တရုတ်နိုင်ငံတွင် တရားရေးရာဝန်ကြီးဟောင်းကို လာဘ်စားမှုတို့ကြောင့် သေဒဏ်ချမှတ်

 566

ဖြိုးခန့် (NP News) - စက်တင်ဘာ ၂၄

တရုတ် တရားရေးဝန်ကြီးဟောင်း Fu Zhenghua အား အကျင့်ပျက်ခြစားမှုနှင့် အာဏာအလွဲသုံးစားမှုတို့ကြောင့် သေဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ(၂၂)ရက်နေ့တွင် ဖော်ပြခဲ့ပြီး အဆိုပါပြစ်ဒဏ်ကို ၂ နှစ်အကြာတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်အဖြစ် ပြောင်းလဲလျှော့ပေါ့ပေးမည်ဖြစ်ကြောင်းသိရသည်။

တရုတ်တရားရေးဝန်ကြီးဟောင်း Fu Zhenghua သည် နိုင်ငံ၏ထိပ်တန်း ပြည်သူ့လုံခြုံရေး အရာရှိအဖြစ် တာဝန်ယူချိန်အတွင်း အာဏာအလွှဲသုံးစားမှုများပြုလုပ်ခဲ့ကာ ယွမ် ၁၁၇ သန်း တန်ဖိုးရှိ လက်ဆောင်များနှင့် လာဘ်ငွေများရယူခဲ့ကြောင်း၊ အစိုးရရှေ့နေများက ဆိုသည်။

၄င်းသည် အကျင့်ပျက်လာဘ်စားမှုများ၊ အာဏာအလွှဲသုံးစားလုပ်မှုများကြောင့် သေဒဏ်ပြစ်ဒဏ်ပေးခံရခြင်းဖြစ် ကြောင်း တရုတ်အစိုးရရှေ့နေများက ဆိုသည်။ Fu Zhenghua သည် တရားရေးဝန်ကြီးအဖြစ် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဝန်ဆောင်မှုဌာနမှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းကိုယ်တိုင်လည်း အကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအများ အပြားကို ဦးဆောင်ခဲ့ကြောင်းသိရသည်။

Fu Zhenghua သည် စည်းကမ်းများနှင့် နိုင်ငံတော်ဥပဒေကို ချိုးဖောက်ခဲ့ခြင်းကြောင့် အောက်တိုဘာလတွင် သံသယရှိသူအဖြစ် စွပ်စွဲခံခဲ့ရကြောင်းသိရသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်အပေါ် သစ္စာပျက်ယွင်းမှုများ၊ အကျင့်ပျက်လာဘ်စားမှုများရှိခဲ့သူအဖြစ် စွပ်စွဲခံထားရ သည့် ပြည်နယ်ရဲချုပ်ဟောင်းသုံးဦးကိုလည်း ယခုသီတင်းပတ်အစောပိုင်းတွင် ထောင်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။ Fu Zhenghua အပါအဝင် အားလုံးသည် လာဘ်ပေးလာဘ်ယူမှုများ၊ လုံခြုံရေးစျေးကွက်ကို တရားမဝင် ကြိုးကိုင်ခြယ်လှယ်မှုများနှင့် တရားမဝင်သေနတ်များ ပိုင်ဆိုင်သည်ဟု စွဲချက်တင်ခံထားရသူများဖြစ်ကြောင်း သိရသည်။

ရှီကျင့်ဖျင်သည် သမ္မတရာထူးကိုစတင်တာဝန်ယူခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစ၍ ၎င်း၏အုပ်ချုပ်မှု အခြေခံအုတ်မြစ်အဖြစ် လာဘ်ပေးလာဘ်ယူခြင်းများကို နှိမ်နှင်းခဲ့ကြောင်းသိရသည်။ ရှီကျင့်ဖျင်သည် သမ္မတရာထူးကို စတင်တာဝန်ယူ ခဲ့ပြီး ပထမဆုံး (၃) နှစ်တာကာလအတွင်း အကျင့်ပျက်ခြစားမှုဖြင့် လူပေါင်း(၁ဝဝဝဝဝ) ကျော် စွဲချက်တင်ခံခဲ့ရကာ အစိုးရအရာရှိ ၁၅ဝဝ ကျော်ကို အမှုဖွင့်စုံစမ်းစစ်ဆေးခဲ့ကြောင်းသိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံတြင္ တရားေရးရာဝန္ႀကီးေဟာင္းကို လာဘ္စားမႈတို႔ေၾကာင့္ ေသဒဏ္ခ်မွတ္
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၂၄

တ႐ုတ္ တရားေရးဝန္ႀကီးေဟာင္း Fu Zhenghua အား အက်င့္ပ်က္ျခစားမႈႏွင့္ အာဏာအလြဲသုံးစားမႈတို႔ေၾကာင့္ ေသဒဏ္ခ်မွတ္လိုက္ေၾကာင္း ႏိုင္ငံပိုင္မီဒီယာက စက္တင္ဘာ(၂၂)ရက္ေန႔တြင္ ေဖာ္ျပခဲ့ၿပီး အဆိုပါျပစ္ဒဏ္ကို ၂ ႏွစ္အၾကာတြင္ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းျပစ္ဒဏ္အျဖစ္ ေျပာင္းလဲေလွ်ာ့ေပါ့ေပးမည္ျဖစ္ေၾကာင္းသိရသည္။

တ႐ုတ္တရားေရးဝန္ႀကီးေဟာင္း Fu Zhenghua သည္ ႏိုင္ငံ၏ထိပ္တန္း ျပည္သူ႔လုံၿခဳံေရး အရာရွိအျဖစ္ တာဝန္ယူခ်ိန္အတြင္း အာဏာအလႊဲသုံးစားမႈမ်ားျပဳလုပ္ခဲ့ကာ ယြမ္ ၁၁၇ သန္း တန္ဖိုးရွိ လက္ေဆာင္မ်ားႏွင့္ လာဘ္ေငြမ်ားရယူခဲ့ေၾကာင္း၊ အစိုးရေရွ႕ေနမ်ားက ဆိုသည္။

၄င္းသည္ အက်င့္ပ်က္လာဘ္စားမႈမ်ား၊ အာဏာအလႊဲသုံးစားလုပ္မႈမ်ားေၾကာင့္ ေသဒဏ္ျပစ္ဒဏ္ေပးခံရျခင္းျဖစ္ ေၾကာင္း တ႐ုတ္အစိုးရေရွ႕ေနမ်ားက ဆိုသည္။ Fu Zhenghua သည္ တရားေရးဝန္ႀကီးအျဖစ္ ၂ဝ၁၈ ခုႏွစ္မွ ၂ဝ၂ဝ ျပည့္ႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ကာ တရားဥပေဒစိုးမိုးေရးႏွင့္ လုံၿခဳံေရးဝန္ေဆာင္မႈဌာနမွာ ႏွစ္ရွည္လမ်ား တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၎ကိုယ္တိုင္လည္း အက်င့္ပ်က္ျခစားမႈမ်ားႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈအမ်ား အျပားကို ဦးေဆာင္ခဲ့ေၾကာင္းသိရသည္။

Fu Zhenghua သည္ စည္းကမ္းမ်ားႏွင့္ ႏိုင္ငံေတာ္ဥပေဒကို ခ်ိဳးေဖာက္ခဲ့ျခင္းေၾကာင့္ ေအာက္တိုဘာလတြင္ သံသယရွိသူအျဖစ္ စြပ္စြဲခံခဲ့ရေၾကာင္းသိရသည္။

တ႐ုတ္ႏိုင္ငံသမၼတရွီက်င့္ဖ်င္အေပၚ သစၥာပ်က္ယြင္းမႈမ်ား၊ အက်င့္ပ်က္လာဘ္စားမႈမ်ားရွိခဲ့သူအျဖစ္ စြပ္စြဲခံထားရ သည့္ ျပည္နယ္ရဲခ်ဳပ္ေဟာင္းသုံးဦးကိုလည္း ယခုသီတင္းပတ္အေစာပိုင္းတြင္ ေထာင္ဒဏ္ ခ်မွတ္ခံခဲ့ရေၾကာင္း သိရသည္။ Fu Zhenghua အပါအဝင္ အားလုံးသည္ လာဘ္ေပးလာဘ္ယူမႈမ်ား၊ လုံၿခဳံေရးေစ်းကြက္ကို တရားမဝင္ ႀကိဳးကိုင္ျခယ္လွယ္မႈမ်ားႏွင့္ တရားမဝင္ေသနတ္မ်ား ပိုင္ဆိုင္သည္ဟု စြဲခ်က္တင္ခံထားရသူမ်ားျဖစ္ေၾကာင္း သိရသည္။

ရွီက်င့္ဖ်င္သည္ သမၼတရာထူးကိုစတင္တာဝန္ယူခဲ့သည့္ ၂ဝ၁၂ ခုႏွစ္မွစ၍ ၎၏အုပ္ခ်ဳပ္မႈ အေျခခံအုတ္ျမစ္အျဖစ္ လာဘ္ေပးလာဘ္ယူျခင္းမ်ားကို ႏွိမ္ႏွင္းခဲ့ေၾကာင္းသိရသည္။ ရွီက်င့္ဖ်င္သည္ သမၼတရာထူးကို စတင္တာဝန္ယူ ခဲ့ၿပီး ပထမဆုံး (၃) ႏွစ္တာကာလအတြင္း အက်င့္ပ်က္ျခစားမႈျဖင့္ လူေပါင္း(၁ဝဝဝဝဝ) ေက်ာ္ စြဲခ်က္တင္ခံခဲ့ရကာ အစိုးရအရာရွိ ၁၅ဝဝ ေက်ာ္ကို အမႈဖြင့္စုံစမ္းစစ္ေဆးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.