အယ်လ်ကိုင်ဒါခေါင်းဆောင်မဟုတ်ဘဲ လယ်သမားတစ်ဦး သေဆုံးခဲ့သည့် ဆီးရီးယား လေကြောင်း တိုက်ခိုက်မှုအတွက် အမေရိကန်ဝန်ခံ

865

ALynn (NP News) - မေ ၃
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆီးရီးယားတွင် ဒရုန်းဖြင့်တိုက်ခိုက်မှုအပြီး အယ်လ်ကိုင်ဒါ ခေါင်းဆောင်တစ်ဦးကို အောင်မြင်စွာပစ်မှတ်ထားနိုင်ခဲ့ကြောင်း ကနဦးပိုင်းကထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ်သေဆုံးခဲ့သူမှာ လယ်သမားတစ်ဦးသာဖြစ်ကြောင်း ယခုအခါပြန်လည်ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအပြီး Lutfi Hasan Masto ဟုခေါ်သော အသက် ၅၆ နှစ်အရွယ် သိုးထိန်းတစ်ဦးသေဆုံးခဲ့ပြီး ကနဦးတွင် အယ်လ်ကိုင်ဒါ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဟု လွဲမှားစွာသတ်မှတ်ထားမိကြောင်း ကြာသပတေး နေ့ (မေလ ၂ ရက်)တွင် ထုတ်ပြန်ခဲ့သည်။ အရှေ့အလယ်ပိုင်းရှိ စစ်ရေးလှုပ်ရှားမှုများကို ကြီးကြပ်သည့် အမေရိကန်ဗဟိုဌာနချုပ်က “လေကြောင်းတိုက်ခိုက်မှုမှ ဖြစ်ပေါ်ခဲ့သော အရပ်သား ထိခိုက်မှုအတွက် ၎င်းတို့၏အမှားကို ဝန်ခံကြောင်းနှင့် နောင်တရကြောင်း” ရေးသား ဖော်ပြခဲ့သည်။
Masto ကို သတ်ဖြတ်ခြင်းသည် အရပ်သားများအပေါ် အမေရိကန် ဒရုန်းစစ်ဆင်ရေး၏ အကျိုးသက်ရောက်မှုနှင့် မှားယွင်းသော တိုက်ခိုက်မှုများအတွက် အရပ်သားများအား လျော်ကြေးပေးဆောင်လေ့ရှိသော လုပ်ရပ်များနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာ နောက်ဆုံးဖြစ်ရပ် ဖြစ်လာသည်။ အမေရိကန်သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ နိုင်ငံအများအပြားတွင် လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် ၎င်း၏တပ်များကို ဖြန့်ကျက်ခြင်းထက် ဒရုန်း များအပေါ် မှီခိုအားထားလုပ်ဆောင်နေကြောင်းတွေ့ရသည်။
အာဖဂန်နစ္စတန်မှ အမေရိကန်ဆုတ်ခွာစဉ်အတွင်း အရပ်သား ၁၀ ဦး သေဆုံးခဲ့သည့်ဒရုန်းဖြင့် တိုက်ခိုက်မှုအပါအဝင် ထင်ရှားသော ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားခဲ့သော်လည်း အမေရိကန်အရာရှိများ၏ တာဝန်ခံမှုမှာရှားပါးသည်။ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားများ၏ မိသားစုများသည်လည်း လျော်ကြေးငွေ တောင်းခံဖို့ ရုန်းကန်နေကြရသည်။ AP သတင်းဌာနက သေဆုံးသူအများစုသည် လက်နက်ကိုင်အဖွဲ့များနှင့် မဆက်နွှယ်ဘဲ သိုး၊ ကြက်နှင့် ကျွဲနွားများကို မွေးမြူသည့် လယ်သမားများသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။
zawgyi version
အယ္လ္ကိုင္ဒါေခါင္းေဆာင္မဟုတ္ဘဲ လယ္သမားတစ္ဦး ေသဆုံးခဲ့သည့္ ဆီးရီးယား ေလေၾကာင္း တိုက္ခိုက္မႈအတြက္ အေမရိကန္ဝန္ခံ
ALynn (NP News) - ေမ ၃
အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနက ဆီးရီးယားတြင္ ဒ႐ုန္းျဖင့္တိုက္ခိုက္မႈအၿပီး အယ္လ္ကိုင္ဒါ ေခါင္းေဆာင္တစ္ဦးကို ေအာင္ျမင္စြာပစ္မွတ္ထားႏိုင္ခဲ့ေၾကာင္း ကနဦးပိုင္းကထုတ္ျပန္ခဲ့ေသာ္လည္း အမွန္တကယ္ေသဆုံးခဲ့သူမွာ လယ္သမားတစ္ဦးသာျဖစ္ေၾကာင္း ယခုအခါျပန္လည္ေဖာ္ျပခဲ့သည္။
၂၀၂၃ ခုႏွစ္၊ ေမလ ၃ ရက္တြင္ ေမာင္းသူမဲ့ေလယာဥ္ျဖင့္ တိုက္ခိုက္မႈအၿပီး Lutfi Hasan Masto ဟုေခၚေသာ အသက္ ၅၆ ႏွစ္အ႐ြယ္ သိုးထိန္းတစ္ဦးေသဆုံးခဲ့ၿပီး ကနဦးတြင္ အယ္လ္ကိုင္ဒါ၏ အႀကီးတန္းအဖြဲ႕ဝင္တစ္ဦးဟု လြဲမွားစြာသတ္မွတ္ထားမိေၾကာင္း ၾကာသပေတး ေန႔ (ေမလ ၂ ရက္)တြင္ ထုတ္ျပန္ခဲ့သည္။ အေရွ႕အလယ္ပိုင္းရွိ စစ္ေရးလႈပ္ရွားမႈမ်ားကို ႀကီးၾကပ္သည့္ အေမရိကန္ဗဟိုဌာနခ်ဳပ္က “ေလေၾကာင္းတိုက္ခိုက္မႈမွ ျဖစ္ေပၚခဲ့ေသာ အရပ္သား ထိခိုက္မႈအတြက္ ၎တို႔၏အမွားကို ဝန္ခံေၾကာင္းႏွင့္ ေနာင္တရေၾကာင္း” ေရးသား ေဖာ္ျပခဲ့သည္။
Masto ကို သတ္ျဖတ္ျခင္းသည္ အရပ္သားမ်ားအေပၚ အေမရိကန္ ဒ႐ုန္းစစ္ဆင္ေရး၏ အက်ိဳးသက္ေရာက္မႈႏွင့္ မွားယြင္းေသာ တိုက္ခိုက္မႈမ်ားအတြက္ အရပ္သားမ်ားအား ေလ်ာ္ေၾကးေပးေဆာင္ေလ့ရွိေသာ လုပ္ရပ္မ်ားႏွင့္ပတ္သက္၍ ေမးခြန္းထုတ္စရာ ေနာက္ဆုံးျဖစ္ရပ္ ျဖစ္လာသည္။ အေမရိကန္သည္ အေရွ႕အလယ္ပိုင္းႏွင့္ အာဖရိကရွိ ႏိုင္ငံအမ်ားအျပားတြင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားကို တိုက္ခိုက္ရန္အတြက္ ၎၏တပ္မ်ားကို ျဖန႔္က်က္ျခင္းထက္ ဒ႐ုန္း မ်ားအေပၚ မွီခိုအားထားလုပ္ေဆာင္ေနေၾကာင္းေတြ႕ရသည္။
အာဖဂန္နစၥတန္မွ အေမရိကန္ဆုတ္ခြာစဥ္အတြင္း အရပ္သား ၁၀ ဦး ေသဆုံးခဲ့သည့္ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈအပါအဝင္ ထင္ရွားေသာ ျဖစ္ရပ္မ်ား ဆက္တိုက္ျဖစ္ပြားခဲ့ေသာ္လည္း အေမရိကန္အရာရွိမ်ား၏ တာဝန္ခံမႈမွာရွားပါးသည္။ တိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့ရေသာ အရပ္သားမ်ား၏ မိသားစုမ်ားသည္လည္း ေလ်ာ္ေၾကးေငြ ေတာင္းခံဖို႔ ႐ုန္းကန္ေနၾကရသည္။ AP သတင္းဌာနက ေသဆုံးသူအမ်ားစုသည္ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ မဆက္ႏႊယ္ဘဲ သိုး၊ ၾကက္ႏွင့္ ကြၽဲႏြားမ်ားကို ေမြးျမဴသည့္ လယ္သမားမ်ားသာျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။