စိန်ခေါ်မှုများစွာရင်ဆိုင်နေရသော နိုင်ငံတကာ အခင်းအကျင်းတွင် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန် စုပေါင်းဆောင်ရွက်ရမည်ဟု (EEF 2025) တွင် နစကဥက္ကဋ္ဌ ပြော

207

သန့်ဇင် (NP News) - ဇွန် ၂၇
စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရသည့် ယနေ့ နိုင်ငံတကာအခင်းအကျင်းတွင် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌက ယမန်နေ့(ဇွန်လ ၂၆ ရက်)တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့ရှိ Minsk International Exhibition Center BELEXPO ၌ ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ၏ မျက်နှာစုံညီအ စည်းအဝေးသို့တက်ရောက် မိန့်ခွန်းပြောကြားစဉ်အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရသည့် ယနေ့နိုင်ငံတကာ အခင်းအကျင်းတွင် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့အနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ယင်းအခြေအနေများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် စုပေါင်းဆောင်ရွက်သည့်နေရာတွင် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ကြီး၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ဥရောပ-အာရှစီးပွားရေးသမဂ္ဂသည် ပြင်ပစီးပွားရေးစိန်ခေါ်မှုများနှင့် ပိတ်ဆို့ဒဏ်ခတ်မှုများကြားတွင် မကြာသေးမီနှစ်များအတွင်း တည်ငြိမ်သောတိုးတက်မှုများနှင့် အရေးပါသောအောင်မြင်မှုများကို ပြသနိုင်ခဲ့သည်ကို ဝမ်းမြောက်စွာတွေ့ရှိရကြောင်းလည်း နစက ဥက္ကဋ္ဌက ထည့်သွင်ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ - အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက် သန်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံကို ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရေးအတွက် ထောက်ခံဆောင်ရွက်ပေးပါရန်လည်း နစကဥက္ကဋ္ဌက ဆိုသည်။
မိမိတို့နိုင်ငံနှင့် ဥရောပ - အာရှစီးပွားရေးသမဂ္ဂတို့အကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အကျိုးပြုသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် တန်းတူညီမျှမှုတို့အပေါ်အခြေခံပြီး တက်ကြွစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025) ကို “ဥရောပ-အာရှ စီးပွားရေးပေါင်းစည်းညီညွတ်ရေး မဟာဗျူဟာ-ရလဒ်များနှင့် အလားအလာများ” (Strategy of the Eurasian Economic Integration: outcomes and prospects) ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဖိုရမ်သို့ EAEU ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင် ငံများဖြစ်ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ၊ EAEU Observers နိုင်ငံဖြစ် သည့် ကျူးဘားနိုင်ငံသမ္မတ၊ ဖိတ်ကြားထားသည့် နိုင်ငံများဖြစ်ကြသည့် မွန်ဂိုလီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ၏ဖိတ်ကြားချက်အရ နစကဥက္ကဋ္ဌအပါအဝင် နီကွာရာဂွာသမ္မတ၏ အထူးကိုယ်စားလှယ် များအပြင် ဥရောပ-အာရှစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို စိတ်ပါဝင်စားသည့် မိတ်ဖက်နိုင်ငံများမှ အစိုးရကိုယ်စားလှယ်များ၊ အကြီးစား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

zawgyi version
စိန္ေခၚမႈမ်ားစြာရင္ဆိုင္ေနရေသာ ႏိုင္ငံတကာ အခင္းအက်င္းတြင္ ၿခိမ္းေျခာက္မႈမ်ားကို ေက်ာ္လႊားႏိုင္ရန္ စုေပါင္းေဆာင္႐ြက္ရမည္ဟု (EEF 2025) တြင္ နစကဥကၠ႒ ေျပာ
သန႔္ဇင္ (NP News) - ဇြန္ ၂၇
စိန္ေခၚမႈမ်ားစြာႏွင့္ရင္ဆိုင္ေနရသည့္ ယေန႔ ႏိုင္ငံတကာအခင္းအက်င္းတြင္ ၿခိမ္းေျခာက္မႈမ်ားကို ေက်ာ္လႊားႏိုင္ရန္အတြက္ မိမိတို႔အေနျဖင့္ စုေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ႏိုင္ငံတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
နစကဥကၠ႒က ယမန္ေန႔(ဇြန္လ ၂၆ ရက္)တြင္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ မင့္စ္ၿမိဳ႕ရွိ Minsk International Exhibition Center BELEXPO ၌ က်င္းပသည့္ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္ (EEF 2025) ၏ မ်က္ႏွာစုံညီအ စည္းအေဝးသို႔တက္ေရာက္ မိန႔္ခြန္းေျပာၾကားစဥ္အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
စိန္ေခၚမႈမ်ားစြာႏွင့္ရင္ဆိုင္ေနရသည့္ ယေန႔ႏိုင္ငံတကာ အခင္းအက်င္းတြင္ ၿခိမ္းေျခာက္မႈမ်ားကို ေက်ာ္လႊားႏိုင္ရန္အတြက္ မိမိတို႔အေနျဖင့္ စုေပါင္းေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းႏွင့္ ယင္းအေျခအေနမ်ားကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ရန္အတြက္ စုေပါင္းေဆာင္႐ြက္သည့္ေနရာတြင္ ဥေရာပ-အာရွစီးပြားေရးသမဂၢအဖြဲ႕ႀကီး၏ အခန္းက႑သည္ အေရးႀကီးေၾကာင္း နစကဥကၠ႒က ဆိုသည္။
ဥေရာပ-အာရွစီးပြားေရးသမဂၢသည္ ျပင္ပစီးပြားေရးစိန္ေခၚမႈမ်ားႏွင့္ ပိတ္ဆို႔ဒဏ္ခတ္မႈမ်ားၾကားတြင္ မၾကာေသးမီႏွစ္မ်ားအတြင္း တည္ၿငိမ္ေသာတိုးတက္မႈမ်ားႏွင့္ အေရးပါေသာေအာင္ျမင္မႈမ်ားကို ျပသႏိုင္ခဲ့သည္ကို ဝမ္းေျမာက္စြာေတြ႕ရွိရေၾကာင္းလည္း နစက ဥကၠ႒က ထည့္သြင္ေျပာၾကားခဲ့သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္လည္း ဥေရာပ - အာရွစီးပြားေရးသမဂၢ၏ မိသားစုအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ရန္ မ်ားစြာစိတ္အားထက္ သန္လ်က္ရွိပါေၾကာင္းႏွင့္ ျမန္မာႏိုင္ငံကို ဥေရာပ-အာရွစီးပြားေရးသမဂၢ၏ ေလ့လာသူႏိုင္ငံအျဖစ္ ေဆာလ်င္စြာပါဝင္ႏိုင္ေရးအတြက္ ေထာက္ခံေဆာင္႐ြက္ေပးပါရန္လည္း နစကဥကၠ႒က ဆိုသည္။
မိမိတို႔ႏိုင္ငံႏွင့္ ဥေရာပ - အာရွစီးပြားေရးသမဂၢတို႔အၾကား တည္ရွိၿပီးျဖစ္သည့္ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ အျပန္အလွန္ေလးစားမႈ၊ အျပန္အလွန္ အက်ိဳးျပဳသည့္ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ တန္းတူညီမွ်မႈတို႔အေပၚအေျခခံၿပီး တက္ႂကြစြာ ဆက္လက္ပူးေပါင္း ေဆာင္႐ြက္သြားမည္ဟု ကတိျပဳေျပာၾကားလိုေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
အဆိုပါ စတုတၳအႀကိမ္ ဥေရာပ-အာရွ စီးပြားေရးဖိုရမ္ (EEF 2025) ကို “ဥေရာပ-အာရွ စီးပြားေရးေပါင္းစည္းညီၫြတ္ေရး မဟာဗ်ဴဟာ-ရလဒ္မ်ားႏွင့္ အလားအလာမ်ား” (Strategy of the Eurasian Economic Integration: outcomes and prospects) ေခါင္းစဥ္ျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။ ဖိုရမ္သို႔ EAEU ၏ အလွည့္က်ဥကၠ႒ျဖစ္သည့္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံသမၼတႏွင့္အတူ ဥေရာပ-အာရွစီးပြားေရးသမဂၢ (EAEU) အဖြဲ႕ဝင္ႏိုင္ ငံမ်ားျဖစ္ၾကသည့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံသမၼတ၊ ကာဇက္စတန္ႏိုင္ငံသမၼတ၊ ကာဂ်စ္စတန္ႏိုင္ငံသမၼတ၊ EAEU Observers ႏိုင္ငံျဖစ္ သည့္ က်ဴးဘားႏိုင္ငံသမၼတ၊ ဖိတ္ၾကားထားသည့္ ႏိုင္ငံမ်ားျဖစ္ၾကသည့္ မြန္ဂိုလီးယားႏိုင္ငံ၊ ယူေအအီးႏိုင္ငံတို႔မွ ကိုယ္စားလွယ္မ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဘယ္လာ႐ုစ္သမၼတႏိုင္ငံသမၼတ၏ဖိတ္ၾကားခ်က္အရ နစကဥကၠ႒အပါအဝင္ နီကြာရာဂြာသမၼတ၏ အထူးကိုယ္စားလွယ္ မ်ားအျပင္ ဥေရာပ-အာရွစီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈကို စိတ္ပါဝင္စားသည့္ မိတ္ဖက္ႏိုင္ငံမ်ားမွ အစိုးရကိုယ္စားလွယ္မ်ား၊ အႀကီးစား၊ အလတ္စားႏွင့္ အေသးစားစီးပြားေရးလုပ္ငန္းရွင္မ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။