မြဝတီမြို့ရှိ “PTT” စက်သုံးဆီဆိုင်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ကွမ်းယာရောင်းသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 616

NP News - စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ “PTT” စက်သုံးဆီဆိုင်အနီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ကွမ်း ယာရောင်းသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ “PTT” စက်သုံးဆီ အရောင်းဆိုင်အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါဖြစ်စဉ်မှာ ဘုရင့်နောင်လမ်းအတိုင်း လမ်းလျှောက်လာသည့် အကြမ်းဖက်သမားတစ်ဦးက စက်သုံးဆီဆိုင်၏ ဝဲဘက်အုတ်နံရံအနီးတွင် ၎င်းကိုင်ဆောင်လာသည့် အနက်ရောင်အထုပ်တစ်ထုပ်အား ချထားခဲ့ပြီး ခဏအကြာတွင် အထုပ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။

ပေါက်ကွဲမှုကြောင့် ဆီဆိုင်အနီးတွင် ကွမ်းယာရောင်းသည့် အမှတ်(၄)ရပ်ကွက်၌ နေ ထိုင်သူ ကိုပြည်ဖြိုးဦး(၂၄)နှစ်တွင် လက်မောင်း၊ ကျောနှင့် ခြေသလုံးတို့တွင် ပွန်းပဲ့ဒဏ်ရာ (၃)ချက်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

zawgyi version
zawgyi version
ျမဝတီၿမိဳ႕ရွိ “PTT” စက္သုံးဆီဆိုင္အနီး ေပါက္ကြဲမႈျဖစ္ပြားခဲ့၍ ကြမ္းယာေရာင္းသည့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
NP News - စက္တင္ဘာ ၆

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ရွိ “PTT” စက္သုံးဆီဆိုင္အနီး ေပါက္ကြဲမႈ ျဖစ္ပြားခဲ့၍ ကြမ္း ယာေရာင္းသည့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ျမဝတီၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းႏွင့္ သုခိတာလမ္းေထာင့္ရွိ “PTT” စက္သုံးဆီ အေရာင္းဆိုင္အနီးတြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါျဖစ္စဥ္မွာ ဘုရင့္ေနာင္လမ္းအတိုင္း လမ္းေလွ်ာက္လာသည့္ အၾကမ္းဖက္သမားတစ္ဦးက စက္သုံးဆီဆိုင္၏ ဝဲဘက္အုတ္နံရံအနီးတြင္ ၎ကိုင္ေဆာင္လာသည့္ အနက္ေရာင္အထုပ္တစ္ထုပ္အား ခ်ထားခဲ့ၿပီး ခဏအၾကာတြင္ အထုပ္အတြင္းမွ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။

ေပါက္ကြဲမႈေၾကာင့္ ဆီဆိုင္အနီးတြင္ ကြမ္းယာေရာင္းသည့္ အမွတ္(၄)ရပ္ကြက္၌ ေန ထိုင္သူ ကိုျပည္ၿဖိဳးဦး(၂၄)ႏွစ္တြင္ လက္ေမာင္း၊ ေက်ာႏွင့္ ေျခသလုံးတို႔တြင္ ပြန္းပဲ့ဒဏ္ရာ (၃)ခ်က္ရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သိရသည္။

Related news

© 2021. All rights reserved.