ထိုင်းတွင် ကိုဗစ်ဆေးထိုးပြီး မြန်မာသို့ပြန်ရောက်ချိန် သေဆုံးသွားသည့် မြန်မာလုပ်သားကို ထိုင်းနိုင်ငံမှ လူမှုဖူလုံရေးနှင့်နစ်နာကြေး ဘတ်(၁)သိန်း ထောက်ပံ

 867

ရဲပြည့် (NP News) - စက်တင်ဘာ ၁ဝ

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီး မြန်မာနိုင်သို့ ပြန်ရောက်ချိန်တွင် သေဆုံးသွားသည့် မြန်မာအလုပ်သမား(၁)ဦးကို ထိုင်းနိုင်ငံမှ လူမှုဖူလုံရေးနှင့်နစ်နာကြေး ဘတ် (၅ဝဝဝဝ) ထောက်ပံပေးခဲ့ကြောင်း LPN-Myanmar (အလုပ်သမားအရည်အသွေးမြှင့်တင်ရေးကွန်ယက်ဖောင်ဒေးရှင်း)၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြန်မာအလုပ်သမားသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် နေထိုင်သည့် စောကျော်လင်း(၅၃)နှစ်ဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရင်း ကိုဗစ်ကာကွယ်ဆေးထိုးပြီးချိန်တွင် ကျန်းမာရေးချို့ယွင်းလာခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ယင်းသို့ပြန်လာပြီးနောက် ‌ကော့ကရိတ်ရှိ နေအိမ်တွင် ဇန်နဝါရီလ ၁၆ ရက်၌ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဈာပနပြုလုပ်နိုင်ရေးအတွက် မိသားစုဝင်များအား ထိုင်းလူမှု ဖူလုံရေးအဖွဲ့ (ပကန်ဆမ်ခွန်း)မှ ထောက်ပံငွေ ဘတ် (၅ဝဝဝဝ)ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စောလင်းကျော် (၅၃)နှစ်သည် ပကန်ဆပ်ခွန်း(လူမှုဖူလုံရေး)သို့ ငွေများပုံမှန်ထည့်သွင်းခဲ့သူဖြစ်ပြီး အဆိုပါငွေကို ညီမဖြစ်သူနှင့် မိသားစုဝင်များရရှိနိုင်ရေးအတွက် စာရွက်စာတမ်းများ စုစည်းဆောင်ရွက်ပေးရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်ရှိအလုပ် သမား သံအရာရုံးမှ ထောက်ခံချက်ရရှိရေးကို LPN-Myanmar မှ ကူညီပေးခဲ့ကြောင်း သိရသည်။

ပကန်ဆပ်ခွန်း(လူမှုဖူလုံရေး)ရေးတွင် ငွေပုံမှန်သွင်းသူသည် ၆ လဆက်တိုက် ငွေသွင်းရန်လိုအပ်ပြီး မပြည့်ခဲ့ပါက ပြန်လည်ထောက်ပံ့ကြေးကို ရရှိနိုင်တော့မည်မဟုတ်ကြောင်း LPN-Myanmar မှ အသိပေးထားသည်ကို တွေ့ရသည်။

zawgyi version
ထိုင္းတြင္ ကိုဗစ်ထိုးၿပီး ျမန္မာသို႔ျပန္ေရာက္ခ်ိန္ ေသဆုံးသြားသည့္ ျမန္မာလုပ္သားကို ထိုင္းႏိုင္ငံမွ လူမႈဖူလုံေရးႏွင့္နစ္နာေၾကး ဘတ္(၁)သိန္း ေထာက္ပံ
ရဲျပည့္ (NP News) - စက္တင္ဘာ ၁ဝ

ထိုင္းႏိုင္ငံတြင္ ကိုဗစ္ကာကြယ္ေဆးထိုးၿပီး ျမန္မာႏိုင္သို႔ ျပန္ေရာက္ခ်ိန္တြင္ ေသဆုံးသြားသည့္ ျမန္မာအလုပ္သမား(၁)ဦးကို ထိုင္းႏိုင္ငံမွ လူမႈဖူလုံေရးႏွင့္နစ္နာေၾကး ဘတ္ (၅ဝဝဝဝ) ေထာက္ပံေပးခဲ့ေၾကာင္း LPN-Myanmar (အလုပ္သမားအရည္အေသြးျမႇင့္တင္ေရးကြန္ယက္ေဖာင္ေဒးရွင္း)၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ျမန္မာအလုပ္သမားသည္ ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕တြင္ ေနထိုင္သည့္ ေစာေက်ာ္လင္း(၅၃)ႏွစ္ဆိုသူျဖစ္ၿပီး ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ရင္း ကိုဗစ္ကာကြယ္ေဆးထိုးၿပီးခ်ိန္တြင္ က်န္းမာေရးခ်ိဳ႕ယြင္းလာျခင္းေၾကာင့္ ျမန္မာႏိုင္ငံသို႔ ျပန္လာခဲ့ျခင္းျဖစ္‌ေၾကာင္း သိရသည္။

ယင္းသို႔ျပန္လာၿပီးေနာက္ ‌ေကာ့ကရိတ္ရွိ ေနအိမ္တြင္ ဇန္နဝါရီလ ၁၆ ရက္၌ ေသဆုံးသြားခဲ့ျခင္းျဖစ္ၿပီး ၎၏ ဈာပနျပဳလုပ္ႏိုင္ေရးအတြက္ မိသားစုဝင္မ်ားအား ထိုင္းလူမႈ ဖူလုံေရးအဖြဲ႕ (ပကန္ဆမ္ခြန္း)မွ ေထာက္ပံေငြ ဘတ္ (၅ဝဝဝဝ)ေပးအပ္ခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ေစာလင္းေက်ာ္ (၅၃)ႏွစ္သည္ ပကန္ဆပ္ခြန္း(လူမႈဖူလုံေရး)သို႔ ေငြမ်ားပုံမွန္ထည့္သြင္းခဲ့သူျဖစ္ၿပီး အဆိုပါေငြကို ညီမျဖစ္သူႏွင့္ မိသားစုဝင္မ်ားရရွိႏိုင္ေရးအတြက္ စာ႐ြက္စာတမ္းမ်ား စုစည္းေဆာင္႐ြက္ေပးရာတြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ရွိအလုပ္ သမား သံအရာ႐ုံးမွ ေထာက္ခံခ်က္ရရွိေရးကို LPN-Myanmar မွ ကူညီေပးခဲ့ေၾကာင္း သိရသည္။

ပကန္ဆပ္ခြန္း(လူမႈဖူလုံေရး)ေရးတြင္ ေငြပုံမွန္သြင္းသူသည္ ၆ လဆက္တိုက္ ေငြသြင္းရန္လိုအပ္ၿပီး မျပည့္ခဲ့ပါက ျပန္လည္ေထာက္ပံ့ေၾကးကို ရရွိႏိုင္ေတာ့မည္မဟုတ္ေၾကာင္း LPN-Myanmar မွ အသိေပးထားသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.