တရုတ်နိုင်ငံ၊ အလယ်ပိုင်းမှာ အနီရောင်အဆင့်ရှိ မိုးခေါင်မှုများဖြစ်ပေါ်နေ

 346

ရောင်နီ (NP News) - စက်တင်ဘာ ၂၃

တရုတ်နိုင်ငံအလယ်ပိုင်း ဂျန်ရှီပြည်နယ်မှာ "အနီရောင်အဆင့်" မိုးခေါင်မှုဖြစ်ပေါ်နေပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရဲ့အကြီးဆုံးရေကန်မှာ ရေများခန်းခြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ယန်ဇီမြစ်ရဲ့ရေထွက်ပေါက်တစ်ခုဖြစ်တဲ့ ပိုရန်ရေကန်ရှိ ရေပမာဏဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ၁၉ ဒသမ ၄၃ မီတာမှ ၇ ဒသမ ၁ မီတာသို့ ကျဆင်းသွားကြောင်း ပြည်နယ်အစိုးရက စက်တင်ဘာလ ၂၃ ရက်၊ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် လာမယ့်ရက်များအတွင်း အဆိုပါအဆင့်မှ ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ ဂျန်ရှီ ရေစောင့်ကြည့်ရေးစင်တာမှ ပြောကြားပါတယ်။ မိုးရွာသွန်းမှုဟာ ဇူလိုင်လမှစ ယခင်နှစ်ကထက် ၆ဝ ရာခိုင်နှုန်းလျော့နည်းခဲ့တာဖြစ်ကြောင်း ၄င်းက ဆိုပါတယ်။

သြဂုတ်လအတွင်း တရုတ်နိုင်ငံတစ်ဝှမ်းရှိ မိုးလေဝသဌာနပေါင်း ၂၆၇ ခုမှာ စံချိန်တင် အပူချိန် အစီရင်ခံခဲ့ပြီး၊ ယန်ဇီမြစ်ဝှမ်းတစ်လျှောက် ခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှောင့်နှေးခဲ့ကာ ယခုကောက်ပဲသီးနှံကြီးထွားမှုများ နှောင့်နှေးခဲ့ရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးခေါင်ရေရှားမှုမှ သက်သာရာရပေမယ့်လည်း အလယ်ပိုင်းဒေသများမှာ ခြောက်သွေ့သော ရာသီဥတု အခြေ အနေများ ဆက်လက်ဖြစ်ပေါ်နေကာ ဂျန်ရှီမှာ ရက်ပေါင်း ၇ဝ ကျော်ကြာ မိုးရေမရရှိခဲ့ဘူးလို့ သိရပါတယ်။

အိမ်နီးချင်း အန်ဟိုင် ပြည်နယ်ရှိ စုစုပေါင်းရေလှောင်ကန် ၁ဝ ခုမှာ “dead pool” အဆင့်အောက် ကျဆင်းသွားခဲ့ခြင်းကြောင့် သုံးရေများ ထုတ်လွှတ်နိုင်စွမ်းမရှိတော့ကြောင်း ဒေသဆိုင်ရာ ရေဗျူရိုက ယခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်ဇီမြစ် အလယ်ပိုင်းနဲ့ အောက်ပိုင်းတို့မှာ မိုးခေါင်ရေရှားအခြေအနေများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် အခြားနေရာများမှ ရေလွှဲနိုင်ရန် ကြိုးပမ်းအားထုတ်ဖို့လိုအပ်ကြောင်း ပြည်နယ်မိုးလေဝသခန့်မှန်းသူများက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ အလယ္ပိုင္းမွာ အနီေရာင္အဆင့္ရွိ မိုးေခါင္မႈမ်ားျဖစ္ေပၚေန
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃

တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဂ်န္ရွီျပည္နယ္မွာ "အနီေရာင္အဆင့္" မိုးေခါင္မႈျဖစ္ေပၚေနၿပီး ပထမဆုံးအႀကိမ္အျဖစ္ ႏိုင္ငံရဲ႕အႀကီးဆုံးေရကန္မွာ ေရမ်ားခန္းေျခာက္သြားခဲ့တယ္လို႔ သိရပါတယ္။

ယန္ဇီျမစ္ရဲ႕ေရထြက္ေပါက္တစ္ခုျဖစ္တဲ့ ပိုရန္ေရကန္ရွိ ေရပမာဏဟာ ၿပီးခဲ့တဲ့ သုံးလအတြင္း ၁၉ ဒသမ ၄၃ မီတာမွ ၇ ဒသမ ၁ မီတာသို႔ က်ဆင္းသြားေၾကာင္း ျပည္နယ္အစိုးရက စက္တင္ဘာလ ၂၃ ရက္၊ ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

မိုး႐ြာသြန္းမႈ နည္းပါးျခင္းေၾကာင့္ လာမယ့္ရက္မ်ားအတြင္း အဆိုပါအဆင့္မွ ထပ္မံက်ဆင္းဖြယ္ရွိတယ္လို႔ ဂ်န္ရွီ ေရေစာင့္ၾကည့္ေရးစင္တာမွ ေျပာၾကားပါတယ္။ မိုး႐ြာသြန္းမႈဟာ ဇူလိုင္လမွစ ယခင္ႏွစ္ကထက္ ၆ဝ ရာခိုင္ႏႈန္းေလ်ာ့နည္းခဲ့တာျဖစ္ေၾကာင္း ၄င္းက ဆိုပါတယ္။

ၾသဂုတ္လအတြင္း တ႐ုတ္ႏိုင္ငံတစ္ဝွမ္းရွိ မိုးေလဝသဌာနေပါင္း ၂၆၇ ခုမွာ စံခ်ိန္တင္ အပူခ်ိန္ အစီရင္ခံခဲ့ၿပီး၊ ယန္ဇီျမစ္ဝွမ္းတစ္ေလွ်ာက္ ေျခာက္ေသြ႕ေသာ ရာသီဥတုအေျခအေနေၾကာင့္ ေရအားလွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈေႏွာင့္ေႏွးခဲ့ကာ ယခုေကာက္ပဲသီးႏွံႀကီးထြားမႈမ်ား ေႏွာင့္ေႏွးခဲ့ရပါတယ္။

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာေတာ့ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ မိုးေခါင္ေရရွားမႈမွ သက္သာရာရေပမယ့္လည္း အလယ္ပိုင္းေဒသမ်ားမွာ ေျခာက္ေသြ႕ေသာ ရာသီဥတု အေျခ အေနမ်ား ဆက္လက္ျဖစ္ေပၚေနကာ ဂ်န္ရွီမွာ ရက္ေပါင္း ၇ဝ ေက်ာ္ၾကာ မိုးေရမရရွိခဲ့ဘူးလို႔ သိရပါတယ္။

အိမ္နီးခ်င္း အန္ဟိုင္ ျပည္နယ္ရွိ စုစုေပါင္းေရေလွာင္ကန္ ၁ဝ ခုမွာ “dead pool” အဆင့္ေအာက္ က်ဆင္းသြားခဲ့ျခင္းေၾကာင့္ သုံးေရမ်ား ထုတ္လႊတ္ႏိုင္စြမ္းမရွိေတာ့ေၾကာင္း ေဒသဆိုင္ရာ ေရဗ်ဴ႐ိုက ယခုသီတင္းပတ္အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အရွည္ဆုံးျမစ္ျဖစ္တဲ့ ယန္ဇီျမစ္ အလယ္ပိုင္းနဲ႔ ေအာက္ပိုင္းတို႔မွာ မိုးေခါင္ေရရွားအေျခအေနမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္တာေၾကာင့္ အျခားေနရာမ်ားမွ ေရလႊဲႏိုင္ရန္ ႀကိဳးပမ္းအားထုတ္ဖို႔လိုအပ္ေၾကာင္း ျပည္နယ္မိုးေလဝသခန႔္မွန္းသူမ်ားက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.