ယူကရိန်းသမ္မတ နှင့် အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးခြင်းမျိုး မရှိခဲ့ဟု ဒေါ်နယ်ထရမ့်ပြော

 46

Pika (NP News) - ဇွန် ၂၇

The Hague မြို့တွင်ပြုလုပ်သည့် နေတိုးထိပ်သီးအစည်းအဝေးအပြီးလုပ်ဆောင်ခဲ့သော ယူကရိန်းသမ္မတ ဇီလန်စကီးနှင့်တွေ့ဆုံမှုအတွင်း ယူကရိန်းအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောခဲ့သည်။
အဆိုပါဆွေးနွေးပွဲအတွင်း စစ်မှန်သောငြိမ်းချမ်းရေးကို ရရှိရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း ဇီလန်စကီး က ပြောကြားခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်၏ မှတ်ချက်ပြုပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ဒေါ်နယ်ထရမ့်၏ မှတ်ချက်ပြုပြောဆိုမှုများသည် ဇီလန်စကီး အစောပိုင်းက ပြောဆိုခဲ့သော မှတ်ချက်များနှင့် လုံးဝ ကွဲပြားနေကြောင်းလည်း သိရသည်။
ဇီလန်စကီးနှင့်လုပ်ဆောင်ခဲ့သောဆွေးနွေးပွဲအတွင်း အဆိုပါအကြောင်းအရာ ပါဝင်ခြင်းမျိုးမရှိခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။ ဒေါ်နယ်ထရမ့်က “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဇီလန်စကီး ဘာတွေလုပ်နေလဲ ဆိုတာကိုပဲ ကျွန်တော်သိချင်ခဲ့တာပါ။ ယူကရိန်းအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မဆွေးနွေးခဲ့ပါဘူး” ဟု ပြောခဲ့သည်။
ထို့ပြင် ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်စေရန် မျှော်လင့်ချက်ဖြင့် ရုရှားသမ္မတပူတင်နှင့် ဆွေးနွေးပွဲများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မည်သည့်အချိန်တွင် လုပ်ဆောင်မည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ရုရှား-ယူကရိန်းစစ်ပွဲကို အချိန်(၂၄)နာရီအတွင်း အဆုံးသတ်သွားအောင်လုပ်ဆောင်ပေးမည်ဟု မဲဆွယ်စည်းရုံးရေး ကာလအတွင်း ကတိပြုခဲ့သော်လည်း လက်တွေ့တွင် အဆိုပါပဋိပက္ခကို ဖြေရှင်းရန်မှာ ထင်သလောက်မလွယ်ကူ ကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံမှတ်ချက်ပြုပြောခဲ့သည်။

Zawgyi Version:
ယူကရိန္းသမၼတ ႏွင့္ အပစ္အခတ္ရပ္စဲေရးကို ေဆြးေႏြးျခင္းမ်ိဳး မရွိခဲ့ဟု ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၂၇
The Hague ၿမိဳ႕တြင္ျပဳလုပ္သည့္ ေနတိုးထိပ္သီးအစည္းအေဝးအၿပီးလုပ္ေဆာင္ခဲ့ေသာ ယူကရိန္းသမၼတ ဇီလန္စကီးႏွင့္ေတြ႕ဆုံမႈအတြင္း ယူကရိန္းအပစ္အခတ္ရပ္စဲေရးႏွင့္ပတ္သက္ၿပီး ေဆြးေႏြးျခင္းမ်ိဳးမရွိခဲ့ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာခဲ့သည္။
အဆိုပါေဆြးေႏြးပြဲအတြင္း စစ္မွန္ေသာၿငိမ္းခ်မ္းေရးကို ရရွိရန္ နည္းလမ္းမ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း ဇီလန္စကီး က ေျပာၾကားခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္၏ မွတ္ခ်က္ျပဳေျပာဆိုမႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ ေဒၚနယ္ထရမ့္၏ မွတ္ခ်က္ျပဳေျပာဆိုမႈမ်ားသည္ ဇီလန္စကီး အေစာပိုင္းက ေျပာဆိုခဲ့ေသာ မွတ္ခ်က္မ်ားႏွင့္ လုံးဝ ကြဲျပားေနေၾကာင္းလည္း သိရသည္။
ဇီလန္စကီးႏွင့္လုပ္ေဆာင္ခဲ့ေသာေဆြးေႏြးပြဲအတြင္း အဆိုပါအေၾကာင္းအရာ ပါဝင္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာခဲ့သည္။ ေဒၚနယ္ထရမ့္က “ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး ဇီလန္စကီး ဘာေတြလုပ္ေနလဲ ဆိုတာကိုပဲ ကြၽန္ေတာ္သိခ်င္ခဲ့တာပါ။ ယူကရိန္းအပစ္အခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ မေဆြးေႏြးခဲ့ပါဘူး” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ႐ုရွား-ယူကရိန္းပဋိပကၡကို အဆုံးသတ္ေစရန္ ေမွ်ာ္လင့္ခ်က္ျဖင့္ ႐ုရွားသမၼတပူတင္ႏွင့္ ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ရန္ စီစဥ္ထားေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ေသာ္လည္း မည္သည့္အခ်ိန္တြင္ လုပ္ေဆာင္မည္ဆိုသည့္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။ ႐ုရွား-ယူကရိန္းစစ္ပြဲကို အခ်ိန္(၂၄)နာရီအတြင္း အဆုံးသတ္သြားေအာင္လုပ္ေဆာင္ေပးမည္ဟု မဲဆြယ္စည္း႐ုံးေရး ကာလအတြင္း ကတိျပဳခဲ့ေသာ္လည္း လက္ေတြ႕တြင္ အဆိုပါပဋိပကၡကို ေျဖရွင္းရန္မွာ ထင္သေလာက္မလြယ္ကူ ေၾကာင္း ေဒၚနယ္ထရမ့္က ထပ္မံမွတ္ခ်က္ျပဳေျပာခဲ့သည္။

Related news

© 2021. All rights reserved.