ထိုင်းရဲတပ်ဖွဲ့က လူမှောင်ခိုကူးမှုဖြင့် KNU အဖွဲ့ဝင်ကို ဖမ်းဆီး

 1322

ALynn၊ (NP news)
ဘန်ကောက်ပို့စ်သတင်းဌာန၏ ဖော်ပြချက်အရ ကန်ချနဘူရီရှိ ထိုင်းရဲတပ်ဖွဲ့သည် KNU အဖွဲ့ဝင် တစ်ဦးကို မြန်မာနိုင်ငံသား (၂၁) ဦးအား လူမှောင်ခိုကူးမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန၏ ရဲမှူး ဆောင်ကလော့ဒ် ခရစ်ကရစ်တာယာက အသက် (၃၂) နှစ်အရွယ် ဖူရီ လတ်ချိုင်ပရာချင်မ်ကို သြဂုတ်လ (၃၀) ရက်နေ့က ဒန်မခမ်းတီးယားခရိုင်တွင် တရားမဝင် ရွေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသား (၂၁) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ကလွန်ဒိုတမ်ဘွန်မှာရှိတဲ့ မှောင်ခိုကွန်ရက်တစ်ခုနဲ့ ပတ်သက်တဲ့ သတင်းပေးတိုင်ကြားချက်တွေရရှိပြီးနောက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရဲအရာရှိတွေက ရွှေ့ပြောင်းလုပ်သားတွေ သယ်ယူပို့ဆောင်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ပစ်ကပ်ကား သုံးစီးကို ဖော်ထုတ်နိုင် ခဲ့သည်။

ထို့နောက် ထိုင်းအရာရှိများက ၎င်း ကားများကိုချဉ်းကပ်လိုက်ချိန်တွင် Mitsubishi Triton ကားမောင်းသူက ထွက်ပြေးသွားခဲ့ပြီး Ford Ranger ကားမောင်းသူကတော့ ကားကိုစွန့်ပစ်ကာ တောထဲကို ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ၎င်းကားထဲတွင် ရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့သည် Isuzu D-Max ကားကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပြီး ကားမောင်းသူ ဖူရီကို ရွှေ့ပြောင်းလုပ်သား (၁၀) ဦးနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ဆေးမေးမြန်းမှုအတွင်း ဖူရီသည် အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စစ်သားတစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့သည်။
တရားမဝင်ရွေ့ပြောင်းအလုပ်သမားများကို သယ်ယူပို့ဆောင်ပေးဖို့အတွက် ၎င်းကို Facebook ကနေ ဘတ် (၅,၀၀၀) ဖြင့် ငှားရမ်းခံခဲ့ရကြောင်းလည်း ထွက်ဆိုခဲ့သည်။

သို့သော် ရွှေ့ပြောင်းလုပ်သားများ၏ ထွက်ဆိုချက်အရမူ ၎င်းတို့ကို ဘတ် (၂၀,၀၀၀) စီဖြင့် စမွတ်ဆာခွန်ကို ခိုးသွင်းပေးဖို့ ငွေပေးခဲ့ရကြောင်း စကားပြန်ကတစ်ဆင့် ရဲများကို ထွက်ဆိုထားသည်။ ၎င်းတို့သည် ရန်ကုန်မြို့ ကနေ ထားဝယ်မြို့ ကို ခရီးနှင်ခဲ့ပြီးနောက် နယ်စပ်မှ တစ်ဆင့် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဖူရီကို တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို နယ်စပ်ဖြတ်ကျော်ရန် အကူအညီပေးမှုဖြင့် စွဲချက်တင်ထားပြီး ရွှေ့ပြောင်းလုပ်သား (၂၁) ဦး ကိုတော့ ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံထဲကို ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ထားသည်။

Zawgyi Version:
ထိုင္းရဲတပ္ဖြဲ႕က လူေမွာင္ခိုကူးမႈျဖင့္ KNU အဖြဲ႕ဝင္ကို ဖမ္းဆီး
ALynn၊ (NP news)
ဘန္ေကာက္ပို႔စ္သတင္းဌာန၏ ေဖာ္ျပခ်က္အရ ကန္ခ်နဘူရီရွိ ထိုင္းရဲတပ္ဖြဲ႕သည္ KNU အဖြဲ႕ဝင္ တစ္ဦးကို ျမန္မာႏိုင္ငံသား (၂၁) ဦးအား လူေမွာင္ခိုကူးမႈျဖင့္ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

လူကုန္ကူးမႈတိုက္ဖ်က္ေရးဌာန၏ ရဲမႉး ေဆာင္ကေလာ့ဒ္ ခရစ္ကရစ္တာယာက အသက္ (၃၂) ႏွစ္အ႐ြယ္ ဖူရီ လတ္ခ်ိဳင္ပရာခ်င္မ္ကို ၾသဂုတ္လ (၃၀) ရက္ေန႔က ဒန္မခမ္းတီးယားခ႐ိုင္တြင္ တရားမဝင္ ေ႐ြ႕ေျပာင္းလုပ္သား ျမန္မာႏိုင္ငံသား (၂၁) ဦးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။

အာဏာပိုင္မ်ား၏ ေျပာၾကားခ်က္အရ ကလြန္ဒိုတမ္ဘြန္မွာရွိတဲ့ ေမွာင္ခိုကြန္ရက္တစ္ခုနဲ႔ ပတ္သက္တဲ့ သတင္းေပးတိုင္ၾကားခ်က္ေတြရရွိၿပီးေနာက္မွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ရဲအရာရွိေတြက ေ႐ႊ႕ေျပာင္းလုပ္သားေတြ သယ္ယူပို႔ေဆာင္ရာမွာ အသုံးျပဳတယ္လို႔ ယူဆရတဲ့ ပစ္ကပ္ကား သုံးစီးကို ေဖာ္ထုတ္ႏိုင္ ခဲ့သည္။

ထို႔ေနာက္ ထိုင္းအရာရွိမ်ားက ၎ ကားမ်ားကိုခ်ဥ္းကပ္လိုက္ခ်ိန္တြင္ Mitsubishi Triton ကားေမာင္းသူက ထြက္ေျပးသြားခဲ့ၿပီး Ford Ranger ကားေမာင္းသူကေတာ့ ကားကိုစြန႔္ပစ္ကာ ေတာထဲကို ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။ ၎ကားထဲတြင္ ေ႐ႊ႕ေျပာင္းလုပ္သား ၁၁ ဦးကို ဖမ္းဆီးႏိုင္ခဲ့သည္။

ထို႔ေနာက္ ရဲတပ္ဖြဲ႕သည္ Isuzu D-Max ကားကို ၾကားျဖတ္ဖမ္းဆီးႏိုင္ခဲ့ၿပီး ကားေမာင္းသူ ဖူရီကို ေ႐ႊ႕ေျပာင္းလုပ္သား (၁၀) ဦးႏွင့္အတူ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ စစ္ေဆးေမးျမန္းမႈအတြင္း ဖူရီသည္ အစိုးရက အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ထားသည့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) မွ စစ္သားတစ္ဦးျဖစ္ေၾကာင္း ဝန္ခံခဲ့သည္။
တရားမဝင္ေ႐ြ႕ေျပာင္းအလုပ္သမားမ်ားကို သယ္ယူပို႔ေဆာင္ေပးဖို႔အတြက္ ၎ကို Facebook ကေန ဘတ္ (၅,၀၀၀) ျဖင့္ ငွားရမ္းခံခဲ့ရေၾကာင္းလည္း ထြက္ဆိုခဲ့သည္။

သို႔ေသာ္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား၏ ထြက္ဆိုခ်က္အရမူ ၎တို႔ကို ဘတ္ (၂၀,၀၀၀) စီျဖင့္ စမြတ္ဆာခြန္ကို ခိုးသြင္းေပးဖို႔ ေငြေပးခဲ့ရေၾကာင္း စကားျပန္ကတစ္ဆင့္ ရဲမ်ားကို ထြက္ဆိုထားသည္။ ၎တို႔သည္ ရန္ကုန္ၿမိဳ႕ ကေန ထားဝယ္ၿမိဳ႕ ကို ခရီးႏွင္ခဲ့ၿပီးေနာက္ နယ္စပ္မွ တစ္ဆင့္ ထိုင္းႏိုင္ငံထဲသို႔ ဝင္ေရာက္လာခဲ့ျခင္း ျဖစ္သည္။

ဖူရီကို တရားမဝင္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို နယ္စပ္ျဖတ္ေက်ာ္ရန္ အကူအညီေပးမႈျဖင့္ စြဲခ်က္တင္ထားၿပီး ေ႐ႊ႕ေျပာင္းလုပ္သား (၂၁) ဦး ကိုေတာ့ ခြင့္ျပဳခ်က္မရွိဘဲ ထိုင္းႏိုင္ငံထဲကို ဝင္ေရာက္ေနထိုင္မႈျဖင့္ စြဲခ်က္တင္ထားသည္။

Related news

© 2021. All rights reserved.