စစ်ကိုင်းမြို့တွင် ငွေကျပ် (၁၅) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ လူ(၆)ဦး ဖမ်းဆီးရမိ

 185

စိမ့် (NP News) - ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ပြီးခဲ့သည့် ဒီဇင်ဘာလ(၆)ရက်က ငွေကျပ် (၁၅) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ (၆)ဦး ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC MYANMAR) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းများအရ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ ဈေးလမ်း၌ စိုးလွင်၏နေအိမ်မှ ဘိန်းဖြူ (၁၈ ဒသမ ၃၁၅) ကီလိုနှင့်အတူ စိုးလွင်နှင့် မခင်ဆွေမြင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါခြံဝန်းအတွင်း ရပ်ထားသည့် HYUNDAI PORTER II ကားပေါ်မှ ဘိန်းဖြူ (၂၅ ဒသမ ၇၄) ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁၃ ဒသမ ၆၅) သိန်းနှင့်အတူ မိုးမင်းစံ နှင့် မျိုးသူတို့ကို ဖမ်းဆီးရမိခဲ့ပြီး TOWNACE LIGHT TRUCK ကားပေါ်မှလည်း ဘိန်းဖြူ (၁၃ဒသမ၈၆) ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား (၃၇ ဒသမ ၀၅) သိန်းနှင့်အတူ ချစ်ကိုကိုနိုင် နှင့် ခင်မောင်ဇော်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးရမိခဲ့ရာတွင် စုစုပေါင်းဘိန်းဖြူ (၅၇ ဒသမ ၉၁၅) ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် (၂ ဒသမ ၉) ဘီလီယံ) နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၅ ဒသမ ၇) သန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၆၇၅၁ ဘီလီယံ)တို့အား သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း (၁၅ ဒသမ ၅၇) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်များအရ ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းကျေးရွာနေ ဘုန်းမြတ်စံ(ခ)သားငယ် (ဖမ်းဆီးရန်ကျန်)နှင့် ချမ်းမြသာစည်မြို့နယ်နေ အောင်နိုင်(ခ)ဖက်တီး(ဖမ်းဆီးရန်ကျန်) တို့၏ အစီအမံဖြင့် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်နေ တာဝန်ခံသယ်ဆောင်သူ ထွန်းထွန်းနိုင်(ဖမ်းဆီးရန်ကျန်) သည် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ တစ်ဆင့်သယ်ဆောင်ပြီး မန္တလေးမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်သည်ကို သိရှိရကြောင်း CCDAC မှ ဆိုသည်။
အဆိုပါ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းမူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့် ငွေကြေးများနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း CCDAC ၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
စစ္ကိုင္းၿမိဳ႕တြင္ ေငြက်ပ္ (၁၅) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ လူ(၆)ဦး ဖမ္းဆီးရမိ
စိမ့္ (NP News) - ဒီဇင္ဘာ ၁၇
မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕၌ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၆)ရက္က ေငြက်ပ္ (၁၅) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ (၆)ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ (CCDAC MYANMAR) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းမ်ားအရ စစ္ကိုင္းၿမိဳ႕၊ ႐ြာေထာင္ရပ္ကြက္၊ ေဈးလမ္း၌ စိုးလြင္၏ေနအိမ္မွ ဘိန္းျဖဴ (၁၈ ဒသမ ၃၁၅) ကီလိုႏွင့္အတူ စိုးလြင္ႏွင့္ မခင္ေဆြျမင့္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါၿခံဝန္းအတြင္း ရပ္ထားသည့္ HYUNDAI PORTER II ကားေပၚမွ ဘိန္းျဖဴ (၂၅ ဒသမ ၇၄) ကီလိုႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၃ ဒသမ ၆၅) သိန္းႏွင့္အတူ မိုးမင္းစံ ႏွင့္ မ်ိဳးသူတို႔ကို ဖမ္းဆီးရမိခဲ့ၿပီး TOWNACE LIGHT TRUCK ကားေပၚမွလည္း ဘိန္းျဖဴ (၁၃ဒသမ၈၆) ကီလိုႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၇ ဒသမ ၀၅) သိန္းႏွင့္အတူ ခ်စ္ကိုကိုႏိုင္ ႏွင့္ ခင္ေမာင္ေဇာ္တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ဖမ္းဆီးရမိခဲ့ရာတြင္ စုစုေပါင္းဘိန္းျဖဴ (၅၇ ဒသမ ၉၁၅) ကီလို(၎ေဒသတန္ဖိုးေငြက်ပ္ (၂ ဒသမ ၉) ဘီလီယံ) ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၅ ဒသမ ၇) သန္း (၎ေဒသတန္ဖိုးေငြက်ပ္ ၁၂ ဒသမ ၆၇၅၁ ဘီလီယံ)တို႔အား သိမ္းဆည္းရမိခဲ့သျဖင့္ စုစုေပါင္း (၁၅ ဒသမ ၅၇) ဘီလီယံတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္မ်ားအရ ဥတၱရသီရိၿမိဳ႕နယ္၊ ကြၽဲရွင္းေက်း႐ြာေန ဘုန္းျမတ္စံ(ခ)သားငယ္ (ဖမ္းဆီးရန္က်န္)ႏွင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ေန ေအာင္ႏိုင္(ခ)ဖက္တီး(ဖမ္းဆီးရန္က်န္) တို႔၏ အစီအမံျဖင့္ ဥတၱရသီရိၿမိဳ႕နယ္၊ ဇဝနသိဒၶိရပ္ကြက္ေန တာဝန္ခံသယ္ေဆာင္သူ ထြန္းထြန္းႏိုင္(ဖမ္းဆီးရန္က်န္) သည္ ဖမ္းဆီးရမိ မူးယစ္ေဆးဝါးမ်ားအား ရွမ္းျပည္နယ္မွ စစ္ကိုင္းတိုင္းေဒသႀကီးသို႔ တစ္ဆင့္သယ္ေဆာင္ၿပီး မႏၲေလးၿမိဳ႕သို႔ ဆက္လက္သယ္ေဆာင္ျခင္းျဖစ္သည္ကို သိရွိရေၾကာင္း CCDAC မွ ဆိုသည္။
အဆိုပါ ဖမ္းဆီးရမိသူမ်ားကို မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားကို ဆက္လက္ရွာေဖြေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္းႏွင့္ ၎မူးယစ္ေဆးဝါးေရာင္းဝယ္မႈမွ ရရွိသည့္ ေငြေၾကးမ်ားႏွင့္ ပိုင္ဆိုင္မႈမ်ားကို ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရးအတြက္ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ဆက္လက္အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း CCDAC ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.