝင်ခြင်း ပြုမှာမဟုတ်ကြောင်းလည်း ပရာယွတ်က ဆိုပါတယ်။ လက်ရှိသီရိလင်္ကာအစိုးရဟာလည်း ရာဂျာပက်ဆာ ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ထောက်ခံခဲ့ ပြီး သမ္မတဟောင်းရဲ့ သံတမန်နိုင်ငံကူးလက်မှတ်အရ ရက်ပေါင်း ၉ဝ နေထိုင်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ အကျပ်အတည်းအပါအဝင် နိုင်ငံရပ်ခြား အလုပ်သမားများထံမှ ငွေလွှဲပို့မှုများ လျှော့ချခြင်း၊ ဆီဈေးတက် ခြင်း၊ အခွန်လျှော့ချခြင်းနဲ့ ယမန်နှစ်က ဓာတုဓာတ်မြေဩဇာတင်သွင်းမှု ခုနစ်လကြာ ပိတ်ပင်ထားခြင်းတို့ကြောင့် သီရိလင်္ကာနိုင်ငံရဲ့စီးပွားရေးအကျပ်အတည်းဟာ မကြုံစဖူးဆိုးရွားလာပြီး ပြည်သူလူထု ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ ပါတယ်။

https://www.channelnewsasia.com/asia/sri-lanka-ousted-president-seek-temporary-stay-thailand-2873576?cid=FBcna

Zawgyi Version;
သီရိလကၤာမွ ထြက္ေျပးလာတဲ့ သမၼတေဟာင္း ထိုင္းႏိုင္ငံမွာ ယာယီခိုလႈံေနထိုင္မယ္
ေရာင္နီ (NP News) - ၾသဂုတ္ ၁၂
ၿပီးခဲ့တဲ့လက သီရိလကၤာမွထြက္ေျပးလာတဲ့ သမၼတေဟာင္း ဂိုတာဘာရာ ရာဂ်ာပက္ဆာ ဟာ ထိုင္းႏိုင္ငံကို ၾကသပေတးေန႔ (ၾသဂုတ္ ၁၁ ရက္) မွာ ေရာက္ရွိခဲ့ၿပီး ေခတၱခိုလႈံေနထိုင္မယ္လို႔ ခန္႔မွန္းရပါတယ္။

ရာဂ်ာပက္ဆာဟာ ဆယ္စုႏွစ္ ၇ ခုအတြင္း အဆိုး႐ြားဆုံးစီးပြားေရးအက်ပ္အတည္းကို ကိုင္တြယ္ေျဖရွင္းရာမွာ ျပည္သူလူထုရဲ႕ မႀကဳံစဖူး မၿငိမ္မသက္မႈမ်ားေၾကာင့္ ရာထူးမွ ႏႈတ္ထြက္ခဲ့ၿပီး ဇူလိုင္ ၁၄ ရက္က စင္ကာပူႏိုင္ငံသို႔ ထြက္ေျပးခဲ့ခိုလႈံခဲ့ပါတယ္။ တာဝန္ထမ္းေဆာင္ခ်ိန္ သက္တမ္းမျပည့္ခင္ႏႈတ္ထြက္ရတဲ့ သီရိလကၤာရဲ႕ ပထမဆုံး ေသာ ႏိုင္ငံ့ေခါင္းေဆာင္ေဟာင္းဟာ စင္ကာပူမွ ထိုင္းႏိုင္ငံ ၿမိဳ႕ေတာ္ဘန္ေကာက္သို႔ ၾသဂုတ္ ၁၁ ရက္၊ ၾကသပေတးေန႔မွာ သြားေရာက္မွာျဖစ္တယ္လို႔ သတင္းရင္းျမစ္ႏွစ္ခုက ဆိုပါတယ္။

ရာဂ်ာပက္ဆာဟာ ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းခံဖို႔ ရည္႐ြယ္ခ်က္မရွိေၾကာင္းနဲ႔ ေခတၱသာ ေနထိုင္မွာျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ဆိုပါတယ္။ “ဒါဟာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာျပႆနာျဖစ္ၿပီး ယာယီ ေနထိုင္ဖို႔ သေဘာတူညီထားပါတယ္” လို႔ ဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာက ၾသဂုတ္ ၁ဝ ရက္၊ ဗုဒၶဟူးေန႔မွာ ေျပာၾကားပါတယ္။

ရာဂ်ာပက္ဆာ အေနနဲ႔ ထိုင္းႏိုင္ငံမွာရွိေနစဥ္ ႏိုင္ငံေရးလႈပ္ရွားမႈမ်ားမွာ ပါဝင္ျခင္း ျပဳမွာမဟုတ္ေၾကာင္းလည္း ပရာယြတ္က ဆိုပါတယ္။ လက္ရွိသီရိလကၤာအစိုးရဟာလည္း ရာဂ်ာပက္ဆာ ရဲ႕ ထိုင္းႏိုင္ငံခရီးစဥ္ကို ေထာက္ခံခဲ့ ၿပီး သမၼတေဟာင္းရဲ႕ သံတမန္ႏိုင္ငံကူးလက္မွတ္အရ ရက္ေပါင္း ၉ဝ ေနထိုင္ခြင့္ျပဳမွာျဖစ္တယ္လို႔ သိရပါတယ္။

ကိုဗစ္-၁၉ အက်ပ္အတည္းအပါအဝင္ ႏိုင္ငံရပ္ျခား အလုပ္သမားမ်ားထံမွ ေငြလႊဲပို႔မႈမ်ား ေလွ်ာ့ခ်ျခင္း၊ ဆီေဈးတက္ ျခင္း၊ အခြန္ေလွ်ာ့ခ်ျခင္းနဲ႔ ယမန္ႏွစ္က ဓာတုဓာတ္ေျမဩဇာတင္သြင္းမႈ ခုနစ္လၾကာ ပိတ္ပင္ထားျခင္းတို႔ေၾကာင့္ သီရိလကၤာႏိုင္ငံရဲ႕စီးပြားေရးအက်ပ္အတည္းဟာ မႀကဳံစဖူးဆိုး႐ြားလာၿပီး ျပည္သူလူထု ဆူပူဆႏၵျပမႈမ်ား ျဖစ္ေပၚခဲ့ ပါတယ္။

https://www.channelnewsasia.com/asia/sri-lanka-ousted-president-seek-temporary-stay-thailand-2873576?cid=FBcna

Related news

© 2021. All rights reserved.