ရုရှား စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၉ ဦးသေဆုံးပြီး၊ အနည်းဆုံး ၂ဝ ဦး ဒဏ်ရာရ

 493

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

ရုရှားနိုင်ငံ Urals ဒေသ Izhevsk မြို့စာသင်ကျောင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၉ ဦးသေဆုံးပြီး ၂ဝ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ကြောင်း ရုရှားရဲတပ်ဖွဲ့က ပြောပါတယ်။

ရုရှားပညာရေးဝန်ကြီးဌာနက ပစ်ခတ်မှုဟာ အမှတ် ၈၈ စာသင်ကျောင်းမှာဖြစ်ပွားခဲ့ပြီး ကျောင်းသားများနဲ့ ဆရာ၊ ဆရာမများကို ကျောင်းအတွင်းကနေ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မကြာမီ ကျောင်းအပြင်ဘက်မှာ အရေးပေါ်ကားများနဲ့ ရဲကားများ ရောက်ရှိနေခဲ့ကြောင်း လူမှုကွန်ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေမှာ ဖော်ပြထားပါတယ်။

Izhevsk မြို့မှာ လူဦးရေ ၆၃ဝဝဝဝ ရှိနေပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူများထဲမှာ ကျောင်းသားတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ Udmurtia ဒေသအုပ်ချုပ်ရေးမှူး အလက်ဇန်ဒါ ဘရီချာလောဗ့် က "အမည်မသိသေနတ်သမားတစ်ဦးက ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်။ ကျောင်းလုံခြုံရေးနဲ့ ကျောင်းသားတွေ သေဆုံးဒဏ်ရာရခဲ့တယ်" လို့ပြောပါတယ်။

စာသင်ကျောင်းပစ်ခတ်မှုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ် ကြောင်း ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါစာသင်ကျောင်းဟာ Grade 1 မှ 11 အထိ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ပေးနေတဲ့ကျောင်းဖြစ်တယ်လို့ သိရပါတယ်။ သေနတ်သမားဟာ ပစ်ခတ်မှုကျူးလွန်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ပြန်ပစ်သတ်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

Zawgyi Version;
႐ုရွား စာသင္ေက်ာင္းမွာ ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး ၉ ဦးေသဆုံးၿပီး၊ အနည္းဆုံး ၂ဝ ဦး ဒဏ္ရာရ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

႐ုရွားႏိုင္ငံ Urals ေဒသ Izhevsk ၿမိဳ႕စာသင္ေက်ာင္းမွာ စက္တင္ဘာ ၂၆ ရက္ေန႔ နံနက္ပိုင္းက ပစ္ခတ္မႈျဖစ္ပြားခဲ့ရာ ၉ ဦးေသဆုံးၿပီး ၂ဝ ဦးထက္မနည္း ဒဏ္ရာရသြားခဲ့ေၾကာင္း ႐ုရွားရဲတပ္ဖြဲ႕က ေျပာပါတယ္။

႐ုရွားပညာေရးဝန္ႀကီးဌာနက ပစ္ခတ္မႈဟာ အမွတ္ ၈၈ စာသင္ေက်ာင္းမွာျဖစ္ပြားခဲ့ၿပီး ေက်ာင္းသားမ်ားနဲ႔ ဆရာ၊ ဆရာမမ်ားကို ေက်ာင္းအတြင္းကေန ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့တယ္လို႔ ဆိုပါတယ္။

ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ မၾကာမီ ေက်ာင္းအျပင္ဘက္မွာ အေရးေပၚကားမ်ားနဲ႔ ရဲကားမ်ား ေရာက္ရွိေနခဲ့ေၾကာင္း လူမႈကြန္ရက္မွာ ထြက္ေပၚလာတဲ့ ႐ုပ္သံဖိုင္ေတြမွာ ေဖာ္ျပထားပါတယ္။

Izhevsk ၿမိဳ႕မွာ လူဦးေရ ၆၃ဝဝဝဝ ရွိေနၿပီး ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူမ်ားထဲမွာ ေက်ာင္းသားေတြလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ Udmurtia ေဒသအုပ္ခ်ဳပ္ေရးမႉး အလက္ဇန္ဒါ ဘရီခ်ာေလာဗ့္ က "အမည္မသိေသနတ္သမားတစ္ဦးက ေက်ာင္းအတြင္း ဝင္ေရာက္ပစ္ခတ္ခဲ့တာျဖစ္တယ္။ ေက်ာင္းလုံၿခဳံေရးနဲ႔ ေက်ာင္းသားေတြ ေသဆုံးဒဏ္ရာရခဲ့တယ္" လို႔ေျပာပါတယ္။

စာသင္ေက်ာင္းပစ္ခတ္မႈျဖစ္ပြားရတဲ့ အဓိကအေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ ေၾကာင္း ႐ုရွားအာဏာပိုင္ေတြက ေျပာပါတယ္။

အဆိုပါစာသင္ေက်ာင္းဟာ Grade 1 မွ 11 အထိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ပညာသင္ေပးေနတဲ့ေက်ာင္းျဖစ္တယ္လို႔ သိရပါတယ္။ ေသနတ္သမားဟာ ပစ္ခတ္မႈက်ဴးလြန္ၿပီးေနာက္ ကိုယ့္ကိုယ္ကိုယ္ ျပန္ပစ္သတ္ခဲ့ေၾကာင္း ရဲေတြက ေျပာပါတယ္။

Related news

© 2021. All rights reserved.