မြောက်ကိုရီးယားကို သတိပေးတဲ့အနေနဲ့ အမေရိကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားသို့ရောက်ရှိလာ

 629

ရောင်နီ (NP News) - စက်တင်ဘာ ၂၃

မြောက်ကိုရီးယားကို တောင်ကိုရီးယားရဲ့အင်အားပြသမှုအနေနဲ့ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားသို့ စက်တင်ဘာ ၂၃ ရက်က ရောက်ရှိလာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။

USS Ronald Reagan နဲ့ ၎င်းရဲ့ ပူးတွဲပါ တိုက်ခိုက်ရေးအဖွဲ့မှ သင်္ဘောများဟာ တောင်ပိုင်းဆိပ်ကမ်းမြို့ ဘူဆန်ရှိ ရေတပ်စခန်းတစ်ခုမှာ ဆိုက်ကပ်ခဲ့ပါတယ်။ ၎င်းရဲ့ရောက်ရှိလာမှုဟာ မြောက်ကိုရီးယားကိုဟန့်တားဖို့အတွက် အမေရိကန်ရဲ့မဟာဗျူဟာမြောက် အထင်ရှားဆုံးသော တပ်ဖြန့်မှုတစ်ခုဖြစ်ပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီး မီချယ်ဒွန်နယ်လီ က အဆိုပါခရီးစဉ်ဟာ ကာလရှည်ကြာ စီစဉ်ထားတဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး တောင်ကိုရီးယားမဟာမိတ်များနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ ရေတပ်များအကြား အပြန်အလှန်လည်ပတ်နိုင်မှုမြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားပါတယ်။

မြောက်ကိုရီးယားကို အချက်ပြဖို့အတွက် "ကျွန်တော်တို့သံတမန်တွေဆီကို စာပို့နေပါတယ်" လို့ ၎င်းက ပြောကြားကာ မဟာမိတ်များဟာ မည်သည့်နေရာမှာမဆို ခြိမ်းခြောက်မှုများကို အချိန်မရွေး တုံ့ပြန်နိုင်စေဖို့အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“နည်းဗျူဟာနဲ့ စစ်ဆင်ရေးတွေကို လေ့ကျင့်ဖို့ဟာ ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခုပါပဲ” လို့ ဒွန်နယ်လီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက မြောက်ကိုရီးယားကို ၎င်းရဲ့နျူကလီးယားလက်နက်နဲ့ ဒုံးကျည်တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုမှ မအောင်မြင်ခဲ့ပြီးနောက် ယခုနှစ်မှာ စံချိန်တင် ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခဲ့တဲ့အတွက် သတိပေးချက်အဖြစ် အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ တွန်းအားပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြုံယမ်းဟာ ၂ဝ၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှု ပြန်လည်စတင်ဖို့ ပြင်ဆင်နေပုံပေါ်တယ်လို့ လေ့လာသူများက ဆိုပါတယ်။ ယခုအမေရိကန် လေယာဉ် တင်သင်္ဘောခရီးစဉ်ဟာ ၂ဝ၁၈ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားသို့ ပထမဆုံးရောက်ရှိလာတာဖြစ်ပါတယ်။

သို့ပေမယ့် ထိုင်ဝမ်မှာ ပဋိပက္ခဖြစ်ပွားပါက တောင်ကိုးရီးယားမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅ဝဝ ခန့်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။ ယင်းကဲ့သို့သော မေးခွန်းများဟာ မူဝါဒချမှတ်သူများအတွက်သာဖြစ်တယ်လို့ ဒွန်နယ်လီက ပြောကြားခဲ့ကာ တောင်ကိုရီးယားကဲ့သို့ မဟာမိတ်များနဲ့ ပူးတွဲလုပ်ဆောင်ခြင်းဟာ ဆယ်စုနှစ် ခုနစ်ခုကျော်ကြာတည်ရှိခဲ့တဲ့ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့အတွက် အမေရိကန်ရေတပ်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားကို သတိေပးတဲ့အေနနဲ႔ အေမရိကန္ေလယာဥ္တင္သေဘၤာ ေတာင္ကိုရီးယားသို႔ေရာက္ရွိလာ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃

ေျမာက္ကိုရီးယားကို ေတာင္ကိုရီးယားရဲ႕အင္အားျပသမႈအေနနဲ႔ ေလးႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ အေမရိကန္ေလယာဥ္တင္သေဘၤာ ေတာင္ကိုရီးယားသို႔ စက္တင္ဘာ ၂၃ ရက္က ေရာက္ရွိလာခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

USS Ronald Reagan နဲ႔ ၎ရဲ႕ ပူးတြဲပါ တိုက္ခိုက္ေရးအဖြဲ႕မွ သေဘၤာမ်ားဟာ ေတာင္ပိုင္းဆိပ္ကမ္းၿမိဳ႕ ဘူဆန္ရွိ ေရတပ္စခန္းတစ္ခုမွာ ဆိုက္ကပ္ခဲ့ပါတယ္။ ၎ရဲ႕ေရာက္ရွိလာမႈဟာ ေျမာက္ကိုရီးယားကိုဟန႔္တားဖို႔အတြက္ အေမရိကန္ရဲ႕မဟာဗ်ဴဟာေျမာက္ အထင္ရွားဆုံးေသာ တပ္ျဖန႔္မႈတစ္ခုျဖစ္ပါတယ္။

ေရတပ္ဗိုလ္ခ်ဳပ္ႀကီး မီခ်ယ္ဒြန္နယ္လီ က အဆိုပါခရီးစဥ္ဟာ ကာလရွည္ၾကာ စီစဥ္ထားတဲ့ ခရီးစဥ္တစ္ခုျဖစ္ၿပီး ေတာင္ကိုရီးယားမဟာမိတ္မ်ားနဲ႔ ဆက္ဆံေရးတည္ေဆာက္ဖို႔၊ ေရတပ္မ်ားအၾကား အျပန္အလွန္လည္ပတ္ႏိုင္မႈျမႇင့္တင္ဖို႔ ရည္႐ြယ္ထားေၾကာင္း ေျပာၾကားပါတယ္။

ေျမာက္ကိုရီးယားကို အခ်က္ျပဖို႔အတြက္ "ကြၽန္ေတာ္တို႔သံတမန္ေတြဆီကို စာပို႔ေနပါတယ္" လို႔ ၎က ေျပာၾကားကာ မဟာမိတ္မ်ားဟာ မည္သည့္ေနရာမွာမဆို ၿခိမ္းေျခာက္မႈမ်ားကို အခ်ိန္မေ႐ြး တုံ႔ျပန္ႏိုင္ေစဖို႔အတြက္ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ထားျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“နည္းဗ်ဴဟာနဲ႔ စစ္ဆင္ေရးေတြကို ေလ့က်င့္ဖို႔ဟာ ကြၽန္ေတာ္တို႔အတြက္ အခြင့္အေရးတစ္ခုပါပဲ” လို႔ ဒြန္နယ္လီက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

ေတာင္ကိုရီးယားသမၼတ ယြန္းဆက္ယိုက ေျမာက္ကိုရီးယားကို ၎ရဲ႕န်ဴကလီးယားလက္နက္နဲ႔ ဒုံးက်ည္တည္ေဆာက္ေရးဆိုင္ရာ ေဆြးေႏြးညႇိႏႈိင္းမႈမွ မေအာင္ျမင္ခဲ့ၿပီးေနာက္ ယခုႏွစ္မွာ စံခ်ိန္တင္ ဒုံးက်ည္စမ္းသပ္မႈမ်ားျပဳလုပ္ခဲ့တဲ့အတြက္ သတိေပးခ်က္အျဖစ္ အေမရိကန္နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြျပဳလုပ္ဖို႔ တြန္းအားေပးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ၿပဳံယမ္းဟာ ၂ဝ၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ န်ဴကလီးယားစမ္းသပ္မႈ ျပန္လည္စတင္ဖို႔ ျပင္ဆင္ေနပုံေပၚတယ္လို႔ ေလ့လာသူမ်ားက ဆိုပါတယ္။ ယခုအေမရိကန္ ေလယာဥ္ တင္သေဘၤာခရီးစဥ္ဟာ ၂ဝ၁၈ ခုႏွစ္ေနာက္ပိုင္း ေတာင္ကိုရီးယားသို႔ ပထမဆုံးေရာက္ရွိလာတာျဖစ္ပါတယ္။

သို႔ေပမယ့္ ထိုင္ဝမ္မွာ ပဋိပကၡျဖစ္ပြားပါက ေတာင္ကိုးရီးယားမွာ တပ္စြဲထားတဲ့ အေမရိကန္တပ္ဖြဲ႕ဝင္ ၂၈၅ဝဝ ခန႔္ရဲ႕အခန္းက႑နဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာမ်ား ျဖစ္လာခဲ့ပါတယ္။ ယင္းကဲ့သို႔ေသာ ေမးခြန္းမ်ားဟာ မူဝါဒခ်မွတ္သူမ်ားအတြက္သာျဖစ္တယ္လို႔ ဒြန္နယ္လီက ေျပာၾကားခဲ့ကာ ေတာင္ကိုရီးယားကဲ့သို႔ မဟာမိတ္မ်ားနဲ႔ ပူးတြဲလုပ္ေဆာင္ျခင္းဟာ ဆယ္စုႏွစ္ ခုနစ္ခုေက်ာ္ၾကာတည္ရွိခဲ့တဲ့ ေဒသတြင္းလုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရးကိုထိန္းသိမ္းဖို႔အတြက္ အေမရိကန္ေရတပ္ရဲ႕ အဓိကအစိတ္အပိုင္းတစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.