ပါကစ္စတန်မှာ စီးပွားရေးအကျပ်အတည်းများ မြင့်တက်လာမှုကြောင့် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးအစ္စမေးလ် ရာထူးမှ နှုတ်ထွက်

 447

ရောင်နီ (NP News) - စက်တင်ဘာ ၂၆

ပါကစ္စတန်ရဲ့ ပဉ္ဓမမြောက် ဘဏ္ဍာရေးဝန်ကြီး မစ်ဖက်အစ္စမေးလ် ဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံ မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကျပ်အတည်းများအကြာင့် ရာထူးမှ တရားဝင်နှုတ်ထွက်တော့မှာဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘဏ္ဍာရေးဝန်ကြီးအဖြစ်မှ နှုတ်နဲ့ နှုတ်ထွက်လိုက်ပြီဖြစ်တယ်” လို့ အစ္စမေး က တွစ်တာမှာ စက်တင်ဘာ ၂၅ ရက်၊ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ ၎င်းရဲ့အလုပ်ထွက်မယ့်အစီအစဉ်ကို အစည်းအဝေး တစ်ခုမှာ နိုင်ငံ ဝန်ကြီးချုပ် ရှီဘက်ဇ်ရှရစ်အား အကြောင်းကြားထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ပါကစ္စတန်ကို ရောက်တဲ့အခါ တရားဝင်နှုတ်ထွက်စာတင်မှာပါ” လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။ အစ္စမေးလ်နဲ့ ရှာရစ်ဖ်တို့ဟာ လက်ရှိ လန်ဒန်မှာ ရှိနေကြပြီး လာမယ့်သီတင်းပတ် အစောပိုင်းမှာ ပါကစ္စတန်သို့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

စံချိန်တင်ရေကြီးမှုကြောင့် ပါကစ္စတန်ရဲ့လက်ရှိစာရင်းလိုငွေပြမှုမှာ သိသိသာသာ ကွာဟလာပြီး ငွေကြေးဖောင်းပွ မှုမြင့်တက်လာတာကြောင့် နိုင်ငံရှိ မိသားစုများနဲ့ စီးပွားရေးလုပ်ငန်းများအပေါ် ဖိအားများ ကျရောက်လာခဲ့ကာ နိုင်ငံ့စီးပွားရေးဟာ ဆက်တိုက် တုန်လှုပ်ချောက်ချားစရာများ ဖြစ်လာခဲ့ပါတယ်။ ယခုလအတွင်း အဆိုးရွားဆုံး ရေကြီးမှုများကြောင့် လူပေါင်း ၁၅ဝဝ ကျော် သေဆုံးခဲ့ပြီး ခန့်မှန်းခြေ ကန်ဒေါ်လာ ဘီလျံ ၃ဝ ခန့် ပျက်စီးဆုံးရှုံးမှု ခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ ပါကစ္စတန်ကို အကူအညီ ဒေါ်လာ ၂ ဘီလျံလောက် ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ ဘဏ်ရဲ့တောင်အာရှဆိုင်ရာ ဒုတိယဥက္ကဋ္ဌ မာတင်ရိုင်ဆာ က “ဆိုးရွားလှတဲ့ရေကြီးမှုကြောင့် အသက်အိုးအိမ်စည်း စိမ်နဲ့ အသက်မွေးဝမ်းကြောင်းတွေ ဆုံးရှုံးရတဲ့အတွက် အထူးပဲစိတ်မကောင်းဖြစ်မိပါတယ်။ ထိခိုက်ခံရသူတွေကို အမြန်ဆုံးကယ်ဆယ်ရေးအတွက် ပြည်ထောင်စုပြည်နယ်အစိုးရတွေနဲ့ လက်တွဲဆောင်ရွက်နေပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ပါကစ္စတန် ရေဘေးကယ်ဆယ်ရေးအတွက် ဒေါ်လာ သန်း ၈၅ဝ ထောက်ပံ့ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရှရစ် နဲ့ ကမ္ဘာ့ဘဏ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က သဘောတူခဲ့ပါတယ်။

Zawgyi Version;
ပါကစၥတန္မွာ စီးပြားေရးအက်ပ္အတည္းမ်ား ျမင့္တက္လာမႈေၾကာင့္ ပါကစၥတန္ဘ႑ာေရးဝန္ႀကီး အစၥေမးလ္ ရာထူးမွ ႏႈတ္ထြက္
ေရာင္နီ (NP News) - စက္တင္ဘာ ၂၆

ပါကစၥတန္ရဲ႕ ပၪၶမေျမာက္ ဘ႑ာေရးဝန္ႀကီး မစ္ဖက္အစၥေမးလ္ ဟာ မၾကာေသးမီက ျဖစ္ပြားခဲ့တဲ့ ေရႀကီးေရလွ်ံ မႈေတြေၾကာင့္ျဖစ္ေပၚလာတဲ့ စီးပြားေရးအက်ပ္အတည္းမ်ားအၾကာင့္ ရာထူးမွ တရားဝင္ႏႈတ္ထြက္ေတာ့မွာျဖစ္ ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ ဘ႑ာေရးဝန္ႀကီးအျဖစ္မွ ႏႈတ္နဲ႔ ႏႈတ္ထြက္လိုက္ၿပီျဖစ္တယ္” လို႔ အစၥေမး က တြစ္တာမွာ စက္တင္ဘာ ၂၅ ရက္၊ တနဂၤေႏြေန႔က ေျပာၾကားခဲ့ပါတယ္။ ၎ရဲ႕အလုပ္ထြက္မယ့္အစီအစဥ္ကို အစည္းအေဝး တစ္ခုမွာ ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ရွီဘက္ဇ္ရွရစ္အား အေၾကာင္းၾကားထားေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

“ပါကစၥတန္ကို ေရာက္တဲ့အခါ တရားဝင္ႏႈတ္ထြက္စာတင္မွာပါ” လို႔ ၎က ထပ္ေလာင္းေျပာၾကားပါတယ္။ အစၥေမးလ္နဲ႔ ရွာရစ္ဖ္တို႔ဟာ လက္ရွိ လန္ဒန္မွာ ရွိေနၾကၿပီး လာမယ့္သီတင္းပတ္ အေစာပိုင္းမွာ ပါကစၥတန္သို႔ ျပန္လည္ေရာက္ရွိမွာျဖစ္ပါတယ္။

စံခ်ိန္တင္ေရႀကီးမႈေၾကာင့္ ပါကစၥတန္ရဲ႕လက္ရွိစာရင္းလိုေငြျပမႈမွာ သိသိသာသာ ကြာဟလာၿပီး ေငြေၾကးေဖာင္းပြ မႈျမင့္တက္လာတာေၾကာင့္ ႏိုင္ငံရွိ မိသားစုမ်ားနဲ႔ စီးပြားေရးလုပ္ငန္းမ်ားအေပၚ ဖိအားမ်ား က်ေရာက္လာခဲ့ကာ ႏိုင္ငံ့စီးပြားေရးဟာ ဆက္တိုက္ တုန္လႈပ္ေခ်ာက္ခ်ားစရာမ်ား ျဖစ္လာခဲ့ပါတယ္။ ယခုလအတြင္း အဆိုး႐ြားဆုံး ေရႀကီးမႈမ်ားေၾကာင့္ လူေပါင္း ၁၅ဝဝ ေက်ာ္ ေသဆုံးခဲ့ၿပီး ခန႔္မွန္းေျခ ကန္ေဒၚလာ ဘီလ်ံ ၃ဝ ခန႔္ ပ်က္စီးဆုံးရႈံးမႈ ခဲ့ပါတယ္။

ကမာၻ႔ဘဏ္ကေတာ့ ပါကစၥတန္ကို အကူအညီ ေဒၚလာ ၂ ဘီလ်ံေလာက္ ေထာက္ပံ့ေပးမယ္လို႔ ဆိုပါတယ္။ ကမာၻ႔ ဘဏ္ရဲ႕ေတာင္အာရွဆိုင္ရာ ဒုတိယဥကၠ႒ မာတင္႐ိုင္ဆာ က “ဆိုး႐ြားလွတဲ့ေရႀကီးမႈေၾကာင့္ အသက္အိုးအိမ္စည္း စိမ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းေတြ ဆုံးရႈံးရတဲ့အတြက္ အထူးပဲစိတ္မေကာင္းျဖစ္မိပါတယ္။ ထိခိုက္ခံရသူေတြကို အျမန္ဆုံးကယ္ဆယ္ေရးအတြက္ ျပည္ေထာင္စုျပည္နယ္အစိုးရေတြနဲ႔ လက္တြဲေဆာင္႐ြက္ေနပါတယ္” လို႔ ၎က ဆိုပါတယ္။

ပါကစၥတန္ ေရေဘးကယ္ဆယ္ေရးအတြက္ ေဒၚလာ သန္း ၈၅ဝ ေထာက္ပံ့ဖို႔ ကုလသမဂၢအေထြေထြညီလာခံမွာ ရွရစ္ နဲ႔ ကမာၻ႔ဘဏ္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္က သေဘာတူခဲ့ပါတယ္။

Related news

© 2021. All rights reserved.