ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီဝင်များ အနိုင်ရခဲ့ရင် လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကို ရာထူးက ထွက်အောင် ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်မယ်

 700

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

အမေရိကန်ရီပတ်ဘလီကန်လွှတ်တော်အမတ် နန်စီမာစီက ရီပတ်ဘလီကန်လွှတ်တော်အမတ်များဟာ လက်ရှိသမ္မတဂျိုးဘိုင်ဒန်ကို ရာထူးမှနှုတ်ထွက်အောင် ဖိအားပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရီပတ်ဘလီကန်ပါတီဟာ လာမယ့်နိုဝင်ဘာလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ရဲ့နေရာအများစုမှာ အနိုင်ရရှိခဲ့မယ်ဆိုရင်ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေဟာ သမ္မတဂျိုးဘိုင်ဒန်ကို လွှတ်တော်အတွင်း အယုံအကြည်မရှိအဆိုကို စွပ်စွဲပြစ်တင်သွားမှာဖြစ်ကြောင်း နန်စီမာစီ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

၎င်းက "ကျွန်မ အမြင်တော့ လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီက အောက်လွှတ် တော်နေရာအများစု အနိုင်ရခဲ့မယ်ဆိုရင် သမ္မတကို ဖိအားပေးမှုများပိုမိုလုပ်ဆောင်သွားမှာပါ။
ဒီကိစ္စကို ရီပတ်ဘလီကန်ပါတီဝင်အများစု စဉ်းစားနေတဲ့အရာလို့ ထင်မိပါတယ်" လို့ပြောပါတယ်။

နန်စီမာစီဟာ လာမယ့်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်နေရာအတွက် နေရာကို ပြန်လည်အနိုင်ရမယ်လို့ ယုံကြည်ကြောင်းဆိုပါတယ်။

ရီပတ်ဘလီကန်ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ်တာဝန်ယူချိန်က အတိုက်ခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ကိုယ်စားလှယ်တွေဟာ ဒေါ်နယ်ထရမ့်ကို နှစ်ကြိမ်တိုင် စွပ်စွဲပြစ်တင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်တို့ဟာ ပြီးခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနှယ်ယှဉ်ပြိုင်ခဲ့ရာ မဲရလဒ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ခဲ့ပြီး ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အဦးကို စီးနင်းခဲ့ဖူးတယ်လို့ သိရပါတယ်။

အမေရိကန်ရီပတ်ဘလီကန်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်များဟာ ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတဲ့အောက်လွှတ်တော်မှာ ကိုယ်စားလှယ်အရေအတွက်နည်းပါးခဲ့ပေမယ့် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို နှစ်ကြိမ်တိုင် စွပ်စွဲပြစ်တင်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ အောက်လွှတ်တော်ရှိ ရီပတ်ဘလီကန်ပါတီ ကိုယ်စားလှယ်လေးဦးဟာ ဂျိုးဘိုင်ဒန်ကို နယ်စပ်ဒေသလုံခြုံရေးနဲ့ပတ်သက်ပြီး ဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ခဲ့ဖူးသလို ပြီးခဲ့တဲ့နှစ်ကလည်း အာဖန်ဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့များ ပြန်ရုတ်သိမ်းခဲ့ရတာနဲ့ပတ်သက်ပြီး ရီပတ်ဘလီကန်ကိုယ်စားလှယ်တွေက ဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်ဖူးခဲ့ပါတယ်။

Zawgyi Version;
ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီဝင္မ်ား အႏိုင္ရခဲ့ရင္ လက္ရွိသမၼတဂ်ိဳးဘိုင္ဒန္ကို ရာထူးက ထြက္ေအာင္ ဖိအားေပးမႈမ်ား ပိုမိုလုပ္ေဆာင္မယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

အေမရိကန္ရီပတ္ဘလီကန္လႊတ္ေတာ္အမတ္ နန္စီမာစီက ရီပတ္ဘလီကန္လႊတ္ေတာ္အမတ္မ်ားဟာ လက္ရွိသမၼတဂ်ိဳးဘိုင္ဒန္ကို ရာထူးမွႏႈတ္ထြက္ေအာင္ ဖိအားေပးသြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ရီပတ္ဘလီကန္ပါတီဟာ လာမယ့္ႏိုဝင္ဘာလအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ေအာက္လႊတ္ေတာ္ရဲ႕ေနရာအမ်ားစုမွာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ရီပတ္ဘလီကန္လႊတ္ေတာ္အမတ္ေတြဟာ သမၼတဂ်ိဳးဘိုင္ဒန္ကို လႊတ္ေတာ္အတြင္း အယုံအၾကည္မရွိအဆိုကို စြပ္စြဲျပစ္တင္သြားမွာျဖစ္ေၾကာင္း နန္စီမာစီ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

၎က "ကြၽန္မ အျမင္ေတာ့ လာမယ့္ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီက ေအာက္လႊတ္ ေတာ္ေနရာအမ်ားစု အႏိုင္ရခဲ့မယ္ဆိုရင္ သမၼတကို ဖိအားေပးမႈမ်ားပိုမိုလုပ္ေဆာင္သြားမွာပါ။
ဒီကိစၥကို ရီပတ္ဘလီကန္ပါတီဝင္အမ်ားစု စဥ္းစားေနတဲ့အရာလို႔ ထင္မိပါတယ္" လို႔ေျပာပါတယ္။

နန္စီမာစီဟာ လာမယ့္ေ႐ြးေကာက္ပြဲမွာ ေအာက္လႊတ္ေတာ္ေနရာအတြက္ ေနရာကို ျပန္လည္အႏိုင္ရမယ္လို႔ ယုံၾကည္ေၾကာင္းဆိုပါတယ္။

ရီပတ္ဘလီကန္ပါတီေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္တာဝန္ယူခ်ိန္က အတိုက္ခံပါတီျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီရဲ႕ကိုယ္စားလွယ္ေတြဟာ ေဒၚနယ္ထရမ့္ကို ႏွစ္ႀကိမ္တိုင္ စြပ္စြဲျပစ္တင္ခဲ့ဖူးတယ္လို႔ သိရပါတယ္။

လက္ရွိအေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ေဒၚနယ္ထရမ့္တို႔ဟာ ၿပီးခဲ့တဲ့သမၼတေ႐ြးေကာက္ပြဲမွာ အႀကိတ္အႏွယ္ယွဥ္ၿပိဳင္ခဲ့ရာ မဲရလဒ္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ခဲ့ၿပီး ေဒၚနယ္ထရမ့္ကို ေထာက္ခံသူမ်ားက အေမရိကန္လႊတ္ေတာ္အေဆာက္အဦးကို စီးနင္းခဲ့ဖူးတယ္လို႔ သိရပါတယ္။

အေမရိကန္ရီပတ္ဘလီကန္ပါတီရဲ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ားဟာ ဒီမိုကရက္တစ္ပါတီက ထိန္းခ်ဳပ္ထားတဲ့ေအာက္လႊတ္ေတာ္မွာ ကိုယ္စားလွယ္အေရအတြက္နည္းပါးခဲ့ေပမယ့္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကို ႏွစ္ႀကိမ္တိုင္ စြပ္စြဲျပစ္တင္ဖို႔ ႀကိဳးပမ္းခဲ့ဖူးတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္မွာ ေအာက္လႊတ္ေတာ္ရွိ ရီပတ္ဘလီကန္ပါတီ ကိုယ္စားလွယ္ေလးဦးဟာ ဂ်ိဳးဘိုင္ဒန္ကို နယ္စပ္ေဒသလုံၿခဳံေရးနဲ႔ပတ္သက္ၿပီး ဂ်ိဳးဘိုင္ဒန္ကို စြပ္စြဲျပစ္တင္ခဲ့ဖူးသလို ၿပီးခဲ့တဲ့ႏွစ္ကလည္း အာဖန္ဂန္နစၥတန္ႏိုင္ငံကေန အေမရိကန္တပ္ဖြဲ႕မ်ား ျပန္႐ုတ္သိမ္းခဲ့ရတာနဲ႔ပတ္သက္ၿပီး ရီပတ္ဘလီကန္ကိုယ္စားလွယ္ေတြက ဂ်ိဳးဘိုင္ဒန္ကို စြပ္စြဲျပစ္တင္ဖူးခဲ့ပါတယ္။

Related news

© 2021. All rights reserved.