အီရန်နှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါ်နယ်ထရမ့်ပြော

42

Pika (NP News) - ဇွန် ၂၇
အစ္စရေး နှင့် အီရန်နိုင်ငံကြား စစ်ပွဲအား အမြန်ဆုံးအဆုံးသတ်နိုင်မှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ချီးကျူး စကားပြောဆိုခဲ့ပြီး လာမည့်သီတင်းပတ်တွင် အီရန်အရာရှိများနှင့်လုပ်ဆောင်မည့်ဆွေးနွေးမှုအတွင်း ၎င်း၏ နျူကလီးယားရည်မှန်းချက်များကို အဆုံးသတ်ရန် အီရန်ထံမှကတိပြုမှုကို အမေရိကန်က တောင်းခံနိုင်ဖွယ် ရှိနေကြောင်း သိရသည်။
အီရန်၏ နျူကလီးယားစက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြင့် အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုများတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သော ၎င်း၏ဆုံးဖြတ်ချက်သည် အဆိုပါစစ်ပွဲကို အဆုံးသတ်စေခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
ထို့ပြင် အဆိုပါအောင်မြင်မှုကို လူတိုင်းအတွက် အောင်ပွဲတစ်ခုအဖြစ် ဒေါ်နယ်ထရမ့်က ဖော်ပြပြောဆိုခဲ့ကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်က “ဒါက အရမ်းကိုပြင်းထန်တဲ့ ချေမှုန်းမှုတစ်ခုပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် အီရန်နိုင်ငံသည် နျူကလီးယားလက်နက်တီထွင်ထုတ်လုပ်ရေးတွင် ထပ်မံပါဝင်လာသည်ကို မတွေ့မိ ကြောင်း ဒေါ်နယ်ထရမ့်က The Hague မြို့တွင် ကျင်းပသည့် နေတိုးထိပ်သီးအစည်းအဝေးအတွင်း ထုတ်ပြန် ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်က “လာမယ့်သီတင်းပတ်မှာ အီရန်နဲ့ဆွေးနွေးမှုတွေကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ သဘောတူညီချက်တစ်ခုကို ကျွန်တော်တို့ လက်မှတ်ရေးထိုးနိုင်မှာလားဆိုတာတော့ မသိပါဘူး” ဟု ပြောခဲ့သည်။

Zawgyi Version:
အီရန္ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ဟု ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၂၇
အစၥေရး ႏွင့္ အီရန္ႏိုင္ငံၾကား စစ္ပြဲအား အျမန္ဆုံးအဆုံးသတ္ႏိုင္မႈကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ခ်ီးက်ဴး စကားေျပာဆိုခဲ့ၿပီး လာမည့္သီတင္းပတ္တြင္ အီရန္အရာရွိမ်ားႏွင့္လုပ္ေဆာင္မည့္ေဆြးေႏြးမႈအတြင္း ၎၏ န်ဴကလီးယားရည္မွန္းခ်က္မ်ားကို အဆုံးသတ္ရန္ အီရန္ထံမွကတိျပဳမႈကို အေမရိကန္က ေတာင္းခံႏိုင္ဖြယ္ ရွိေနေၾကာင္း သိရသည္။
အီရန္၏ န်ဴကလီးယားစက္႐ုံမ်ားကို ပစ္မွတ္ထားတိုက္ခိုက္ျခင္းျဖင့္ အစၥေရး၏ အီရန္အေပၚ တိုက္ခိုက္မႈမ်ားတြင္ ပါဝင္ရန္ ဆုံးျဖတ္ခဲ့ေသာ ၎၏ဆုံးျဖတ္ခ်က္သည္ အဆိုပါစစ္ပြဲကို အဆုံးသတ္ေစခဲ့ျခင္းျဖစ္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာခဲ့သည္။
ထို႔ျပင္ အဆိုပါေအာင္ျမင္မႈကို လူတိုင္းအတြက္ ေအာင္ပြဲတစ္ခုအျဖစ္ ေဒၚနယ္ထရမ့္က ေဖာ္ျပေျပာဆိုခဲ့ေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္က “ဒါက အရမ္းကိုျပင္းထန္တဲ့ ေခ်မႈန္းမႈတစ္ခုပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အီရန္ႏိုင္ငံသည္ န်ဴကလီးယားလက္နက္တီထြင္ထုတ္လုပ္ေရးတြင္ ထပ္မံပါဝင္လာသည္ကို မေတြ႕မိ ေၾကာင္း ေဒၚနယ္ထရမ့္က The Hague ၿမိဳ႕တြင္ က်င္းပသည့္ ေနတိုးထိပ္သီးအစည္းအေဝးအတြင္း ထုတ္ျပန္ ေျပာၾကားခဲ့သည္။ ေဒၚနယ္ထရမ့္က “လာမယ့္သီတင္းပတ္မွာ အီရန္နဲ႔ေဆြးေႏြးမႈေတြကို ကြၽန္ေတာ္တို႔ လုပ္ေဆာင္သြားမွာပါ။ သေဘာတူညီခ်က္တစ္ခုကို ကြၽန္ေတာ္တို႔ လက္မွတ္ေရးထိုးႏိုင္မွာလားဆိုတာေတာ့ မသိပါဘူး” ဟု ေျပာခဲ့သည္။